Wednesday, April 20, 2016

**************ည​ကျောင်းဇတ်​သိမ်း************
မှောင်​မဲ​နေ​သောည၏စိုးမိုးမှုကိုမခံနိုင်​​အောင်​​နေမင်း
ကြီး၏အလင်း​ရောင်​က​လောကကြီး​ပေါ်ထိုး​ဖောက်​ဝင်​​ရောက်​လာသည်​။မည်​သည်​ တို့မှတားဆီး၍မရ​အောင်​​နေ​ရောင်​ခြည်​မှာကျ​ရောက်​လာ​တော့သည်​။အ.ထ.က(၃)​ ကျောင်းမှာ​တော့ဆရာမဆရာမများအစည်းအ​ဝေးကိုအ​စောကြီးကျင်းပ​နေကြသည်​။
"​ကျောင်းမှာ​ကျောင်းသားတစ်​​​ယောက်​​သေဆုံးသွားတာအားလုံးသိပြီး​လောက်​ ပါပြီအဲဒီကိစ္စကကျွန်​​တော်​​တော်​တို့​ကျောင်းကိုအရုပ်​ဆိုး​စေတယ်​အဲဒီ​ ကျောင်းသားက​ဒေါ်ချိုချိုအတန်းက​နော်​"
"ဟုတ်​ပါတယ်​ဆရာကြီး​ကျွန်​မအခန်းကပါ"
"အဲဒါဘာ​ကြောင့်​ဖြစ်​တာလဲ​ဒေါ်ချိုချိုည​ကျောင်းက​နေအဲဒီ​ကျောင်းသားကမပြန်​ဘူးလား"
"ကျွန်​မတို့လည်းပြန်​သွားပြီမှတ်​​နေတာသူတို့ကအ​လောင်းအစား​ကြောင့်​အဲလိုဖြစ်​​သွားတာပါ"
"အဲကိစ္စကိုသိပြီးပြီ​နောက်​မဖြစ်​​အောင်​ဆရာမက​ကျောင်းသား​တွေကိုဂရုစိုက်​​စေချင်​တယ်​"
"ဟုတ်​ကဲ့ပါဆရာကြီးကျွန်​မတစ်​ခု​တောင်းဆိုလို့ရမလား"
"​ပြောပါ​ဒေါ်ချိုချို"
"ကျွန်​မတို့အ​ဆောင်​ကိုပရိတ်​ရွတ်​ချင်​တယ်​ဆရာကြီးစိတ်​ထဲမသန့်​လို့ပါ"
"ပရိတ်​ရွတ်​တာက​တော့မမှားပါဘူး​ကောင်းပါတယ်​လုပ်​ပါဆရာမ"
"ဟုတ်​ကဲ့ဆရာကြီးမနက်​ဖြန်​ပဲရွတ်​ဖြစ်​​အောင်​စီစဉ်​ပါ့မယ်​"
"အစစအရာရာဂရုစိုက်​ကြပါ​စည်းကမ်းကိုအထူးလိုက်​နာကြပါ"
"ဟုတ်​ကဲ့ပါဆရာကြီး"
သူတို့​တွေအစည်းအ​ဝေးပြီးသွားကြသည်​။ဒေါ်ချိုချိုတစ်​ခု​တွေးမိသည်​။ပရိတ်​ ရွတ်​ပွဲလုပ်​မည်​ဆိုလျှင်​ဝသုန်​ရှင်းသန့်​၏မိဘများမင်းသန့်​စင်​ ၏မိဘများ​ဆောင်းနှင်းသူ၏မိဘများကိုအ​ကြောင်းကြား၍လုပ်​လျှင်​ပို​ကောင်းမည်​ဟုသူမ​တွေးမိ၏။ကျောင်းအပြန်​လှည့်​ဝင်​မှဖြစ်​မယ်​​ပေါ့ဟု​တွေးလိုက် ​သည်​။သူ့အ​တွေးပင်​မဆုံးလိုက်​​ပေမင်းသန့်​စင်​၏အ​မေမှာ​ကျောင်းသို့​ ရောက်​လာသည်​။
"ဪ...မင်းသန့်​စင်​ရဲ့အ​မေပါလားလာအမလာ"
"ဟုတ်​ကဲ့ဆရာမအ​ရေးကြီးလို့"
"ဘာအ​ကြောင်းလဲအမ"
"ကျွန်​မကိုမ​နေ့က​လေသရဲဝင်​ပူးလို့"
"ဟင်​ဘယ်​လိုဖြစ်​တာလဲအမ"
"သရဲဝင်​ပူးပြီးကိုယ့်​သားကိုပြန်​ပြီးလည်​ပင်းဖစ်​မိတယ်​ဆရာမရယ်​"
"ဟယ်​...မင်းသန့်​စင်​ဘာဖြစ်​သွား​သေးလဲ"
"သူ့အ​ဖေအ​ရောက်​မြန်​လို့​ပေါ့သူ့အ​ဖေသာအ​ရောက်​​နှေးရင်​မ​တွေးဝင့်​စရာပဲဆရာမရယ်​"
"​တော်​​သေးတာ​ပေါ့အမရယ်​"
"သားက​တော့ခု​ပြောတယ်​ဆရာမဝင်​ပူးတာဝသုန်​ရှင်းသန့်​တယ့်​"
"ဟင်​"
"ဟုတ်​တယ်​ဆရာမကျွန်​မတစ်​ခုခုလုပ်​မှဖြစ်​မယ်​​တော်​​တော်​ဆိုး​နေပြီဆရာမ"
"အမကဘယ်​လိုလုပ်​ဖို့စီစဉ်​ထားလည်း"
"ပ​ရောဂဆရာနဲ့သားကိုလိပ်​ပြာချုပ်ပြီးအကာအကွယ်​ယူရမယ်​"
"ဖြစ်​ပမလားအမရယ်​ဒီမှာ​တော့ပရိတ်​ရွတ်​ဖို့စီစဉ်​ထားတယ်​"
"ကျွန်​မဝသုန်​ရှင်းသန့်​အ​မေနဲ့လည်း​တွေ့ချင်​တယ်​"
"အင်း​လေကျွန်​မတို့​တွေ့ကြတာ​ပေါ့"
အ.ထ.က(၃)​ကျောင်းမှာ​တော့​ကျောင်းသားများသည်​သရဲ​ချောက်​သည်​စသည်​ဖြင့်သတင်းကြီး​နေကြသည်​။ဆရာမ​တွေက​တော့ပရိတ်​ရွတ်​ဖို့ပြုလုပ်​​နေကြပြီဖြစ်​ သည်​။ထို့​ကြောင့်​​ကျောင်းတွင်​မနက်​အ​စောကြီးလာ၍အခန်းကိုသန့်​ရှင်း​ ရေးလုပ်​ကြသည်​။ထို​နေ့ကဘုရင့်​​နောင်​အသင်း၏တာဝန်​ပင်​ဖြစ်​သည်​။မနက်​အ​ စောကြီးလာသူများဆိုလို့မိန်းက​လေးနှစ်​​ယောက်​​ယောကျာ်း​လေးနှစ်​​ယောက်​ ပဲရှိသည်​။ယောကျာ်း​လေးနှစ်​​ယောက်​ကလည်း​ကျောင်း၏​အောက်​ထပ်​တွင်​ဆင်း၍အမှိုတ်​လှည်းကြသည်​။မိန်းက​လေးနှစ်​​ယောက်​ထဲသာအခန်းထဲတွင်​ကျန်​ ခဲ့၍သန့်​ရှင်း​ရေးလုပ်​​နေကြသည်​။ကောင်​မ​လေးနှစ်​​ယောက်​မှာသန့်​ရှင်း ​ရေးကိုသူတို့လုပ်​ကိုင်​​နေကြသည်​။တံမြတ်​စည်းလှည်းအပြီးတွင်​ဆရာမထိုင်​ ခုံမှပန်းအိုးကိုလဲမလို့ကြည့်​လိုက်​ချိန်​တွင်​...
"ဟင်​......"
သူတို့နှစ်​​ယောက်​စလုံးအံ့ဩသွားကြသည်​။သူတို့မနက်​ပမြင်​တာကဇီဇဝါပန်းခုမြင်​ရတာကနှင်းဆီပန်းနှစ်​ပွင့်​။
"ဟဲ့မနက်​ကအဲဒီပန်းမဟုတ်​ဘူး​နော်​"
"​အေး​လေဘာဖြစ်​တာလဲဟ"
"အမြင်​မှားတာ​နေမှာပါဟတကယ်​​တော့မဟုတ်​​လောက်​ပါဘူး"
"​အေးဟာပန်းလဲဖို့ပြန်​ယူလာခဲ့ဟာ"
သူပန်းအိုးကို​သေချာယူလိုက်​ကာခုံ​ပေါ်တင်​လိုက်​သည်​။
"ဟဲ့သွားမယ်​​လေ"
"​နေပါဦးဟငါပိုက်​ဆံယူလိုက်​ဦးမယ်​မုန့်​စားရ​အောင်​"
"​အေး​အေး"
သူတို့ပိုက်​ဆံယူပြီးပန်းအိုးယူရန်​ခုံသို့အကြည့်​တွင်​ပန်းအိုးမှာမရှိ​တော့မူလ​နေရာသို့်ပြန်​​ရောက်​သွားသည်​။
"ဟဲ့ငါ​သေချာထားထားတာနင်​မြင်​တယ်​​နော်​"
"ငါမြင်​တယ်​ဟ"
"ဟို....မှာကြည့်​လိုက်​ဦးဟ"
အသင်းတာဝန်​ကြဇယားဖြစ်​သည်​။ဘုရင့်​​နောင်​အသင်းမိန်းက​လေးအသင်း​ခေါင်း​ဆောင်​ကမဝသုန်​ရှင်းသန့်​။
"ဟဲ့လာဟာမြန်​မြန်​သွားရ​အောင်​"
ထိုစဉ်​​ကောင်းကင်​ပြင်​တစ်​ခုလုံးပိန်းပိန်း​မှောင်​သွားသည်​။မိုးချိန်းသံမှာလည်းဂျိန်းခနဲလျှပ်​စီးတစ်​ဝင်းဝင်းနှင့်​အ​ကြောင်းမဲ့သဲသဲမဲမဲရွာချလိုက်​သည်​။သူတို့လည်းေ
ပြးထွက်​လိုက်​သည်​။မိုးရွာသဖြင့်​​ကျောင်း​ပေါ်ပြန်​​ပြေးတက်​လာသည့်​​ကောင်​​လေးနှစ်​​ယောက်​နှင့်​ပြန်​​တွေ့သည်​။
"ဟဲ့အလန့်​တစ်​ကြားနဲ့ဘာဖြစ်​လာတာလဲဟ"
"ငါတို့သရဲ​ခြောက်​လို့ဟ"
"ဘယ်​မှာလဲဟသရဲက"
ပြော​ပြောဆိုဆို​သူတို့အခန်း​ရှေ့ကိုလှမ်းကြည့်​လိုက်​သည်​။တစ်​ကိုယ်​ လုံး​ရေ​တွေစိုရွှဲ​နေပြီးပန်း​ရောင်​ဝမ်းဆက်​​လေးနဲ့​ကောင်​မ​လေးကရပ်​​ နေသည်​။
"အား....သရဲ"
အော်​လိုက်​ပြီးသုံး​ယောက်​မှာထွက်​​ပြေးကြသည်​။တစ်​​ယောက်​မှာ​ကြောင်​​တောင်​​တောင်​နဲ့ရပ်​ကျန်​ခဲ့သည်ေ
ပြးဖို့သတိမရ​ပေ။ပန်း​ရောင်​ဝမ်းဆက်​နဲ့​ကောင်​မ​လေးမှာတဖြည်းဖြည်းနဲ့သူ့​ရှေ့ကိုလာရပ်​သည်​။ကျန်​ခဲ့​သော​ကောင်​မ​လေးရဲ့နာမည်​က​မေးစရာမလို​ ပေ​ဆောင်းနှင်းသူဖြစ်​သည်​။သူ့​ရှေ့မှာရပ်​​နေသူက​ဝသုန်​ရှင်းသန့်သူမဘာမှမ​ပြောနိုင်​​ပေနှုတ်​မှတစ်​ခုသာထွက်​လာသည်​။
"ငါ​တောင်းပန်​ပါတယ်​​နော်​ငါ့ကိုခွင့်​လွှတ်​ပါဟာဒါငါ့ရင်​ထဲကစကားအစစ်​အမှန်​ပါ"
"နင်​ငါ့ကိုသစ္စာ​ဖောက်​ခဲ့တာမဟုတ်​ဘူးလား"
"ဟုတ်​ပါတယ်​ဟာငါကမိန်းက​လေးတစ်​​ယောက်​ဆို​တော့သူ့အ​ပြောမှာငါငြိတွယ်​ သွားမိပါတယ်​နင့်​ကိုနစ်​နာ​စေချင်​တယ့်​စိတ်​မရှိပါဘူးဟာဒီအပြစ်​အတွက်​ ငါ့အသက်​ကိုနင်​ယူသွားပါ"
ဝသုန်​ရှင်းသန့်​သည်​​ဆောင်းနှင်းသူနားကိုကပ်​သွားလိုက်​သည်​​နောက်​ပြီး ​ဆောင်းနှင်းသူ၏ပါးပြင်​ကိုအနမ်းတစ်​ပွင့်​​ပေးလိုက်​သည်​။
"ငါနားလည်​ပါတယ်​ဟာဒါ​ပေမယ့်​ငါ့ကိုနင်​တစ်​ခုကူညီမှဖြစ်​မယ်​"
"​ပြောငါဘာကူညီ​ပေးရမလဲသူငယ်​ချင်း"
"နင့်​ခန္ဓာကိုယ်​ကိုငါ့ကိုခဏငှါးပါ​နော်​ငါတကယ်​လို​နေ
ပြီဟ​နော်​"
"နင်​ယူသွားပါဟာ"
"ငါနင့်​​ကျေးဇူးကိုမ​မေ့ပါဘူးဟာ"
သူတို့နှစ်​​ယောက်​တစ်​​ယောက်​လက်​ကိုတစ်​​ယောက်​​နွေး​ထွေးစွာကိုင်​လိုက်​ သည်​။ထို့​နောက်​​ဆောင်းနှင်းသူမှာရုတ်​တစ်​ရက်​​တောင့်​ခနဲဖြစ်​သွားသည်​ ​နောက်​ပြီးမိုးသည်း​နေသည့်​ကြားထဲမှတစ်​​နေရာရာကိုဦးတည်​သွား​နေသည်​ ။သူသွား​နေတာဝသုန်​ရှင်းသန့်​၏အိမ်​ကိုဦးတည်​သွား​နေသည်​။အိမ်​​ရှေ့သို့​ ရောက်​​သောအခါသူမ​အော်​​ခေါ်လိုက်​သည်​။
"အ​မေ့.........."
အထဲမှအိပ်​ရာထဲတွင်​မျက်​ရည်​စက်​လက်​နှင့်​သူ့အ​မေနှင့်​အိမ်​​ရှေ့ဧည့်ခန်းတွင်​သူ၏သမီး၏ဓာတ်​ပုံ​လေးများကိုကြည့်​​နေ​သောသူ့အ​ဖေ​မျှော်​လင့်ချက်​မျက်​နှာများနှင့်​ပြိုင်​တူပင်​အိမ်​​ရှေ့ကိုထွက်​လာခဲ့ကြသည်​။
"အ​မေ့အ​ဖေ...သမီးပါသူများခန္ဓာကိုယ်​နဲ့လာရတာပါသမီးအ​မေတို့ကို​တွေ့ချင်​​နေတာ"
"သမီး​လေးဝသုန်​...."
ဝသုန်​၏အ​မေမှာမိုးရွားကြီးထဲသို့​ပြေးထွက်​သွားသည်​။နောက်​ကလိုက်​လာတာသူ့အ​ဖေ။
"သမီးရယ်​အ​မေအမျှ​ဝေခဲ့တယ်​​လေသမီး"
"သမီးမရလိုက်​ဘူးအ​မေသမီးကလဲ့စား​ချေချင်​စိတ်​နဲ့အမျှမရခဲ့ဘူးအ​မေ"
"အ​မေ့သမီး​လေးရယ်​အဖြစ်​ဆိုးလှတယ်​ကွယ်​အ​မေဘယ်​လို​ဖြေရမလဲသမီး"
"အ​ဖေကြီးသမီးကိုသတိရလားဟင်​"
အ​ဖေဖြစ်​သူမှာ​ယောကျာ်းကြီးဖြစ်​​ပေမယ့်​လည်းတုန်​ရီ​သောအသံကြီးဖြင့်
"ရတာ​ပေါ့သမီးရယ်​အ​ဖေတစ်​ရက်​မှမ​မေ့ခဲ့ပါဘူးအ​ဖေငါ့သမီးကို​မျှော်​လင့်ထားခဲ့တာပါသမီးရယ်​အ​ဖေသမီးအ​မေထက်​မပို​ပေမယ့်​မ​လျော့ပါဘူးသမီးရယ်​"
"သမီးအ​ဖေနဲ့အ​မေကိုကန်​​တော့ခဲ့မယ်​​နော်​​ကျောင်းမှာဒီ​နေ့ပရိတ်​ရွတ်​ပွဲရှိတယ်​သမီးကိုအမျှ​ဝေ​ပေးပါ​နော်​"
"စိတ်​ချပါသမီးရယ်​အ​ဖေနဲ့အ​မေအမျှ​ဝေ​ပေးမယ်​​နော်
သမီး​နော်​"
သူတို့​တွေ​ပြော​နေစဉ်​​နောက်​မှ​ပြေးလာသူတစ်​ဦးအ
ဖြူအစိမ်းဝတ်​ဆုံနဲ့ဆရာမတစ်​ဦး​ဒေါ်ချိုချိုပင်​ဖြစ်​သည်
"သမီးဆရာမ​လေသမီးရယ်​သိ​သေးလားဟင်​"
"ဆရာမ..သမီးခဏခဏလာ​တွေ့ပါတယ်​ဆရာမရယ်​သမီးအမြဲသတိရပါတယ်​"
"သမီးရယ်​မမိုက်​နဲ့​နော်​ဆရာမတို့အမျှ​ဝေတာကိုသာဓု​ခေါ်​နော်​"
"ဟုတ်​ကဲ့ပါဆရာမသမီးကန်​​တော့ခဲ့ပါတယ်​​နော်​"
မိုး​တွေကတ​ဝေါ​ဝေါနဲ့သည်း​နေသည့်​မိုး​ရေထဲတွင်​သူတို့ကြ​သောမျက်​ရည်​ မှာမိုး​ရေများနှင့်​လုံး​ထွေး​နေ​တော့သည်​။ချစ်​ချင်း​မေတ္တာနဲ့သံ​ယောဇဉ်​ မှာသာမန်​လူတို့အဖို့အကြီးမားဆုံး​နှောင်​ကြိုးပင်​ဖြစ်​​ပေ​တော့သည်​။
~~~~~~~~~~~~~~~~~~~~~~~~~~~
မိုးရွာထဲတွင်​ကားတစ်​​စီးသည်​အ​လောတစ်​ကြီး​မောင်းနှင်​လာသည်​ကားထဲတွင်​မင်းသန့်​စင်​တို့သားအမိသုံး​ယောက်​ကား​မောင်းသူကသူ၏အ​ဖေ။
"​တောက်​....အ​ရေးကြီးပါတယ်​ဆိုမှမိုးကသည်းကွာ"
"မြန်​မြန်​သာ​မောင်းပါရှင်​သားကိုဟိုသရဲမထပ်​​နှောက်​မယှက်​ရဲ​အောင်​ပ​ရောဂဆရာဆီမြန်​မြန်​​ရောက်​မှဖြစ်​မယ်​"
"​အေးပါကွာ"
ထိုစဉ်​ဖုန်းမည်​သံထွက်​​ပေါ်လာသည်​။ဖုန်းနံပတ်​က09784111139မင်းသန့်​စင်​၏အ​မေမှာဖုန်းကိုကိုင်​လိုက်​သည်​။
"ဟဲလိုဘယ်​သူလဲမသိဘူး"
"ကျွန်​မဝသုန်​ရှင်းသန့်​ပါ"
"ဪ..သရဲမနင်​ဘာ​နှောက်​ဦးမလို့လဲ"
"​နောက်​ကိုသာအမြန်​လှည့်​ပြန်​လာခဲ့ပါကျွန်​မအားလုံးကိုခွင့်​လွှတ်​တယ်​"
"နင့်​မာယာ​တွေရိုး​နေပြီသရဲမရယ့်​ငါတို့နင့်​လိပ်​ပြာကိုချုပ်​ဖို့သွား​နေပြီ"
ထိုစဉ်​မင်းသန့်​စင်​၏အ​ဖေမှာကြားဖျက်​၍ဖုန်းကိုလုယူကာ​ပြောလိုက်​သည်​။
"သရဲမနင်​ကိုဖမ်းဖို့ငါတို့ပ​ရောဂဆရာဆီသွား​နေပြီ
ဟားဟားဟား..."
ထိုစဉ်​......
"ရှင့်​​ရှေ့မှာအမ​လေး......"
အရှိန်​မထိန်းနိုင်​၍အ​ရှေ့မှလာ​နေ​သောဆယ်​ဘီးကား
ကြီးကိုဝင်​တိုက်​လိုက်​ကာ......​သွေးသံရဲရဲနဲ့ဖုန်း​လေးက​တော့မီးပွင့်​​နေဆဲincoming callဆိုပြီး
09784111139ဆိုတယ့်​ဖုန်းနံပတ်​နဲ့လူ​တွေက​တော့​သွေးသံရဲရဲရုပ်​ပျက်​ဆင်းပျက်​​သေဆုံး​နေကြပြီဖြစ်​သည်​။အ.ထ.က(၃)​ကျောင်း​လေးမှာ​တော့ဘုန်းကြီး
များ၏ပရိတ်​ရွတ်​ဖက်​သံနှင့်​အတူငိုသံများ​နှောလျက်
"မဝသုန်​ရှင်းသန့်​နှင့်​တကွအားလုံးကြားကြားသမျှအမျှအမျှအမျှယူ​တော်​မူကြပါကုန်​​လော့သာဓု.......
သာဓု......သာဓု"
ထိုသို့အမျှ​ဝေသံကို​ကျောင်းအပြင်​မှတစ်​စုံတစ်​​ယောက်​ကသာဓုလိုက်​​ခေါ်​ နေသည်​။ပန်း​ရောင်​ဝမ်းဆက်​နှင့်​​ကောင်​မ​လေးသာဓု​ခေါ်ပြီး​ကျောင်းထဲကိုလက်​ပြ​နေသည့်​ပုံကိုလူသုံး​ယောင်​သာမြင်​ရသည်​။အဲလူ​တွေကမည်​သူ​ တွေဆိုသည်​မှာ.................။
ကြိုးစားပါဦးမည်​။တစ်​ဦး​ပေါ်တစ်​ဦး​မေတ္တာထားကာ​အေးချမ်းကြပါ​စေ။
**************ည​ကျောင်း(၇)****************
မင်းသန့်​စင်​မှာဘုရားခန်းထဲတွင်​အပြင်​မထွက်​ရဲပဲထိုင်​​နေသည်​။ဖုန်းကိုလည်းပါဝါပိတ်​ကာခပ်​​ဝေး​ဝေးတွင်​ထားလိုက်​သည်​။စိတ်​ထဲမှာလည်း​တောင်းပန်​ချင်​စိတ်​က
ဖြစ်​​နေသည်​။သူမှားခဲ့​တော့သူ့အပြစ်​ကလည်းကြီး​ပေါ့
ထိုစဉ်​ဘုရားခန်းတံခါးကိုတစ်​​ယောက်​​ယောက်​ကလာ​ခေါက်​သည်​။
"​ဒေါက်​....​ဒေါက်​.....​ဒေါက်​....."
အလိုလိုမှမလုံမလဲဖြစ်​​နေသူတစ်​​ယောက်ဖြစ်​သဖြင့်​ပိုမို၍​ကြောက်​လန့်​သွားသည်​။သူမရဲတစ်​ရဲနှင့်​.....
"ဘယ်​သူလဲ"
"​မေ​မေပါသား"
"ဪအ​မေလား"
သူသက်​ပြင်းချလိုက်​ကာအခန်းတံခါးကိုသွားဖွင့်​​ပေးလိုက်​သည်​။
"သားဘာလုပ်​​နေတာလဲဘုရားခန်းကကိုမထွက်​လို့လာကြည့်​တာ"
"သား​ကြောက်​တယ်​အ​မေဒီ​နေ့​ကျောင်းမှာဝသုန်​ရှင်းသန့်​ကဝင်​ပူးပြီးသားကိုသက်​မယ်​လို့​ပြောတယ်​"
"အမ​လေး..ဘုရား​ရေ​လောကကြီးဘာ​တွေဖြစ်​ကုန်​ပြီလဲမသိ​တော့ဘူး"
"အဲတာ​ကြောင့်​သား​ကြောက်​တယ်​​ပြောတာပါအ​မေ"
"လာသားမ​ကြောက်​နဲ့အ​မေတို့ရှိတယ်​အ​မေ့အခန်းထဲလာအိပ်​"
မင်းသန့်​စင်​လည်းသူ့အ​မေ၏​ခေါ်ရာ​နောက်​လို့လိုက်​လာခဲ့သည်​။
"အ​မေ...အ​ဖေကဘယ်​သွားလဲ"
သူ့အ​မေမှာဘာမှမ​ပြော​ချေဒီတိုင်းတိတ်​ဆိတ်​လို့သူလဲသူ့အ​မေမကြားလို့​ နေမှာပါဆိုပြီးသူ့ကို​နောက်​​ကျော​ပေးထိုင်​​နေ​သောသူ့အ​မေကိုသွားကိုင်​ ကာထပ်​​မေးလိုက်​သည်​။
"အ​မေ..အ​ဖေဘယ်​သွားလဲလို့"
ဆက်​ခနဲသူ့အ​မေကသူ့လက်​ကိုပြန်​ကိုင်​လိုက်​သည်​လက်​က​အေးတိ​အေးစက်​ကြီး​ နောက်​ပြီးသူ့ဘက်​ကိုလှည့်​လိုက်​​သောအခါမင်းသန့်​စင်​မှာ​အလွန်​ပင်​​ ကြောက်​လန့်​သွား၏။မျက်​ဖြူကြီးလန်​​နေ​သောသူ့အ​မေသူ့ကိုသူစိမ်းတစ်​​ယောက် ​လိုအပြုအမူနဲ့...
"ဟားဟားဟားငါ့ကိုမှတ်​မိ​သေးလား"
"နင်​မလာနဲ့ဝသုန်​ရှင်းသန့်​ငါ​တောင်းပန်​ပါတယ်​"
"​တောင်းပန်​တယ်​ဟုတ်​လားငါလဲနင့်​ကိုသက်​​တော့မှာ​တောင်းပန်​ပါတယ်​​နော်​ဟားဟားဟား"
သူ့အ​မေမှာလက်​နှစ်​ဖက်​ကို​ရှေ့ကိုတန်းလိုက်​ပြီးသူ၏လည်​ပင်းကိုဖစ်​လိုက်​သည်​။မင်းသန့်​စင်​မှာ​ကြောက်​အားလန့်​အားဖြင့်
"လွတ်​​နော်​မလုပ်​နဲ့လွတ်​...အား.....ကယ်​ပါဦး"
သူမ၏သန်​မာလှ​သောလက်​ကြီးက​အတင်းဖစ်​ထားသဖြင့်​သူလည်းရုံးမထွက်​နိုင်​​ အောင်​ဖြစ်​​နေသည်​။အသက်​ရူကလည်းအရမ်းကျပ်​လာသဖြင့်​လှုပ်​ပင်​မလှုပ်​နိုင် ​​တော့​ပေ။သူ၏အ​ဖေမှာအပြင်​သွားရာက​နေပြန်​လာ​သောအခါထိုမြင်​ကွင်း​ကြောင့်အတင်း​ပြေးဆွဲသည်​။
"မိန်းမဘာဖြစ်​​နေတာလဲလွတ်​လိုက်​အဲတာနင့်​သား​လေ"
သူ့အ​ဖေကလည်းအရမ်းဆွဲသူ့အ​မေကလည်းသတိပြန်​ဝင်​လာသည်​။
"ဟင်​ကျွန်​မဘာဖြစ်​​သွားတာလဲဟင်​"
"မင်းဘာဖြစ်​လဲမသိဘူးလားသားသား​ခေါ်လို့လည်းမရ​တော့ဘူး"
"သား​လေးဘာဖြစ်​သွားတာလဲမသိဘူးသား​လေးသားမင်းသန့်​စင်​သား"
မင်းသန့်​စင်​မှာအသက်​ရှုအရမ်းကြပ်​သွားသဖြင့်​သတိ​မေ့သွားသည်​။သူ့အ​မေမှာလည်းသူ့ကိုယ်​ကိုဘာဖြစ်​မှန်းမသိပဲဖြစ်​​နေသည်​။
~~~~~~~~~~~~~~~~~~~~~~~~~~~
လောကကြီး၏​ပြောင်းလဲမှုကံကြမ္မာမှာမြန်​ဆန်​လှ​ပေသည်​။ဝသုန်​ရှင်းသန့်​မှာ ​သေဆုံးသွား၏။နောက်​​ကျောင်းကက​လေးတစ်​​ယောက်​ဝသုန်​ရှင်းသန့်​သည်​တကယ်​ ပင်​မကျွတ်​မလွတ်​တာလားတိုက်​ဆိုက်​မှု​ကြောင့်​​ပေလားသို့​လောသို့​လောနှင့်​ဒေါ်ချိုချိုမှာစဉ်းစားခန်းဖွင့်​​နေသည်​။သူမသတိရသွားသည်​။
"ဟုတ်​သားပဲsd cardရှိ​သေးတာပဲငါဖွင့်​ကြည့်​မှ"
ဒေါ်ချိုချိုသည်​computer​ရှေ့တွင်​ထိုင်​လိုက်​ကာသူမcard readerနှင့်​တွဲ၍sd cardထဲကvideo
ဖိုင်​ကိုလိုက်​ရှာလိုက်​သည်​။သူမ​တွေ့သွား​သောအခါဖွင့်​ကြည့်​လိုက်​သည်​ ။ပထမ​တော့ဘာမှမထူးခြား​ပေvideoမှာပုံမှန်​ပင်​ဖြစ်​သည်​။သူတို့အ​ပေါ်တက်​၍​ ကော်​ရစ်​တာဆုံးခါနီးတွင်​ရပ်​လိုက်​ပြီး​အော်​၍ထွက်​​ပြေးကြသည်​ ။သူမအဲဒီအပိုင်းကိုslowလုပ်​၍ကြည့်​လိုက်​သည်​။
သူမပါးစပ်​အ​ဟောင်းသားနဲ့အံ့ဩသွားသည်​။အဖြူအရိပ်​ကြီးသူတို့​ ရှေ့မှာသူမvideoကိုရပ်​ထား၍ထိုအဖြူအရိပ်​ကြီးကိုzoomဆွဲကြည့်​လိုက်​​ သောအခါလူပုံသဏ္ဍန်​ဆံပင်​ပုံစံမှာဂုတ်​ဝဲ​လေးပါးစပ်​က​ယောင်​ထွက်​သွားသည်​။
"ဝသုန်​ရှင်းသန့်​"
သူမအစကက​လေး​တွေ​ပြော​နေကြတယ့်​သရဲ​ခြောက်​တာကိုမယုံ​ပေခုမှသူမလက်​​တွေ့ကြမှယုံ​တော့သည်​။
"ဝသုန်​ရယ်​နင်​မိုက်​လှပါလားလူ​တောင်​သက်​​နေပြီ​ပေါ့​နော်​သမီးရယ်​နင်​အစကအဲလိုမဟုတ်​ပါဘူးဘာဖြစ်​တာလဲ"
ဘေးနားမှသူမတင်​ထား​သော​ရေခွက်​မှာအ​ကြောင်းမဲ့
ကြကွဲသွားသည်​။သူမသတိထားမိလိုက်​သည်​။
"သမီးဝသုန်​ဆရာမနားမှာရှိ​နေတာလား"
တင်​ထား​သောစာအုပ်​ပါပြုတ်​ကျသွားသည်​။
"သမီးလုပ်​ရက်​​တွေမှား​နေတယ်​​နော်​သမီးဆရာမအမျှ​ဝေမယ်​​နော်​သမီးသာဓု​ခေါ်​နော်​"
ဒေါ်ချိုချိုထိုသို့​ပြောလိုက်​​သောအခါသူမ၏အခန်းတွင်​ပိတ်​ထား​ သောတံခါးမှာဝုန်းခနဲပွင့်​ထွက်​သွားသည်​။ဒေါ်ချိုချိုလည်းပွင့်​ထွက်​သွား ​သောတံခါး​ပေါက်​မှကြည့်​လိုက်​​သောအခါပန်း​ရောင်​ဝမ်းဆက်​နဲ့​ကောင်​မ​ လေးသူမကိုသူစိမ်းတစ်​​ယောက်​အကြည့်​နဲ့ကြည့်​လို့​နောက်​တစ်​ဖြည်းဖြည်း​ ပျောက်​ကွယ်​သွားသည်​။
"ဟူး....ဒုက္ခ​တွေ​ရောက်​​တော့မယ်​မနက်​ကြရင်​ပရိတ်​ရွတ်​ဖို့တိုင်​ပင်​မှ"
သူမလည်းဘုရားရှိခိုး၍ဝသုန်​ရှင်းသန့်​ကိုရည်​စူးကာအမျှ​ဝေလိုက်​သည်​ ။သူရသည်​မရသည်​​တော့မသိ​ပေရပါ​စေလို့သူမဆု​တောင်းမိသည်​။မဟူရာအလား​မှောင်​ မဲလှ​သောညကို​ကျော်​ဖျက်​ရ​ပေဦး​တော့မည်​။
အပိုင်း၈ဆက်​ရန်​.........
************ည​ကျောင်း(၆)****************
ညတွင်းချင်းပင်​လူနာတင်​ယာဉ်​သံများကျယ်​​လောင်​စွာ​ပေါ်ထွက် ​လာသည်​။အနီးအနားရှိလူများလည်းလှုပ်​လှုပ်​ရွရွဖြစ်​ပြီး​ကျောင်း၏​ရှေ့တွင် ​လူစုလူ​ဝေးများပင်​ဖြစ်​​နေသည်​။ကျောင်းမှဆရာမများလည်း​ကျောင်းသို့အ​ ပြေးလာရသည်​။တာဝန်​ကြရဲများသည်​လည်းမိမိတို့စစ်​​ဆေးရန်​ရှိတာများကိုလုပ်​ ကိုင်​​နေကြသည်​။
"​ကျောင်း​စောင့်​ကအ​လောင်းကိုအရင်​မြင်​ခဲ့တာ​နော်​"
"ဟုတ်​ကဲ့ပါဆရာကျွန်​​တော်​အသံကြားလို့သွားကြည့်​ခဲ့တာပါ"
"အနားမှာလူရိပ်​လူ​ယောင်​မြင်​မိ​သေးလား"
"ဘာလူမှ​တော့မမြင်​ခဲ့ရပါဘူးဒါ​ပေမယ့်​ဟို​လေ"
"ဘာဟိုလဲ​ပြော​လေ"
"သရဲ​တော့​တွေ့ရတယ်​ဆရာ"
"ခင်​ဗျား​ပြောတာအထူးအဆန်းပါလားကျုပ်​​တော့မယုံနိုင်​ဘူးဘယ်​လိုမြင်​ခဲ့တာလဲ​ပြောစမ်းပါဦး"
"ကျွန်​​တော်​အ​လောင်းကိုကြည့်​ပြီးအ​ပေါ်ကပြုတ်​ကျတာဆို​တော့အ​ပေါ်ကိုဓာတ်​ မီးနဲ့ထိုးကြည့်​လိုက်​တယ်​အဲမှာမျက်​နှာဖြူဖြူကြီးဗျာကြက်​သီး​တွေ​တောင်​ ထတယ်​ဗျာ"
"​အေး​လေခင်​ဗျား​ပြောတာမှတ်​ထားလိုက်​ပမယ်​"
ရဲများအကုန်​ကြည့်​ရှုစစ်​​ဆေးပြီး​သောအခါအ​လောင်းကိုသယ်​သွားကြသည်​ ။သူတို့အားလုံးမှာည​တော်​​တော်​​မှောင်​​နေသဖြင့်​​ဘေးမြက်​ပင်​များထဲတွင်​ ကြ​နေ​သောဖုန်းကိုမမြင်​လိုက်​ကြ​ချေ။
~~~~~~~~~~~~~~~~~~~~~~~~~~~~
နောက်​တစ်​​နေ့မနက်​တွင်​​ကျောင်းတွင်​ဆရာဆရာမများ​ကျောင်းသား​ကျောင်းသူများမှာ​ကြောက်​သူများကေ
ကြာက်​ကြတစ်​ချို့ကပြန်​​ပြောကြနှင့်​ရုတ်​ရုတ်​သဲသဲဖြစ်​​နေကြသည်​။
"ဟို​ကောင်​​တွေတကယ်​လုပ်​တာပဲကွငါတို့်​​ပြောတာမှမယုံတာကိုခု​တော့​ သေပြီသူ့​နောက်​လိုက်​​တွေက​တော့​ဆေးရုံ​ရောက်​တယ့်​​ကောင်​​ရောက်​ နဲ့သူတို့ဘာ​​တွေ့ခဲ့ရတာလဲမသိဘူး​နော်​"
"​အေးကွ​ကျောင်း​စောင့်​​ပြောတာ​တော့မျက်​နှာဖြူုဖြူ
ကြီးနဲ့​ဝသုန်​ရှင်းသန့်​ကို​တွေ့လိုက်​ရတယ်​တယ့်​"
"ဒါဆိုတစ်​ကယ်​သူမကျွတ်​​သေးဘူးကွခုဆိုအ​ဖော်​​တောင်​ရသွားပြီ​နော်​"
သူတို့လည်း​ပြောသာ​ပြောရသည်​​နောက်​​​ကျောကမလုံ​ပေ​သေရတယ့်​သူကသူတို့​ပ​ ရောဂလည်းပါသည်​။သူတို့​ပြော​နေတုန်းပင်​အတန်းပိုင်​ဆရာမက​ခေါ်သည်​ဟုလာ​ ပြော​သည်​။သူတို့လည်း​ကြောက်​​ကြောက်​နှင့်​သွားလိုက်​ကြသည်​။ ဒေါ်ချိုချို၏မျက်​နှာမှာအရင်​ကထက်​ခက်​ထန်​​နေသည်​ကို​တွေ့လိုက်​ရသည်​။
"မင်းတို့မှန်​မှန်​​ပြောကြ​နော်​မ​နေ့ကဘာအ​လောင်းအစားလုပ်​ကြလဲ"
"ဟို​လေဆရာမသားတို့မ​နေ့ကဒီအ​ဆောင်​ကိုညပိုင်းတစ်​ပတ်​ပတ်​ရဲရင်​တစ်​ဝိုင်းအဝစားဆိုပြီး​လောင်းခဲ့ပါတယ်​ဆရာမ"
"နင်​တို့​တော်​​တော်​မိုက်​တယ့်​​ကောင်​​တွေမနက်​ဖြန်​မိဘ​ခေါ်လာခဲ့ကြကြားလား"
"ဟုတ်​ကဲ့ဆရာမ"
"​နေပါဦးဒါနဲ့သူတို့သွားခဲ့တာကိုမင်းတို့ကိုဘာနဲ့သက်​​သေပြမှာလဲ"
"သူတို့ဖုန်းနဲ့videoရိုက်​ထားမယ်​လို့​ပြောပါတယ်​"
"​အေးငါသိပြီနင်​တို့သွားလို့ရပြီ"
ဒေါ်ချိုချိုမှာ​ကျောင်းသား​သေဆုံးခဲ့ရ​သော​နေရာကိုသွားကာတစ်​ ခုခုကိုအသဲအသန်​ရှာ​ဖွေ​နေသည်​။မြက်​ဖုတ်​တစ်​ခု၏​အောက်​တွင်​​ပေါ်​နေ​ သောအမဲ​ရောင်​အပိုင်းအစ​လေးသူမဆွဲယူလိုက်​သည်​ဖုန်းတစ်​လုံးမှန်​​တွေ​ တော့ကွဲလို့သူမဖုန်း၏​နောက်​ကိုအဖုံးခွာကာကြည့်​လိုက်​​တော့sd cardကို​တွေ့လိုက်​ရသည်​သူမထိုsd
cardကိုပဲယူကာဖုန်းကိုခပ်​​ဝေး​ဝေးသို့လွင့်​ပစ်​လိုက်​သည်​။sd cardကို​သေ​သေချာချာသိမ်းကာအမူအ
ရာမပျက်​အတန်းထဲသို့ဝင်​ကာပုံမှန်​အတိုင်းစာသင်​​နေသည်​။ဝသုန်​ရှင်းသန့်တို့အတန်းမှာတစ်​​ယောက်​​နေရာလွတ်​​နေသည်​။နောက်​တန်းကလူမှာကြပ်​​နေ​ သော်​လည်း​ရှေ့တန်းကိုမထိုင်​တာ​တွေ့ရသည်​။
"ဟဲ့​နောက်​က​ကောင်​မ​လေး​တွေကြပ်​​နေတာကို​ရှေ့ကိုလာထိုင်​​လေတစ်​​ယောက်​"
ဒေါ်ချိုချို​​ပြောလိုက်​သည်​။ကောင်​မ​လေးများမှာမရဲတစ်​ရဲဖြစ်​​နေသည်​။ဘယ်​သူမှမသွားရဲ​ပေ။
"ဟဲ့ငါ​ပြော​နေတယ်​​လေမသွားဘူးလား"
အစွန်​မှာထိုင်​​နေ​သော​ကောင်​မ​လေးမှာမရဲတစ်​ရဲနှင့်​သွားထိုင်​လိုက်​သည်​ ။ဘာမှ​တော့မဖြစ်​​​ပေ။ထိုစဉ်​ည​နေပိုင်းကို​ရောက်​လာသည်​။သွားထိုင်​​သော​ ကောင်​မ​လေးမှာစာ​ရေး​နေရင်းငြိမ်​သွားသည်​။
"ဒီအပိုင်းကို​သေချာကြည့်​ကြ​နော်​အ​ရေးကြီးတယ်​"
ဒေါ်ချိုချိုမှာ​နောက်​ကိုသတိမထားမိပဲ​ကျောက်​သင်​ပုန်းတွင်​စာကိုသာ​ရေး​နေသည်​။သူမ​နောက်​သို့လှည့်​အ
ကြည့်​တွင်​..
"ဟဲ့ဟို​ကောင်​မ​လေးဘာဖြစ်​​နေတာလဲ"
ဘာမှပြန်​မ​ပြော​ချေဆံပင်​​တွေမှာလည်း​ရှေ့ကိုကြ​နေသည်​။
"ငါ​မေး​နေတယ်​​လေ"
ဒေါ်ချိုချို​ပြောရင်းဆိုရင်း​ငုံ့​နေ​သော​ခေါင်းကိုဆွဲလှန်​လိုက်​သည်​။
"အ​မေ​လေး"
သူမကိုယ်​တိုင်​ပင်​လန့်​သွားသည်​။မျက်​ဖြူကြီးလန်​​နေသည်​။
"ဟားဟားဟားနင့်​ကိုငါသက်​မယ်​"
မင်းသန့်​စင်​ထိုင်​​နေ​သောဘက်​ကိုလက်​ညှိး​ငေါက်​​ငေါက်​ထိုးကာ​ပြောသည်​။
"သမီးဘာဖြစ်​တာလဲစိတ်​ထိန်း​လေ"
"နင့်​ကိုဒီညလာသက်​မယ်​သတိထား​နေဟားဟားဟား"
ထိုသို့​ပြောကာလဲကျသွားသည်​။မင်းသန့်​စင်​မှာအသက်​ရှုရန်​ပင်​​မေ့​ နေသလိုဖြစ်​​နေသည်​။ကောင်​မ​လေးမှာ​တော့သတိမရ​သေး၍ဆရာမများအလုပ်​ရှုပ်​ကုန် ​ကြသည်​။ခဏအကြာတွင်​ဒီ​နေ့ဆယ်​တန်းများည​ကျောင်းပိတ်​​ကြောင်းကို​​လော်​ စပီကာမှ​ကြေညာလိုက်​သည်​မင်းသန့်​စင်​တစ်​​ယောက်​လဲအိမ်​သို့တန်းပြန်​ကာ​ ဘုရားခန်းမှမထွက်​​တော့ပဲ​နေလိုက်​သည်​။သူလည်းစိတ်​ထဲတွင်​​နောက်​ ကျိကျိဖြစ်​​နေသဖြင့်​internetသုံးရန်​ဖုန်းကိုဖွင့်​လိုက်​သည်​ ပထမဆုံးစတက်​လာ​သောviber
massage
"Hi my dear"
ဖုန်းနံပါတ်​က09784111139ဖြစ်​သည်​။
"ဟင်​ငါလည်းမသိပါဘူးဘယ်​သူလဲမသိဘူး"
မင်းသန့်​စင်​သည်​viber content addလိုက်
သောအခါ​ပေါ်လာ​သောနာမည်​က
"ဝသုန်​ရှင်းသန့်​"
သူမျက်​လုံးပြူးသွားသည်​​နောက်​ထပ်​ဝင်​လာ​သောmassageက
"အချိန်​မရှိ​တော့ဘူးနင့်​အသက်​​ပေးရ​တော့မယ်​"
"အချိန်​​ကြလာပြီနင်​​သေရမယ်​"
မင်းသန့်​စင်​လည်းဖုန်းကိုပါဝါပိတ်​ကာ​ဇော​ချွေးများပျံ​မေ​တော့သည်​။
အပိုင်း၇ဆက်​ရန်​..........
***************ည​ကျောင်း(၅)**************
အ​ရှေ့အရပ်​ဆီမှ​နေမင်းကြီးသည်​​ရောင်​နီပျို့အန်​စပြုလာ​ ပေသည်​။ငှက်​က​လေးများ၏​တေးဆိုသံတို့သည်​​လောကကြီးကိုအလှတင်​​နေ​ပေသည်​ ။ပျားပိတုန်း​လေးများသည်​လည်းဟိုဟိုဒီဒီပျံဝဲကာဝတ်​ရည်​များကိုကူးလူးယှက် ​သန်းလျက်​ရှိ​ပေသည်​။ထိုသို့မင်္ဂလာရှိ​သောနံနက်​ခင်းတွင်​ရင်​ခွဲရုံ​ ရှေ့မှလူတစ်​စုအ​ဖြေတစ်​ခုခုကို​စောင့်​ဆိုင်း​နေကြသည်​။ဝသုန်​ရှင်းသန့်၏အသုဘအခန်းအနားပင်​ဖြစ်​သည်​။ဝသုန်​ရှင်းသန့်​၏အ​မေကိုသူ၏အ​ ဖေမှာတွဲထား၏။အ​တော်​ငိုထားသဖြင့်​ဖြူဖပ်​ဖြူ​ရော်​ဖြစ်​​နေသည်​။ရင်​ခွဲရုံ ​ရှေ့တွင်​​စောင့်​ဆိုင်း​နေကြသူများထဲတွင်​ဆရာမ​ဒေါ်ချိုချိုလည်းရှိ​ နေသည်​။လက်​ထဲတွင်​စာရွက်​တစ်​ရွက်​ကိုကိုင်​လို့အမိန့်​ပြန်​စာပင်​ဖြစ်​ သည်​။ရင်​ခွဲရုံ၏တံခါးဖွင့်​သံကိုကြားလိုက်​ရ​သောအခါလူအများမှာအားလုံးလှုပ်​ လူပ်​ရွရွဖြစ်​ကုန်​ကြသည်​။ငိုသံများလည်းထွက်​​ပေါ်လာသည်​။အ​​ခေါင်းကိုကား ​ပေါ်မတင်​ခင်​တွင်​​ဒေါ်ချိုချိုသည်​သူမ၏အမိန့်​ပြန်​စာကိုအ​ခေါင်း​ပေါ်တင်​ ​ပေးလိုက်​သည်​။ဝသုန်​ရှင်းသန့်​၏နာ​ရေးမှာသိပ်​စည်​ကားလှသည်​မဟုတ်​​ ပေ။အသုဘကားကအလယ်​ကသွားသည်​။ဆောင်းနှင်းသူ၏​ဆေးရုံအ​ဆောင်​​ရှေ့တွင်​ ကားမှာတုန့်​ခနဲရပ်​တန့်​သွားသည်​။
"ဟာဘာဖြစ်​တာလဲကားကလည်းကွာ"
အသုကပို့​သောသူများမှာခပ်​လန့်​လန့်​ဖြစ်​သွားသည်​။ကားမှာအ​ကြောင်းမဲ့ရပ်​ စရာမရှိ​ပေ။ကားသမားများလည်းဆင်း၍ကြည့်​ကြသည်​။ကားမှာဘာမှမဖြစ်​​သို့​သော် ​စက်​မှာလုံးဝနှိုးမရ​တော့​ပေ။
"​သေချာကြည့်​ပါဦးဟဘာဖြစ်​တာလဲကွာအသုဘရှင်​​တွေကိုအားနာဖို့​ကောင်းပြီကွ"
ကားမှာဘယ်​လိုနှိုးနှိုးမရ​ပေ။ထိုစဉ်​​ဆေးရုံအ​ဆောင်​အ​ပေါ်ထက်​မှ​အော်​သံတစ်​ ခုထွက်​လာသည်​။ကားမှာလည်းစက်​နိုးသွားသည်။ပုံမှန်​အတိုင်းဆက်​ပြီးထွက်​ ခွာလာခဲ့သည်​။လူအများသတိမထားမိသည်​ကစာရွက်
ဖြူ​လေးတစ်​ရွက်​မှာ​လေထဲမှာလွင့်​၍ကျကျန်​ခဲ့သည်​။
စာရွက်​က​လေးမှာ​လေလွင့်​၍လမ်း​ပေါ်သို့ပြန့်​ခနဲကြသွားသည်​။စာရွက်​က​လေးမှာ​ရေးထားတာကအမိန့်​ပြန်
ကြားခြင်းဆို​သောစာ​ကြောင်း​လေးဖြစ်​သည်​။
~~~~~~~~~~~~~~~~
ဆောင်းနှင်းသူတစ်​​ယောက်​လည်းဝသုန်​ရှင်းသန့်​၏​နှောက်​ယှက်​ခြင်းကိုခံ​နေရသဖြင့်​​ဆေးရုံတွင်​မ​နေရဲ​တော့သဖြင့်​​ဆေးရုံအမြန်​ဆင်း​ပြေး​ တော့သည်​။သူမ၏အ​မေမှာလည်းအ​နှောက်​အယှက်​ကင်း​အောင်​သိမ်​ဝင်​ ပုတီးကိုအမြဲလည်​ပင်းတွင်​ဆွဲထား​ပေးသဖြင့်​ခုရက်​ပိုင်းအ​နှောက်​အယှက်​ ကင်း​ဝေး​နေသည်​။သူမလည်းလူကြီး​တွေနားသာ​နေ​သည်​အပြင်​လည်းမထွက်​​ပေထို့ ​ကြောင့်​သူမအ​ဖေနှင့်​အ​မေသည်​​ကျောင်းပြန်​တက်​​စေသည်​။ဆောင်းနှင်းသူလည်းမငြင်းသာ၍​​ကျောင်းပြန်​တက်​ရသည်​။
အ.ထ.က(၃)​ကျောင်းက​လေးသည်​အရင်​လိုတည်​ငြိမ်​စွာပင်​ရှိကြသည်​။ဆောင်းနှင်းသူဆုံးတာဒီ​နေ့ရက်​လည်​​နေ့ပင်​ဖြစ်​သည်​။ကျောင်းမှာလည်းပရိတ်​​ တွေရွက်​အိမ်​မှာလည်းပရိတ်​ရွက်​ကာဝသုန်​ရှင်းသန့်​ကိုအမျှအတန်း​ပေး​ ဝေကြသည်​။သို့​သော်​...
"ဟဲ့​ကျောင်းမှာညပိုင်းဆို​ကျောင်းမှာသရဲ​ခြောက်​​တယ်​တယ့်​​ကျောင်း​စောင့်​ဦး​လေးကြီးက​ပြောတယ်​"
"ဟယ်​...ဟုတ်​လားဝသုန်​ရှင်းသန့်​နဲ့တူတယ်​​နော်​"
"​လျှောက်​မ​ပြောနဲ့​နော်​နင့်​ကိုလာ​ခြောက်​လိမ့်​မယ်​"
"အမ​လေးနင်​​နော်​"
ကျောင်းသား​တွေ၏ပါးစပ်​ဖျားတွင်​တကယ်​သရဲ​ခြောက်​သည်​ဟူ​ သောစကားများမှာပျံ့လွင့်​​နေသည်​​ဝသုန်​ရှင်းသန့်​မှာမကျွတ်​​မလွတ်​ဘဝနှင့်​ကျောင်းကိုလာ​နေ​ကြောင်းအစရှိသည်​များကို​ပြော၍မဆုံးနိုင်​​ ပေ။ထိုအရာများကိုမယုံ​သော​ကျောင်းသားတစ်​စုရှိကြသည်​။သူတို့အဖွဲ့နှင့်​တစ် ​ခြား​ကျောင်းသားအဖွဲ့များအငြင်းအခုန်
ဖြစ်​ကြသည်။
"​ဟေ့​ကောင်​​တွေမင်းတို့​ပြော​နေတာ​တွေဘာမှအဓိပ္ပါယ်​မရှိဘူးသရဲဆိုတာမရှိဘူးကွမယုံဘူးကွာ"
"မရှိဘူးလို့ဘယ်​သူ​ပြောနိုင်​မလဲကွ​ခြောက်​ခံရတယ့်​သူ​တွေအများကြီးကွ"
"မယုံဘူးကွသရဲ​ဘော​ကြောင်​တယ့်​အလုပ်​​တွေပါကွာ
ဟားဟားဟား...."
"မင်းကအဲ​လောက်​​တောင်​ဖြစ်​​နေတာမင်းသွားရဲလားညပိုင်းငါတို့အ​ဆောင်​ကိုပဲပတ်​ကွာ"
"ရတယ်​​လေမင်းတို့ဘာ​ကြေးလဲ​ပြော"
"မင်းပတ်​ခဲ့တာကိုvideoရိုက်​ထားအဲတာကိုငါတို့အဖွဲ့ကကြည့်​မယ်​မင်းတို့အဖွဲ့ပတ်​လို့ရရင်​ငါတို့မင်းတို့ကိုအဝတစ်​ဝိုင်း​ပေးမယ်​ဟုတ်​ ပြီလား"
"​အေးမင်း​ယောကျာ်းကတိ​နော်​"
"ကတိကွာ​ဟေ့​ကောင်​မင်းသာလုပ်​လိုက်​"
"​ကောင်းပြီ​လေဒီ​နေ့ည​ကျောင်းပြီးရင်​ငါတို့အိမ်​မပြန်​ပဲ
ငါတို့ပတ်​မယ်​"
သူတို့အ​လောင်းအစားကိုသ​ဘောတူလိုက်​ကြသည်​။
~~~~~~~~~~~~~~~~~~~~~~~~~~
အချိန်​ကားညကိုးနာရီခန့်​သိပ်​မိုးမချုပ်​​သော်​လည်းကျယ်​ဝန်းလှ​သော​ ကျောင်းဝန်းနှင့်​မီး​ရောင်​သိပ်​​သောအ​မှောင်​ထုကညသန်း​ခေါင်​ယံအလားမဲ​ မှောင်​​နေလှ​ပေသည်​။တစ်​ခါတစ်​ရံသစ်​ပင်​​ပေါ်မှဖျက်​ခနဲထပျံသွား​သောအ​ ကောင်​များကသရဲတစ်​​ကောင်​လို​ချောက်​လန့်​​နေသည်​။တစ်​ချက်​တစ်​ချက်​ မှတိုက်​ခက်​သွား​သော​လေ
များကဝိညာဉ်​တစ်​​ကောင်​​တိုး​ဝှေ့သွားသလိုခံစား​နေရသည်​။
"​ဟေ့​ကောင်​​တွေမ​ကြောက်​ကြနဲ့​နော်​ခဏ​လေးနဲ့တစ်​ဝိုင်းဖူလုံမှာ"
"​အေးပါကွာမြန်​မြန်​​တော့လုပ်​ကြမယ်​ကွာစိတ်​ထဲ​လေး​နေလို့ကွ"
"​အေးပါကွာမင်းကလဲ..ဖုန်း​ပေး​ဟေ့​ကောင်​"
"​အေး​ရော့"
ဖုန်းကင်​မရာကိုဖွင့်​လိုက်​သည်​ဖလက်​မီးကာအသင့်​ဖွင့်​ထားသည်​။သူတို့အ​ ဆောင်​၏​အောက်​ကိုစတင်​​လျှောက်​သွား​တော့သည်​။သူတို့​လျှောက်​​နေစဉ်​​ ရှေ့မှဝုန်းခနဲဖြတ်​​ပြေးသွားသလိုအရိပ်​ကြီးတစ်​ခု..
"ဟာ...​ဟေ့​ကောင်​ဘာကြီးလဲဟပြန်​ရ​အောင်​ကွာစိတ်​မသန့်​​တော့ဘူးကွာ"
"ဟာကွာအ​ကောင်​တစ်​​ကောင်​​နေမှာပါမင်းကလဲ"
သူတို့ရှေ့ကိုဆက်​​လျှောက်​ကြသည်​။အောက်​ထပ်​​ကော်​ရစ်​တာပြီး​သောအခါအ​ ပေါ်ထပ်​သို့တက်​လိုက်​သည်​​မှောင်​​နေသဖြင့်​​ရှေ့သို့ပင်​​ကောင်း​ကောင်းမမြင်​ရပဲ
ဖြစ်​​နေသည်​။ကော်​ရစ်​တာဆုံးခါနီး​ရှေ့သို့ဆက်​​လျှောက်​ရာတွင်​ရယ်​သံတစ်​ခုကြားလိုက်​ရသည်​။
"ဟား...ဟာ...ဟား..."
"ဟာဘာလဲဟ"
ဖုန်းဖလက်​မီးနှင့်​ထိုးကြည့်​ရာတွင်​ပန်း​ရောင်​ဝမ်းဆက်​နှင့်​သူတို့ကိုပြုံးပြ​နေ​သောမျက်​နှာကြီးဝသုန်​ရှင်းသန့်
"အား...သရဲ "
ငယ်​သံပါ​အောင်​​အော်​၍​ပြေးကြသည်​အလာကခဏလာ​သော​ကော်​ရစ်​တာကခု​တော်​​တော်​ ရှည်​သလိုခံစား​နေရသည်​။အ​နောက်​မှလည်းလိုက်​လာ​နေသည်​ရယ်​သံကြီးကဟိန်းလို့​ရှေ့တွင်​ဘာမှန်းမသိပဲအရှိန်​လွန်​ကာ​ကော်​ရစ်​တာအဆုံးမှ​အောက်​ သို့ကျသွား၏။ကျန်​နှစ်​​ယောင်​မှာ​ခြေဦးတည့်​ရာ​ပြေးကြသည်​။ကျောင်း​ စောင့်​မှာလည်းဝုန်းဝုန်းဒိုင်းဒိုင်းအသံများ​ကြောင့်​လာကြည့်​ရာ​ မြေပြင်​​ပေါ်တွင်​ပက်​လက်​အ​နေအထားနှင့်​​ကျောင်းသားတစ်​​ယောက်​အသက်​မရှိ​ တော့​ပေ​ဘေးနားမှာကင်​မရာမီးကအ​ဖွေးသားဝရံတာ​ပေါ်ကိုဓာတ်​မီးဖြင့်​ထိုး
ကြည့်​လိုက်​​သောအခါ​အောက်​သို့ကြည့်​​နေ​သောမျက်​နှာဖြူကြီးကို​တွေ့လိုက်​ရသည်​။
***************ည​ကျောင်း(၄)***************
မင်းသန့်​စင်​​တစ်​​ယောက်​စာကြည့်​စားပွဲ​ပေါ်တွင်​​မှောက်​၍​ နေသည်​။သူအထိတ်​တလန့်​နှင့်​ရှိ​နေသည်​သူကိုယ်​တိုင်​တကယ်​ဖြစ်​မှန်းမသိမဖြစ်​မှန်းမသိဖြစ်​​နေသည်​။သို့​သော်​​သေချာသည်​သူတကယ်​​တွေ့တာ​ အေးစက်​​သောလက်​နှစ်​ဖက်​၏အထိအ​တွေ့သူဘယ်​လိုမှ​မေ့မရ​ချေ။သူ့လည်​ပင်းကိုသူစမ်းကြည့်​သည်​။
"ငါဘာဖြစ်​သွားတာလဲသူတကယ်​လာတာလားမသိဘူး"
ကြောက်​စိတ်​ကအကြီးအကျယ်​​လွှမ်းမိုး​နေသည်​​နောက်​ဆုံး​ တော့သူစာထဲကိုပဲစိတ်​နှစ်​မယ်​ဆိုပြီးသူစာကြည့်​ရန်​ဆုံးဖြတ်​လိုက်​သည်​ ။စာကြည့်​​နေလို့နာရီဝက်​ပင်​မပြည့်​​သေးသူ၏​နောက်​စာအုပ်​စင်​မှစာအုပ်​တစ် ​အုပ်​ကသူ့အလိုလို​နေရင်းပြုတ်​ကျသည်​သူထိတ်​ခနဲလန့်​သွားသည်​။
"အင်းငါဆက်​​နေလို့မဖြစ်​​တော့ဘူးအ​မေတို့အခန်းထဲသွားအိပ်​မှဖြစ်​​တော့မယ်​"
သူ့အ​မေတို့အခန်း​ရှေ့​ရောက်​​သောအခါအခန်းတံခါးကို​ခေါက်​လိုက်​သည်​။
"အ​မေတံခါးဖွင့်​ပါဦး....အ​မေ"
သူ့အ​မေမှာအိပ်​ချင်​မူးတူးနှင့်​တံခါးကိုလာဖွင့်​​ပေးသည်
"သားဘာဖြစ်​လို့လဲ"
"သားအ​မေတို့နဲ့အိပ်​ချင်​လို့အ​မေ"
"ဟယ်​သား​ချွေး​တွေလဲရွှဲလို့ပါလားဘာဖြစ်​တာလဲသား"
"ဘာမှမဖြစ်​ပါဘူးအ​မေအိပ်​မက်​ဆိုး​တွေမက်​လို့ပါ"
"သားဘုရားမရှစ်​ခိုးဘူးနဲ့တူတယ်​လာလာသားလာအိပ်​"
သူ့ကို​ခေါ်သွား၏။မင်းသန့်​စင်​မှာလည်းအနည်းငယ်​စိတ်​​အေးသွားသည်​။အ​ဖေအ​မေတို့၏အရိပ်​သည်​​အေး
မြပါလားဟု​တွေးကာစိတ်​​အေးလက်​​အေးဖြင့်​အိပ်​​ပျော်​သွား၏။
"ကလင်​....ကလင်​....ကလင်​"
အိပ်​​ရှေ့ကလူ​ခေါ်ဘဲလ်​သံ​ကြောင့်​သူတို့မိသားစုလန့်​နိုးသွားကြသည်​။
"ဒီအချိန်​ကြီးဘယ်​သူလဲကွာ​အိပ်​​ရေးပျက်​လိုက်​တာ"
"အ​ရေးကြီးလို့လားမသိဘူးသွားဖွင့်​​ပေးလိုက်​ပါဦး"
မင်းသန့်​စင်​၏အ​ဖေသည်​တံခါးကိုမဖွင့်​ခင်​အိမ်​​ရှေ့ကိုတစ်​ချက်​လှမ်းကြည့်​လိုက်​သည်​။ပန်း​ရောင်​ဝမ်းဆက်​နှင့်​​ကောင်​မ​လေးသူတို့ဘက်​ ကိုလှည့်​ကြည့်​လို့စိတ်​ထဲမှာမသိုးမသန့်​ဖြစ်​သွားသည်​။
"ဘယ်​သူလဲဟ​ကောင်​မ​လေးတစ်​​ယောက်​ဒီအချိန်​ကြီး"
သူတံခါးကိုဖွင့်​​ပေးလိုက်​​သောအခါဘယ်​သူမှမရှိ​ပေ။
"ဟင်​ဘယ်​​ရောက်​သွားပါလိ​မ့်​ကွာ"
သူအိပ်​ချင်​မူးတူးဖြစ်​​နေသည်​ထင်​၍မျက်​လုံးကို​သေချာပွတ်​၍ကြည့်​သည်​မရှိ​တော့​ပေ။ထိုစဉ်
"ဘယ်​သူလဲအ​ဖေ"
"​ဟေ...ဘယ်​သူလဲမသိပါဘူးကွာခုမရှိ​တော့ဘူးကွ"
ပြော​ပြောဆိုဆိုနဲ့ပင်​သူတံခါးကို​သေချာပြန်​ပိတ်​လိုက်​သည်​မျက်​နှာအမူအရာမှာ​တော့သိပ်​မ​ကောင်း​ပေ။
"အ​ဖေဘယ်​သူလဲဗျ​သေချာ​ပြောပါဦး"
"​အေးငါလည်းထူးဆန်း​နေတာကွပန်း​ရောင်​ဝမ်းဆက်​နဲ့​ကောင်​မ​လေးကွငါသွားကြည့်​​တော့မ​တွေ့​တော့ဘူးကွ"
"ပန်း...ပန်း​ရောင်​ဝမ်းဆက်​နဲ့​ကောင်​မ​​လေးဟုတ်​လား"
မင်းသန့်​စင်​၏​ကြောက်​လန့်​​သောအမူအရာ​ကြောင့်​သူ၏အ​မေမှာပို၍စိတ်​ထဲတွင်​တစ်​မျိုးကြီးဖြစ်​သွားသည်​။
"ဟုတ်​တယ်​​လေကွာဘာဖြစ်​လဲ"
"အဲတာ​လေဝသုန်​ရှင်းသန့်​ဗျ"
"ဟာအဲတာဆိုဟိုတစ်​​နေ့ကကားတိုက်​လို့ဆုံးသွားနယ့်​​ကောင်​မ​လေး​ပေါ့"
"ဘုရားဘုရား"
သူတို့မိသားစုသုံး​ယောက်​အိပ်​ရာထဲမှာအ​တွေးကိုယ်​စီနှင့်​ပြန်​အိပ်​၍မရပဲဖြစ်​​နေ​တော့သည်​။
~~~~~~~~~~~~~~~~~~~~~~~~~~~~
ညအ​မှောင်​၏စိုးမိုးမှု​အောက်​တွင်​​ဆေးရုံ၏မီးအလင်း​ရောင်​မှာမထိုး​ဖောက်​ နိုင်​​အောင်​ပင်​ပိန်းပိန်း​မှောင်​​နေသည်​လမိုက်​ညလည်းဖြစ်​သဖြင့်ပိုဆိုးသည်​။ညဘက်​၏ပိုး​ကောင်​များ​အော်​သံသည်​ဆူညံလျက်​ရှိသည်​။ဆောင်းနှင်းသူမှာတစ်​​ရေးနိုးလာသည်​။သူမျက်​လုံးဖွင့်​ဖွင့်​ခြင်း
ဟိုတစ်​ခါကလိုဝသုန်​ရှင်းသန့်​၏မျက်​နှာကြီးမမြင်​ရသ
ဖြင့်​စိတ်​အနည်းငယ်​သက်​သာသွားသည်​။
"အ​မေ..အ​မေ"
သူမ​ခေါ်​သော်​လည်းသူ့အ​မေမှာမနိုး​ပေ။သူမ​ဆက်​မနိုးရန်​ဆုံးဖြတ်​လိုက်​သည်​။
"အင်းငါ့အ​မေလည်းပင်​ပန်း​နေရှာမှာအိပ်​ပါ​စေ​လေ"
ဆောင်းနှင်းသူသည်​သူ၏ကတင်​ခုတင်​​ဘေးခုံ​ပေါ်မှ​ရေပုလင်းကိုယူ၍ဖန်​ခွက်​ ထဲသို့ငှဲ့ကာ​သောက်​လိုက်​သည်​။သူမစိတ်​ထဲတွင်​နည်းနည်းစိမ့်​တိမ့်​တိမ့်ဖြစ်​​နေသည်​။
"​အေးလိုက်​တာပြတင်း​ပေါက်​ကြီးကပွင့်​​​နေတာပဲ"
သူမထကပြတင်း​ပေါက်​ကိုပိတ်​ရန်​အတွက်​တံခါးကိုဆွဲလိုက်​ပြီးအပြင်​ကိုအမှတ် ​မထင်​လှမ်းကြည့်​လိုက်​သည်​။ဝသုန်​ရှင်းသန့်​၏အ​လောင်းထားရာရင်​ ခွဲရုံနှင့်​ကက္ကိုပင်​အိုကြီးအဲဒီအနားတွင်​ရပ်​​နေ​သော​ကောင်​မ​လေးနစ်​​ ယောက်​သူတို့အ​ဆောင်​ရှိရာကို​လျှောက်​လာ​နေသည်​။
"ညဘက်​ကြီးဘယ်​သူလဲမသိဘူး​လျှောက်​သွား​နေပါလားလူနာ​စောင့်​လားမသိဘူး"
သူမကအ​ပေါ်ထပ်​ဖြစ်​သဖြင့်​​အောက်​ကိုဆက်​၍ကြည့်​​နေမိသည်​။ထို​ကောင်​မ​ လေးမှာတဖြည်းဖြည်းနဲ့သူ့​အောက်​ဖက်​သို့​ရောက်​လာသည်​။ထို​ကောင်​မ​ လေးမှာအေ
ပ်ါသို့​မော့ကြည့်​လိုက်​သည်​။ဆောင်းနှင်းသူမှာ
"အား......."
ငယ်​သံပါ​အောင်​​အော်​လိုက်​သည်​။သူမ၏အ​မေမှာလည်းလန့်​နိုးလာသည်​။
"သမီး​ဆောင်းနှင်းသူဘာဖြစ်​တာလဲ"
"​အောက်​မှာအ​မေဝသုန်​ရှင်းသန့်​ကို​တွေ့တယ်​အ​မေ"
ဆောင်းနှင်းသူ၏အ​မေမှာ​အောက်​သို့ကြည့်​လိုက်​သည်​ဘာမှမရှိ​ပေ။ဆောင်းနှင်းသူမှာ​တော့​ကြောက်​လွန်းသဖြင့်​တုန်​တုန်​ရီရီဖြင့်​ကို​နေရှာသည်​ ။ခဏအကြာဆရာဝန်​​ရောက်​လာပြီးအိပ်​​ဆေးထိုး​ပေးမှငြိမ်​ကြသွားသည်​။အစွဲအလမ်းနှင့်​ဝိညာဉ်​သည်​တကယ်​ရှိ​နေသည်​ပင်​ဖြစ်​သည်​။

************ည​ကျောင်း(၃)*************
ဆရာမ​ဒေါ်ချိုချိုသည်​မ​နေ့ကဖြစ်​ပျက်​သွား​ သောကိစ္စကိုမယုံနိုင်​​လောက်​​အောင်​ပင်​ဖြစ်​​နေသည်​ဆရာမများကလည်းသူ့ကို​ မေးမြန်းကြသည်​။မည်​သို့​ဖြေရမှန်းပင်​မသိ​ခြေ။
"ဟဲ့မချိုနင့်​အတန်းက​ကောင်​မ​လေးသနားပါတယ်​​နော်​သူကိုဂုဏ်​ထူး​တောင်​မှန်းထားတာဆိုသနားပါတယ်​​နော်​"
"ဟုတ်​တယ်​​နော်​မ​နေ့က​ဆောင်းနှင်းသူမူးလဲသွားတာဆိုဝသုန်​ရှင်းသန့်​ကိုမြင်​ပြီး​တော့​လေ"
ဒေါ်ချိုချိုမှာသူ၏တပည့်​အရင်းကိုမကျွတ်​မလွတ်​​သေးဘူးလို့​ပြောရ​ကောင်းလားဆိုပြီး​ဒေါသကထွက်​သွား၏
"အဲတာဘယ်​သူ​ပြောတာလည်းအမအဲလိုမဟုတ်​တာကိုမ​ပြောပါနဲ့"
"အဲလိုသ​ဘောမဟုတ်​ပါဘူးချိုချိုရယ်​အမ​တောင်းပန်​ပါတယ်​​နော်​"
ဒေါ်ချိုချိုမှာဘာမှပြန်​မ​ပြောနိုင်​​လောက်​​အောင်​​ဝေ့တက်​လာ​သောမျက်​ရည်​များကိုသာထိန်းထားရ၏။
ဆောင်းနှင်းသူ သူမမှာသူငယ်​ချင်းအ​ပေါ်သစ္စာ​ဖောက်​မိသလိုဖြစ်​သွားမိသည်​မ​နေ့ကသူမမြင်​ လိုက်​ရသည်​မှာဝသုန်​ရှင်းသန့်​အစစ်​​ပေသူမကိုယ်​ကိုလည်း​နောက်​​ကျောမလုံ ​ပေ။သူမကခု​ဆေးရုံ​ပေါ်မှာဖြစ်​သည်​။
မျက်​လုံးများမှာ​လေးလံလှ​သော်​လည်းအားယူပြီးဖွင့်
ကြည့်​လိုက်​သည်​။မျက်​နှာကြက်​ဖြူဖြူကြီးများနှင့်​လည်​ပတ်​​နေ​သောပတ်​ကာသူ့ကိုကြည့်​​နေ​သောမျက်​နှာ
ကြီးဝသုန်​၏မျက်​နှာကြီးဖြစ်​သည်​။
"အား................."
သူ​ကြောက်​လန့်​သွား၍​အော်​လိုက်​မိသည်​။ဘေးနားမှ​စောင့်​​နေ​သောသူမအ​ဖေနှင့်​အ​မေပင်​လန့်​သွား၏။
"ဘာဖြစ်​တာလဲသမီးရလာပြီလားဟင်​"
သူမဘာကိုမှမ​ပြောနိုင်​​ပေအရင်​ဆုံး​တောင်းမိတာကတစ်​ခုတည်းသာ
"အ​မေ..​ရေ...​ရေ​ပေးပါ"
"​အေးသမီး​ရော့ဖြည်းဖြည်း​သောက်​သမီး"
သူမအငမ်းမရ​ရေကို​သောက်​ပြီး​ဘေးတစ်​ဝိုက်​ကိုငဲ့ကြည့်​လိုက်​သည်​။ကိုယ်​မှာလည်း​ချွေး​တွေနဲ့​နောက်​​ကျောမလုံသလိုဖြစ်​​နေသည်​။
"သမီးဘာဖြစ်​​နေတာလဲဘာကိုရှာ​နေတာလဲဟင်​"
"ဟို...ဟို..ဝသုန်​ရှင်းသန့်​​လေသူ့ကို​တွေ့တယ်​အ​မေသမီးသူ့ကို​ကြောက်​တယ်​"
"ဝသုန်​ရှင်းသန့်​မရှိပါဘူးဘယ်​သူမှမရှိဘူးအ​ဖေနဲ့အ​မေပဲရှိပါတယ်​"
"မဟုတ်​ဘူးသူရှိတယ်​ရှိကိုရှိတယ်​"
"ဆရာဝန်​​ခေါ်​ပေးမယ်​​နော်​သမီး​နော်​"
ဆောင်းနှင်းသူမှာတစ်​ခုခုကိုအလွန်​အမင်း​ကြောက်​လန့်​​နေဟန်​တူသည်​။သိပ်​မကြာလိုက်​ပါဆရာဝန်​​ရောက်​လာသည်​။
"သမီး​ခေါင်းမူး​သေးလား"
"ဟင့်​အင်းမမူးဘူးဆရာသမီးသူ့ကို​တွေ့​နေရတယ်​"
"သမီးဆရာ့ကိုကြည့်​ဆရာ​ပြောမယ်​သမီးခု​နေမ​ကောင်း​သေးလို့​နော်​မြင်​ချင်​ရာမြင်​​နေတာ​နော်​ဆရာအိပ်​​ဆေးထိုး​ပေးမယ်​​နော်​"
ဆရာဝန်​မှာသူမကိုအိပ်​​ဆေးထိုး​ပေးလိုက်​သည်​သူမအိပ်​​ပျော်​သွားသည်​။
"ဆရာသူ့အ​ခြေအ​နေကို​ပြောပါဦးဆရာ"
"အင်းဒါမျိုးကဖြစ်​တက်​ပါတယ်​စိတ်​မပူပါနဲ့ကျွန်​​တော်​တို့အ​ကောင်းဆုံးကြိုးစား​နေပါတယ်​"
"ဟုတ်​ကဲ့ပါဆရာအားကိုးပါတယ်​​နော်​"
ဆရာဝန်​၏​နောက်​​ကြောကိုကြည့်​ရင်းသူမသမီးအတွက်​စိတ်​ပူ​နေသဖြင့်​ရနက်​မ​အေးနိုင်​ရှာ​ပေ။
ကျောင်းဆင်း​ခေါင်း​လောင်းသံမှာကျယ်​​လောင်​စွာထွက်​​ပေါ်လာသည်​ ။အ.ထ.က(၃)​ကျောင်းမှာည​နေ​ကျောင်းဆင်းချိန်​ဖြစ်​သည်​။ဆရာမ​ ဒေါ်ချိုချိုနှင့်​ဆုလဲ့​အောင်​တို့မှာ​ဆောင်းနှင်းသူ၏သတင်းကို​မေးရန်​​ ဆေးရုံထဲသို့​ရောက်​လာကြပြီဖြစ်​သည်​။ဆေးရုံအတွင်းလှုပ်​ရှားသွားလာ​ နေသူများဖြင့်​စည်​ကား​နေသလိုပင်​ဖြစ်​​နေသည်​။ဆောင်းနှင်းသူတို့၏အခန်းနားကို​ရောက်​လာသည်​​​ကော်​ရစ်​တာက​နေအ​ခန်းဘက်​သို့​လျှောက်​လာချိန်​ တွင်​​ဘေးမှပန်း​ရောင်​ဝမ်းဆက်​နှင့်​​ကောင်​မ​လေးတစ်​​ယောက်​​ ဒေါ်ချိုချိုကိုဝင်​တိုက်​သွား၏။သိပ်​အရမ်းကြီးတိုက်​တာမဟုတ်​သဖြင့်သူမမှာစိတ်​ထဲသိပ်​မထား​ပေ။သို့​သော်​အ​မွှေးနံ့တစ်​ခုကသူမအားသတိထားမိ​ စေသည်​။အိုဒီကလုန်း​ရေ​မွှေးနံ့ထို​ရေ​မွှေးသည်​ဝသုန်​ရှင်းသန့်​သုံး​နေကြ​ ရေ​မွှေးပင်​ဖြစ်​သည်​။သူမ​နောက်​ကိုမြန်​မြန်​လှည့်​ကြည့်​လိုက်​ချိန်​တွင် ​ပန်း​ရောင်​ဝမ်းဆက်​နှင့်​​ကောင်​မ​လေးမှာမရှိ​တော့​ပေ။
"စိတ်​ထင်​လို့​နေမှာပါဒီ​ရေ​မွှေးသုံးတယ့်​လူ​တွေရှိတာပဲငါကလည်း​နော်​"
သူမစိတ်​ထဲက​ရေရွတ်​မိသည်​။ဆောင်းနှင်းသူ၏အခန်း​ရှေ့ကို​ရောက်​ လာပြီဖြစ်​သည်​သူမတံခါးကို​ခေါက်​လိုက်​သည်​။အထဲမှ​ဆောင်းနှင်းသူ၏အ​ မေမှာတံခါးလာဖွင့်​​ပေး၏။ဒေါ်ချိုချိုမှာပြုံးပြလိုက်​သည်​။
"ဪ..ဆရာမတို့လာပါလာပါ"
ဆောင်းနှင်းသူ၏အ​မေမှာဝမ်းသာအားရပင်​ဆီးကြိုသည်​။ဒေါ်ချိုချိုလည်းအခန်းထဲသို့ဝင်​လိုက်​သည်​။
"က​လေးအ​ခြေအ​နေဘယ်​လို​နေလဲအမ"
"မ​ပြောချင်​ပါဘူးဆရာမရယ်​ခု​လေးတင်​အိပ်​​​ဆေးထိုးလိုက်​ရတယ်​သူ့နားကိုဝသုန်​ရှင်းသန့်​ဆိုလားပဲသူလာ​နေတယ်​ပဲ​ပြော​နေတယ်​ဆရာမရယ်​"
ဒေါ်ချိုချိုနှင့်​ဆုလဲ့​အောင်​တို့မှာတစ်​​ယောက်​ကိုတစ်​​ယောက်​ကြည့်​ရင်းအံ့​​အော​နေကြသည်​။
"ဘယ်​သူဆရာမသူမြင်​​နေရတယ်​ဆိုတာ"
""ဝသုန်​ရှင်းသန့်​​တယ့်​ဆရာမ""
သူတို့​ပြော​နေရင်းအမှတ်​မထင်​ပြတင်း​ပေါက်​မှတဆင့်
မြင်​လိုက်​​သောအရာကကက္ကိုပင်​အိုကြီး​အောက်​မှတိုက်​ခန်း​လေးအဲမှာဝသုန်​ ရှင်းသန့်​ရဲ့အ​လောင်းကရှိ​သေးသည်​။ထိုက္ကိုပင်​ဘက်​မှလာ​သော​လေကြမ်းတစ်​ ခုကတံခါးကိုဝုန်းခနဲ​စောင့်​ပိတ်​သွား​စေသည်​။
ဒေါ်ချိုချိုသည်​​ဆောင်းနှင်းသူ၏အ​မေကိုဝသုန်​ရှင်းသန့်​၏အ​ကြောင်းကိုအလုံးစုံ​ပြောပြလိုက်​၏။
"ဒါဆိုကျွန်​မသမီး​လေးကိုကလဲ့စား​ခြေမလို့​ပေါ့"
"အဲလို​တော့မ​ပြောပါနဲ့အမကျွန်​မတို့ကဗုဒ္ဓဘာသာ​တွေပါဘုရား​ဟောနဲ့ဆန့်​ကြင်​တာလား"
"ကျွန်​မက​တော့ဘုရားကိုလည်းယုံတယ်​ဝိညာဉ်​​တွေကိုလည်းယုံတယ်​"
သူတို့နှစ်​​ယောက်​စကား​ပြော​နေသည်​ကိုဆုလဲ့​အောင်​မှကြားဖျက်​၍​ပြောလိုက်​သည်​။
"အန်​တီဝသုန်​ရှင်းသန့်​ကစိတ်​​ကောင်းအရမ်းရှိတယ့်​သူပါသူများအ​ပေါ်နစ်​နာ​အောင်​သူတစ်​ခါမှမလုပ်​ခဲ့ပါဘူး"
"ဟုတ်​တယ်​အမကျွန်​မတပည့်​အ​ကြောင်းကိုကျွန်​မသိတယ်​သူကသိပ်​ဖြူစင်​တယ့်​မိန်းက​လေးပါ"
"အင်းကျွန်​မလည်းနားလည်​ပါတယ်​သူ့မိဘ​တွေရင်
ကျိုးရှာမှာ​နော်​"
"ဟုတ်​တာ​ပေါ့ခုထိအ​လောင်းပြန်​​တောင်​မသယ်​ရ​သေးဘူး​လေဒီ​ဆေးရုံမှာပဲ"
ဆောင်းနှင်းသူ၏အ​မေသည်​​စိုးရိမ်​မှုကပိုမိုမြင့်​တက်​သွား၏။
"ကဲအမစကား​ပြောလည်း​ကောင်း​နေလို့အချိန်​​တောင်​လင့်​​တော့မယ်​သွားခွင့်​ပြုဦး​နော်​"
"ဟုတ်​ကဲ့ပါဆရာမ"
ဒေါ်ချိုချိုလည်းခပ်​သုတ်​သုတ်​ပင်​ပြန်​၍ထွက်​လာခဲ့သည်​။ကော်​ရစ်​ တာကိုဖြတ်​အ​လျှောက်​ခုနအိုဒီကလုန်း​ရေ​မွှေးနံ့ကိုရလိုက်​သည်​ဒီတစ်​ခါ​ တော့​နောက်​ကိုလှည့်​အကြည့်​သူမနှင့်​ခပ်​လှမ်းလှမ်းတွက်​​ပန်း​ရောင်​ ဝမ်းဆက်​နှင့်​​ကောင်​မ​လေးရင်​ခွဲရုံဘက်​သို့ဦးတည်​သွား​နေသည်​ သူတို့နဲ့တဖြည်းဖြည်း​ဝေးပြီးရင်​ခွဲရုံနားအ​ရောက်​​ကောင်​မ​ လေးကသူတို့ကိုလှည့်​ကြည့်​​နေသည်​​သေချာပါသည်​ဝသုန်​ရှင်းသန့်​ဆရာမ​ ဒေါ်ချိုချိုလည်းစိတ်​ထဲမှ
"သမီး​လေး​ရေအမျှအမျှအမျှသမီးရယ်​ဆရာမတို့နဲ့ဘဝခြား​နေပြီ​လေသမီ​လေးရယ်​"
မျက်​ရည်​များက​ဝေ့တက်​လာသည်​ဆုလဲ့​အောင်​သတိ​ပေးကာမှသူမရိပ်​မိ​အောင်​​နေ၍အမူအရာကိုပြင်​လိုက်​သည်​။
"ဆရာမဘာကြည့်​​နေတာလဲသွားမယ်​​လေ"
"​အေး​အေးသမီး"
သူလမ်း​လျှောက်​ရင်း​နောက်​ကိုလှည့်​အကြည့်​​တွင်​​ပျောက်​ကွယ်​ သွားပြီဖြစ်​သည်​။အနီ​ရောင်​​တောက်​​နေ​သောည​နေဆည်းဆာတိမ်​အလှနဲ့အိပ်​တန်းဝင်​ငှက်​တို့ပျံ
သန်း​နေပုံကသူမကိုပိုမိုငိုချင်​လာ​အောင်​လှုံ့​ဇော်​​နေသလိုပင်​ဖြစ်​​နေသည်​။
<))<<<))<<<)<
မင်းသန့်​စင်​တစ်​​ယောက်​စိတ်​ထဲတွင်​တစ်​မျိုးကြီးဖြစ်​​နေသည်​စာလုပ်​ ရမှာသိပ်​စိတ်​မပါ​ပေ။သူ၏စိတ်​ထဲတွင်​ဘာမှအပြစ်​​ပြောစရာမရှိ​သောဝသုန်​ ကိုလမ်းခွဲမိတာကတစ်​မျိုးသူနဲ့လမ်းခွဲပြီးမိနစ်​ပိုင်းမှာတင်​မယုံနိုင်​ ​လောက်​​အောင်​ဝသုန်​​သေဆုံးသွား၏။ဝသုန်​သူ့ကိုမ​ကျေမနပ်​ဖြစ်​မှာအမှန်​ပင် ​ဖြစ်​သည်​။ညပိုင်းအစကစာကြည့်​ရတာသူ့အတွက်​ဘယ်​လိုမှမဖြစ်​​ပေခု​ တော့စာကြည့်​ရတာစိတ်​ထဲမသိုးမသန့်​ဖြစ်​​နေသည်​။ထိုစဉ်​အ​ပေါ်မှပျံငန်း​ အော်​ဟစ်​သွား​သောငှက်​ဆိုးထိုးသံ​ကြောင့်​​နောက်​​ကြောမလုံသလိုဖြစ်​လာသည်​ ။သို့​သော်​သူစိတ်​တင်းထား၍စာကိုအာရုံစိုက်​ကာကြည့်​​နေသည်​။သူ၏နားထဲတွင်​ ​ခြေသံတရှပ်​ရှပ်​ကြား​နေသည်​။
"ရှပ်​....ရှပ်​.....ရှပ်​...."
ညီးညူသံလိုလိုတစ်​ခုခုကိုအခဲမ​ကျေသလို​အော်​ဟစ်​သလိုငိုသံလိုလိုအသံကိုလည်းကြားလိုက်​သည်​။သူစာကိုပဲအာရုံစိုက်​သည်​မည်​သည်​ကိုမှမကြည့်​သို့​သော်​ သူ၏မျက်​နှာခြင်းဆိုင်​တံခါး​ပေါက်​အ​ပေါ်မှကျလာ​သော​ရေတစ်​စက်​ကသူ့စာအုပ်​ ​ပေါ်​ပေါက်​ခနဲ...
"ဟင်​"
သူအ​ပေါ်သို့​မော့ကြည့်​လိုက်​ချိန်​တွင်​ပြတင်း​ပေါက်​အ​ပေါ်​ဘောင်​မှ​ အောက်​သို့​စောက်​ထိုးအ​နေအထားနှင့်​ဂသုန်​ရှင်းသန့်​။သူအရမ်းလန့်​ကာခုန် ​ဖြင့်​​နောက်​ပြန်​လဲ
ကြသည်​ဝသုန်​ရှင်းသန့်​ကအ​ပေါ်မှာလက်​ရှည်​ရှည်​ကြီးနှစ်​ဖက်​ကိုဆန့်​တန်း၍နှုတ်​မှလဲအက်​ကွဲကွဲသံကြီးဖြင့်
"မင်းသန့်​စင်​နင်​​ပြေးမလွှတ်​ဘူးသစ္စာမရှိတယ့်​​ကောင်​နင့်​ကိုငါသက်​မယ်​"
"ဝသုန်​မဟုတ်​ဘူးငါ​ပြောပြမယ်​မဟုတ်​ဘူးမဟုတ်
ဘူး"
"ဟားဟားဟား....သက်​မယ်​မင်းသန့်​စင်​နင့်​ကို...
ဟားဟားဟား"
သူမ၏ရှည်​လျှား​သောလက်​ကြီးနှစ်​ဖက်​ဖြင့်​မင်းသန့်​စင်​၏လည်​ပင်းကိုညစ်​လိုက်​သည်​​အေးစက်​​သောအထိအ​တွေ့​ကြောင့်​လိပ်​ပြာလွင့်​မတက်​ဖြစ်​ ​နေရင်းအသက်​ကလည်းရှုမရပဲ​လောကကြီးနှင့်​အဆက်​အသွယ်​ပျက်​သွားသည်​။
*************ည​ကျောင်း(၂)***************
ထိုသို့မဖြစ်​ခင်​တစ်​ပတ်​ခန့်​အလို........
ကျောင်း၏နာမည်​ကြီးအ​ချောအလှဟုလည်းမမှားနိုင်​​ပေ။စာကလည်း​တော်​၏မိဘအသိုင်းအဝိုင်းကလည်း
ပြည့်​စုံသဖြင့်​ဘာမှ​ပြောစရာမလို​ပေသူ၏နာမည်​မှာဝသုန်​ရှင်းသန့်​ဖြစ်​သည် ​အတန်းထဲမှာစာကလည်း​တော်​သဖြင့်​ဆရာမ၏အ​ရေး​ပေးခြင်းခံရသည့်​အပြင်​​ ကောင်​​လေးများ၏အထူးအ​ရေး​ပေးခံရသူတစ်​​ယောက်​ဖြစ်​သည်​။သူနဲ့ချစ်​ကြိုက်​​ နေ​သော​ကောင်​​လေးတစ်​​ယောက်​ရှိသည်​။သူ့ကစာလည်းအသင့်​တင့်​​တော်​သည်​ သူ့နာမည်​မှာမင်းသန့်​စင်​ဖြစ်​သည်​။တစ်​​နေ့​ကျောင်းအပြန်​ဝသုန်​ တို့သူငယ်​ချင်းတစ်​သိုက်​​ပျော်​​ပျော်​ရွှင်​ပဲပြန်​လာ
ကြသည်​။ကျောင်းနှင့်​ခပ်​လှမ်းလှမ်းအ​ရောက်​တွင်
"ဟဲ့...ဝသုန်​ဟိုဘက်​က​ကောင်​မ​လေးတစ်​​ယောက်​နဲ့တွဲလာတာမင်းသန့်​စင်​မဟုတ်​လား"
"ဟင်​....ဟုတ်​တယ်​မင်းသန့်​စင်​မှမင်းသန့်​စင်​အစစ်​သူတစ်​ခြားတစ်​​ယောက်​နဲ့တွဲ​နေတာ​ပေါ့"
ဝသုန်​ရှင်းသန့်​မှာနှုတ်​ဆိတ်​​နေသည်​သူမ၏​အောက်​နှာခမ်းကိုကိုက်​လိုက်​ သည်​သူမ၏မျက်​နှာဖြူဖြူ​လေးမှာ​ဒေါသ​ကြောင့်​အနီ​ရောင်​အသွင်​​ပြောင်းသွား၏။
"​တောက်​​.....​တွေ့မယ်​"
ဝသုန်​ရှင်းသန့်​မှာ​သူ၏သူငယ်​ချင်းများကိုပင်​မ​စောင့်​ပဲ​ ပြေးသွား၏။သူမအိမ်​ထဲသို့ခပ်​သုတ်​သုတ်​ဝင်​လိုက်​သည်​။ကျောင်းလွယ်​အိတ်​ က​လေးကိုချပြီးသူမအခန်းထဲသို့​ပြေးဝင်​သွား၏။သူမငိုသည်​ဘာမှမစဉ်းစားနိုင် ​​တော့​ပေ။သူမ၏အ​မေ​နောက်​တွင်​​ရောက်​လာသည်​ကိုပင်​မသိ​ချေ။
"သမီး​လေးဝသုန်​ဘာဖြစ်​တာလဲသမီးငို​နေ​တာလား"
သူမဘာမှမ​ပြော​ချေ။သူ့အ​မေမှာနှဖူးကိုလက်​ဖြင့်​စမ်းလိုက်​သည်​...
"ကိုယ်​လည်းမပူပါဘူးသမီးဘာဖြစ်​လို့လဲဟင်​"
"ဘာမှမဖြစ်​ပါဘူးအ​မေသမီး​ခေါင်းကိုက်​လို့ပါ"
"​ဆေး​သောက်​ပြီးအိပ်​လိုက်​​နော်​​ကောင်းသွားမှာပါသမီး"
"ရတယ်​အ​မေသမီးသက်​သာပါတယ်​သမီးအပြင်​ခဏသွားဦးမယ်​​နော်​"
"သိပ်​မကြာ​စေနဲ့​နော်​သမီး"
"ဟုတ်​အ​မေ"
သူမစက်​ဘီး​လေးဆွဲကာထွက်​လာခဲ့သည်​။သူမစိတ်​ထဲမှ​တွေးလိုက်​သည်​...
"အင်းဒီအချိန်​ဆိုမင်းသန့်​စင်​ကျူရှင်​ပြန်​မှာသူ့ကို​တွေ့မှဖြစ်​မယ်​​တွေ့ကို​တွေ့ရမယ်​"
သူမ​စောင့်​​နေသည်​သိပ်​မကြာလိုက်​ပါမင်းသန့်​စင်​​ကောင်​မ​လေးတစ်​​ယောက်​နှင့်​ထွက်​လာသည်​။
"​တောက်​ထင်​တယ့်​အတိုင်းပဲ​တွေ့မယ်​"
မင်းသန့်​စင်​တို့မှာသူမကိုမြင်​ရသားနှင့်​ပင်​စက်​ဘီးကိုမရပ်​ပဲဆက်​နင်းသွား၏သူမလည်းစက်​ဘီးကိုနင်း၍လိုက်​သွား၏။
"ဟဲ့ဝသုန်​နင်​ဘာကိစ္စနဲ့လိုက်​တာလည်းနင်​မ​နှောက်​ယှက်​နဲ့"
"ဪ...နင်​က​ပြောပြီ​ပေါ့အသစ်​ရ​တော့ငါ့ကို​ပြောပြီ​ပေါ့"
"ဟုတ်​တယ်​ဝသုန်​နင်​​ပြောသလိုပဲခုငါနင့်​ကိုမချစ်​​တော့ဘူးငါသူ့ကိုပဲချစ်​တယ်​နင်​ဆက်​မလိုက်​နဲ့​တော့"
"ဘာ....ငါလိုက်​ချင်​လိုက်​မယ်​နင့်​အ​ကြောင်းပါလားနင့်​​ကောင်​မ​လေးကဘယ်​သူလဲမှတ်​တယ်​​​ဆောင်းနှင်းသူပဲချစ်​ကြပါဟာရပါတယ်​"
သူမစက်​ဘီးကိုအရှိန်​စက်​၍ဆက်​မလိုက်​​​တော့ပဲ​နေလိုက်​သည်​။မျက်​ရည်​များမှာလည်းစီးကြလာခဲ့သည်​။
သူမဘယ်​အချိန်​ထိပင်​​ကြောင်​၍ရပ်​​နေမိမှန်းမသိ​ပေသူမသူငယ်​ချင်းဆုလဲ့​အောင်​လာမှသတိထားမိ​တော့သည်​။
"ဟဲ့ဝသုန်​နင်​ဘာဖြစ်​​နေတာလဲဟ"
"ငါဘာမှမဖြစ်​ပါဘူးဟာ"
"ဪ..ဒါနဲ့နင်​သိလားမင်းသန့်​စင်​​လေငါတို့လမ်းထိပ်​ကအ​အေးဆိုင်​မှာဟို​ဆောင်းနှင်းသူနဲ့ထိုင်​​နေတယ်​ဟအဲတာဘာသ​ဘောလဲဟင်​"
"နင်​​ပြောတာတကယ်​လားလဲ့​တွေ့မယ်​အဲ​ကောင်​ကိုငါအဲလိုသစ္စာမရှိတယ့်​​ကောင်​​တွေကိုမုန်းတယ်​"
ဆုလဲ့​အောင်​ပင်​တားချိန်​မရလိုက်​ဝသုန်​ရှင်းသန့်​စက်​ဘီးနှင့်​လှည့်​အထွက်​ကားတစ်​စီးကအလာလုံးဝရပ်​တန့်​ချိန်​မရလိုက်​ပဲ....
"ကျီ............ဒုန်း......"
"ဝသုန်​.......သူငယ်​ချင်း"
အနားရှိလူများမှာလည်းဝိုင်းလာကြသည်​။
"ဟယ်​အသက်​ရှိ​သေးလားမသိဘူး​ဆေးရုံကား​ခေါ်ကြပါဟမြန်​မြန်​​လေး"
တစ်​​ယောက်​တစ်​​ပေါက်​နဲ့ဆူညံသွားကြသည်​။ဆုလဲ့​အောင်​မှာသူ၏သူငယ်​ချင်းကို​ပွေ့ထား၏။
"ဝသုန်​နင်​ဘာမှမဖြစ်​ဘူး​နော်​အားတင်းထား​နော်​​ဆေးရုံကားလာ​နေပြီ​နော်​အားတင်းထား​နော်​"
"ငါ....မင်း..မင်းသန့်​စင်​နဲ့သူ့​ကောင်​မကိုမ​ကျေနပ်​ဘူး....အ...ငါ..ငါ...ကလဲ့စား​ချေ.....အ"
သွေးများပါးစပ်​ထဲမှအန်​ထွက်​လာကာငြိမ်​ကြသွား၏။
"သူငယ်​ချင်းဝသုန်​....ဝသုန်​အဖြစ်​ဆိုးလှပါလားဟာ"
"ဟယ်​​ကောင်​မ​လေး​သေသွားပြီနဲ့တူတယ်​ငယ်​ငယ်​​ချော​ချော​လေးနဲ့သနားပါတယ်​"
ဝေဖန်​သံများစုပ်​သပ်​သံများကို​ကျော်​လွန်​၍လူနာတင်​ကားသံမှာ​ပေါ်​ပေါက်​ လာ၏။ဝသုန်​ရှင်းသန့်​၏အ​လောင်းကိုလာ၍သယ်​သွားကြ၏။ဒါ​ပေမယ့်လူအများသတိမထားမိသည်​မှာ​သွေးအလိမ်းလိမ်းကြားထဲမှအဖြူ​ရောင်​မျက်​ရည်​ တစ်​​ပေါက်​​ဝေ့ခနဲကြလာခြင်းပင်​ဖြစ်​သည်
သိပ်​မကြာပါမိုး​ပေါက်​များမှာလည်းသဲသဲမဲမဲရွာချလာသည်​ညိုမဲ​နေ​သော​ကောင်းကင်​ကြီးနှင့်​မိုး​ရေ​ပေါက်​တို့မှာဝမ်းနည်း​နေသည်​ကို​ဖော်​ပြသ​ လောကံဆိုးမိုး​မှောင်​ကြသည်​ကို​ဖော်​ညွှန်းသည်​​လော​တွေး၍မရနိုင်​​ပေ။
ထို​နေ့ည​နေအချိန်​အ.ထ.က(၃)​ကျောင်း​လေးမှဆယ်​တန်းည​ကျောင်းမှာလူအ​တော်​ အသင့်​ဆုံ​နေပြီဖြစ်​သည်​။ဆရာမ​ဒေါ်ချိုချိုတစ်​​ယောက်​စဉ်းစား​နေသည်​...
"ဒီ​နေ့ဟို​ကောင်​မ​လေးဝသုန်​​တော်​​တော်​​နောက်​ကျ​နေပါလားဘာများလုပ်​​နေလဲမသိဘူး​နေမ​ကောင်းဘူးလား"
ဆရာမ​ဒေါ်ချိုချိုနှင်​ဝသုန်​ရှင်းသန်​တို့မှာအလွန်​ပင်​ရင်းနှီးကြသည်​ စာကလည်း​တော်​သဖြင့်​ဆရာမအလိုလိုက်​ထားသူလည်းဖြစ်​သည်​။ဝသုန်​မှာ​ကျောင်းလာရင်​အမြဲတမ်းဆရာမဆီသို့သွားကာဆရာမကိုကူလုပ်​​ပေးရင်းဆရာမနှင့်အတူတူပင်​အခန်းထဲသို့ဝင်​​နေကြဖြစ်​သည်​။ဒေါ်ချိုချိုစိတ်​ထဲမှာ​တော့ထင့်​နေသည်​နား​နေခန်းထဲမှာလည်းသူတစ်​​ယောက်​သာရှိ​တော့သည်​သူခဏ​စောင့်​​ နေသည်​တံခါးဘက်​ကိုလှည့်​ထိုင်​လို့​ပေါ့..
ပန်း​ရောင်​ဝမ်းဆက်​က​လေးနဲ့ခပ်​သုတ်​သုတ်​​လျှောက်​လာ​သော​ကောင်​မ​ လေးတစ်​​ယောက်​​သေချာပါသည်​ဝသုန်​ရှင်းသန့်​...။မျက်​နှာကဖြူဖက်​ဖြူ​ရော်​ နဲ့တစ်​ကိုယ်​လုံးလဲ​ရေ​တွေရွှဲလို့
"သမီးဝသုန်​ဘာဖြစ်​လာတာလဲ​နေမ​ကောင်းဘူးလားမိုး​တွေလည်းစိုလို့...ဟင်​ ..အသား​တွေလည်း​အေးစက်​​နေပါလားဖြူဖက်​ဖြူ​ရော်​နဲ့သမီးဒီ​နေ့နားလိုက်​​ နော်​"
"ဟုတ်​ကဲ့ဆရာမ"
အသံကလည်းတစ်​မျိုးအက်​ကွဲကွဲရှတတဖြစ်​​နေသည်
"သမီးအသံလည်းမ​ကောင်းပါလားအရမ်း​နေမ​ကောင်းဖြစ်​​နေလားဆရာမတစ်​​ယောက်​​ယောက်​ကိုလိုက်​ပို့ခိုင်းရမလား"
"ရတယ်​ဆရာမသမီးအ​ဖော်​ပါတယ်​ပြန်​​တော့မယ်​​နော်​"
"​အေးသမီးဂရုစိုက်​​နော်​"
ဒေါ်ချိုချိုသည်​ဝသုန်​ရှင်းသန့်​၏​နောက်​​ကြောကိုကြည့်​ရင်းထူး​ တော့ထူးပါတယ်​ဟု​ကောက်​ချက်​ချလိုက်​သည်​။သူမလည်းအချိန်​ဆွဲမ​နေ​ တော့ပဲအတန်းထဲသို့ဝင်​လိုက်​သည်​။ရုတ်​တရက်​​ဝေါခနဲရွာချလာ​လေမိုးကသဲသဲမည်းမည်းဆိုင်းမဆင့်​ဘုံမဆင့်​ပဲရွာချလိုက်​သည်
"ဪ...မိုးကလည်း​ကောင်​မ​လေး​တော့မိုးထပ်​မိပြန်​ပြီ"
သူမအတန်းထဲသို့ဝင်​လိုက်​​သောအခါပထမဆုံးသတိထားမိသည်​ကဝသုန်​ရှင်းသန့်၏အတန်းပင်​ဖြစ်​သည်​ဝသုန်​ရှင်းသန့်​ပင်​မဟုတ်​ဆုလဲ့​အောင်​ပါမလာ​ချေ။
"မင်္ဂလာပါဆရာမ.."
"​အေးကွယ်​မင်္ဂလာပါ..ဒါနဲ့ဆုလဲ့​အောင်​ဘာဖြစ်​တာလဲဒီ​နေ့မလာဘူးလားဝသုန်​က​တော့​နေမ​ကောင်းလို့ခုန​လေးတင်​ဆရာမပြန်​လွှတ်​လိုက်​တယ်​"
"ဆုလဲ့​အောင်​​နေ​ကောင်းပါတယ်​ဆရာမသား​တောင်
မြင်​လိုက်​​သေးတယ်​ဆရာမ"
"​အေး​အေးအ​ကြောင်းရှိလို့​နေမယ်​​အေး​အေးမ​နေ့ကဘယ်​​ရောက်​သွားပြီလဲ"
မင်းသန့်​စင်​၏​ဖြေရှင်းချက်​ကိုဆရာမ​ဒေါ်ချိုချိုမှာစာနဲ့အ​ကြောင်းပြကာ​ ကျောက်​သင်​ဘုန်းတွင်​စာ​ရေးမလို့လုပ်​​နေစဉ်​အခန်း​ရှေ့မှ​ခေါ်သံနှင့်အတူဆုလဲ့​အောင်​မျက်​နှာလည်းပျက်​​နေသည်​ငိုထားဟန်​တူသည်​။
"ဆရာမ...."
"ဟင်​...သမီးဘာဖြစ်​လာတာလဲ​ပြော​လေ"
သူမငိုရင်း​ပြောလိုက်​သည်
"ဆရာမဝသုန်​ရယ်​ကားတိုက်​လို့ဆုံးပြီဆရာမည​နေ၅နာရီခွဲ​လောက်​က"
ဒေါ်ချိုချို၏မျက်​နှာမှာအလွန်​အံ့​အောသွားပုံ​ပေါ်​နေသည်​အတန်းထဲရှိလူများမှာလည်း​တော်​​တော်​အံ့​အောတုန်​လှုပ်​​နေသည်​အထူးသဖြင့်​မင်းသန့်​စင်​နှင့်​​ဆောင်းနှင်းသူတို့ပင်​ဖြစ်​သည်​။
"သမီးရယ်​ဟုတ်​လို့လားခုန​လေးမှဆရာမနဲ့​တွေ့​သေးတယ်​​လေသမီးရယ့်​"
"သမီးလက်​ထဲမှာသူဆုံးသွားတာဆရာမခုသူ့အ​လောင်း​တောင်​ရင်​ခွဲရုံမှာအိမ်​​တောင်​မသယ်​ရ​သေးဘူးဆရာမ"
ဆရာမ​ဒေါ်ချိုချိုဘာ​ပြောရမှန်းပင်​မသိ​ပေအတန်းထဲရှိလူများမှာလည်းတစ်​​ယောက်​တစ်​​ပေါက်​နဲ့ဆူညံ​နေကြသည်​။
"ဒါဆိုခုမဆရာမဆီလာတယ့်​​ဝသုန်​က......"
ထိုစဉ်​ဖျက်​ခနဲပျက်​သွား​သောလျှပ်​စစ်​မီးနှင့်​အားခနဲ​အော်​သံ​မီးဖျက် ​ခနဲပြန်​လာ​သောအခါရိပ်​ခနဲအရိပ်​တစ်​ခုနဲ့ပုံလျက်​သားလဲကျ​နေ​သော​ဆောင်းနှင်းသူကို​တွေ့လိုက်​ရသည်​။ကျောင်းအပြင်​ဘက်​မှ​ကျောင်းထဲသို့လှမ်းကြည့်​​နေ​သောပန်း​ရောင်​ဝတ်​ဝမ်းဆက်​နဲ့​ကောင်​မ​လေးကိုမြင်​လိုက်​ရသည် ​။