Wednesday, April 20, 2016

***************ည​ကျောင်း(၄)***************
မင်းသန့်​စင်​​တစ်​​ယောက်​စာကြည့်​စားပွဲ​ပေါ်တွင်​​မှောက်​၍​ နေသည်​။သူအထိတ်​တလန့်​နှင့်​ရှိ​နေသည်​သူကိုယ်​တိုင်​တကယ်​ဖြစ်​မှန်းမသိမဖြစ်​မှန်းမသိဖြစ်​​နေသည်​။သို့​သော်​​သေချာသည်​သူတကယ်​​တွေ့တာ​ အေးစက်​​သောလက်​နှစ်​ဖက်​၏အထိအ​တွေ့သူဘယ်​လိုမှ​မေ့မရ​ချေ။သူ့လည်​ပင်းကိုသူစမ်းကြည့်​သည်​။
"ငါဘာဖြစ်​သွားတာလဲသူတကယ်​လာတာလားမသိဘူး"
ကြောက်​စိတ်​ကအကြီးအကျယ်​​လွှမ်းမိုး​နေသည်​​နောက်​ဆုံး​ တော့သူစာထဲကိုပဲစိတ်​နှစ်​မယ်​ဆိုပြီးသူစာကြည့်​ရန်​ဆုံးဖြတ်​လိုက်​သည်​ ။စာကြည့်​​နေလို့နာရီဝက်​ပင်​မပြည့်​​သေးသူ၏​နောက်​စာအုပ်​စင်​မှစာအုပ်​တစ် ​အုပ်​ကသူ့အလိုလို​နေရင်းပြုတ်​ကျသည်​သူထိတ်​ခနဲလန့်​သွားသည်​။
"အင်းငါဆက်​​နေလို့မဖြစ်​​တော့ဘူးအ​မေတို့အခန်းထဲသွားအိပ်​မှဖြစ်​​တော့မယ်​"
သူ့အ​မေတို့အခန်း​ရှေ့​ရောက်​​သောအခါအခန်းတံခါးကို​ခေါက်​လိုက်​သည်​။
"အ​မေတံခါးဖွင့်​ပါဦး....အ​မေ"
သူ့အ​မေမှာအိပ်​ချင်​မူးတူးနှင့်​တံခါးကိုလာဖွင့်​​ပေးသည်
"သားဘာဖြစ်​လို့လဲ"
"သားအ​မေတို့နဲ့အိပ်​ချင်​လို့အ​မေ"
"ဟယ်​သား​ချွေး​တွေလဲရွှဲလို့ပါလားဘာဖြစ်​တာလဲသား"
"ဘာမှမဖြစ်​ပါဘူးအ​မေအိပ်​မက်​ဆိုး​တွေမက်​လို့ပါ"
"သားဘုရားမရှစ်​ခိုးဘူးနဲ့တူတယ်​လာလာသားလာအိပ်​"
သူ့ကို​ခေါ်သွား၏။မင်းသန့်​စင်​မှာလည်းအနည်းငယ်​စိတ်​​အေးသွားသည်​။အ​ဖေအ​မေတို့၏အရိပ်​သည်​​အေး
မြပါလားဟု​တွေးကာစိတ်​​အေးလက်​​အေးဖြင့်​အိပ်​​ပျော်​သွား၏။
"ကလင်​....ကလင်​....ကလင်​"
အိပ်​​ရှေ့ကလူ​ခေါ်ဘဲလ်​သံ​ကြောင့်​သူတို့မိသားစုလန့်​နိုးသွားကြသည်​။
"ဒီအချိန်​ကြီးဘယ်​သူလဲကွာ​အိပ်​​ရေးပျက်​လိုက်​တာ"
"အ​ရေးကြီးလို့လားမသိဘူးသွားဖွင့်​​ပေးလိုက်​ပါဦး"
မင်းသန့်​စင်​၏အ​ဖေသည်​တံခါးကိုမဖွင့်​ခင်​အိမ်​​ရှေ့ကိုတစ်​ချက်​လှမ်းကြည့်​လိုက်​သည်​။ပန်း​ရောင်​ဝမ်းဆက်​နှင့်​​ကောင်​မ​လေးသူတို့ဘက်​ ကိုလှည့်​ကြည့်​လို့စိတ်​ထဲမှာမသိုးမသန့်​ဖြစ်​သွားသည်​။
"ဘယ်​သူလဲဟ​ကောင်​မ​လေးတစ်​​ယောက်​ဒီအချိန်​ကြီး"
သူတံခါးကိုဖွင့်​​ပေးလိုက်​​သောအခါဘယ်​သူမှမရှိ​ပေ။
"ဟင်​ဘယ်​​ရောက်​သွားပါလိ​မ့်​ကွာ"
သူအိပ်​ချင်​မူးတူးဖြစ်​​နေသည်​ထင်​၍မျက်​လုံးကို​သေချာပွတ်​၍ကြည့်​သည်​မရှိ​တော့​ပေ။ထိုစဉ်
"ဘယ်​သူလဲအ​ဖေ"
"​ဟေ...ဘယ်​သူလဲမသိပါဘူးကွာခုမရှိ​တော့ဘူးကွ"
ပြော​ပြောဆိုဆိုနဲ့ပင်​သူတံခါးကို​သေချာပြန်​ပိတ်​လိုက်​သည်​မျက်​နှာအမူအရာမှာ​တော့သိပ်​မ​ကောင်း​ပေ။
"အ​ဖေဘယ်​သူလဲဗျ​သေချာ​ပြောပါဦး"
"​အေးငါလည်းထူးဆန်း​နေတာကွပန်း​ရောင်​ဝမ်းဆက်​နဲ့​ကောင်​မ​လေးကွငါသွားကြည့်​​တော့မ​တွေ့​တော့ဘူးကွ"
"ပန်း...ပန်း​ရောင်​ဝမ်းဆက်​နဲ့​ကောင်​မ​​လေးဟုတ်​လား"
မင်းသန့်​စင်​၏​ကြောက်​လန့်​​သောအမူအရာ​ကြောင့်​သူ၏အ​မေမှာပို၍စိတ်​ထဲတွင်​တစ်​မျိုးကြီးဖြစ်​သွားသည်​။
"ဟုတ်​တယ်​​လေကွာဘာဖြစ်​လဲ"
"အဲတာ​လေဝသုန်​ရှင်းသန့်​ဗျ"
"ဟာအဲတာဆိုဟိုတစ်​​နေ့ကကားတိုက်​လို့ဆုံးသွားနယ့်​​ကောင်​မ​လေး​ပေါ့"
"ဘုရားဘုရား"
သူတို့မိသားစုသုံး​ယောက်​အိပ်​ရာထဲမှာအ​တွေးကိုယ်​စီနှင့်​ပြန်​အိပ်​၍မရပဲဖြစ်​​နေ​တော့သည်​။
~~~~~~~~~~~~~~~~~~~~~~~~~~~~
ညအ​မှောင်​၏စိုးမိုးမှု​အောက်​တွင်​​ဆေးရုံ၏မီးအလင်း​ရောင်​မှာမထိုး​ဖောက်​ နိုင်​​အောင်​ပင်​ပိန်းပိန်း​မှောင်​​နေသည်​လမိုက်​ညလည်းဖြစ်​သဖြင့်ပိုဆိုးသည်​။ညဘက်​၏ပိုး​ကောင်​များ​အော်​သံသည်​ဆူညံလျက်​ရှိသည်​။ဆောင်းနှင်းသူမှာတစ်​​ရေးနိုးလာသည်​။သူမျက်​လုံးဖွင့်​ဖွင့်​ခြင်း
ဟိုတစ်​ခါကလိုဝသုန်​ရှင်းသန့်​၏မျက်​နှာကြီးမမြင်​ရသ
ဖြင့်​စိတ်​အနည်းငယ်​သက်​သာသွားသည်​။
"အ​မေ..အ​မေ"
သူမ​ခေါ်​သော်​လည်းသူ့အ​မေမှာမနိုး​ပေ။သူမ​ဆက်​မနိုးရန်​ဆုံးဖြတ်​လိုက်​သည်​။
"အင်းငါ့အ​မေလည်းပင်​ပန်း​နေရှာမှာအိပ်​ပါ​စေ​လေ"
ဆောင်းနှင်းသူသည်​သူ၏ကတင်​ခုတင်​​ဘေးခုံ​ပေါ်မှ​ရေပုလင်းကိုယူ၍ဖန်​ခွက်​ ထဲသို့ငှဲ့ကာ​သောက်​လိုက်​သည်​။သူမစိတ်​ထဲတွင်​နည်းနည်းစိမ့်​တိမ့်​တိမ့်ဖြစ်​​နေသည်​။
"​အေးလိုက်​တာပြတင်း​ပေါက်​ကြီးကပွင့်​​​နေတာပဲ"
သူမထကပြတင်း​ပေါက်​ကိုပိတ်​ရန်​အတွက်​တံခါးကိုဆွဲလိုက်​ပြီးအပြင်​ကိုအမှတ် ​မထင်​လှမ်းကြည့်​လိုက်​သည်​။ဝသုန်​ရှင်းသန့်​၏အ​လောင်းထားရာရင်​ ခွဲရုံနှင့်​ကက္ကိုပင်​အိုကြီးအဲဒီအနားတွင်​ရပ်​​နေ​သော​ကောင်​မ​လေးနစ်​​ ယောက်​သူတို့အ​ဆောင်​ရှိရာကို​လျှောက်​လာ​နေသည်​။
"ညဘက်​ကြီးဘယ်​သူလဲမသိဘူး​လျှောက်​သွား​နေပါလားလူနာ​စောင့်​လားမသိဘူး"
သူမကအ​ပေါ်ထပ်​ဖြစ်​သဖြင့်​​အောက်​ကိုဆက်​၍ကြည့်​​နေမိသည်​။ထို​ကောင်​မ​ လေးမှာတဖြည်းဖြည်းနဲ့သူ့​အောက်​ဖက်​သို့​ရောက်​လာသည်​။ထို​ကောင်​မ​ လေးမှာအေ
ပ်ါသို့​မော့ကြည့်​လိုက်​သည်​။ဆောင်းနှင်းသူမှာ
"အား......."
ငယ်​သံပါ​အောင်​​အော်​လိုက်​သည်​။သူမ၏အ​မေမှာလည်းလန့်​နိုးလာသည်​။
"သမီး​ဆောင်းနှင်းသူဘာဖြစ်​တာလဲ"
"​အောက်​မှာအ​မေဝသုန်​ရှင်းသန့်​ကို​တွေ့တယ်​အ​မေ"
ဆောင်းနှင်းသူ၏အ​မေမှာ​အောက်​သို့ကြည့်​လိုက်​သည်​ဘာမှမရှိ​ပေ။ဆောင်းနှင်းသူမှာ​တော့​ကြောက်​လွန်းသဖြင့်​တုန်​တုန်​ရီရီဖြင့်​ကို​နေရှာသည်​ ။ခဏအကြာဆရာဝန်​​ရောက်​လာပြီးအိပ်​​ဆေးထိုး​ပေးမှငြိမ်​ကြသွားသည်​။အစွဲအလမ်းနှင့်​ဝိညာဉ်​သည်​တကယ်​ရှိ​နေသည်​ပင်​ဖြစ်​သည်​။

No comments:

Post a Comment