Wednesday, April 20, 2016

**************ည​ကျောင်း(၁)**************
အုံ့မှိုင်းလာ​သောတိမ်​တိုက်​ကြီးသည်​တအိအိနှင့်​မည်​သည်​ကိုသွားမည်​မှန်းမသိဘဲအုံ့မှိုင်းလာ​တော့သည်​မိုးဖွဲ​လေးများမိုးစက်​​လေးများမှတဆင့်​တဖြည်းဖြည်းသဲ
ကြီးမဲကြီးရွာလာ​ပေသည်​။
အ.ထ.က(၃)........​ကျောင်း​လေးသည်​အုံ့မှိုင်း​နေ​သောအ​ရောင်​ကိုသူတို့​ ကျောင်း၏လျှပ်​စစ်​မီးမှာအန်​မနိုင်​ပဲရှိ​နေသည်​။လျှပ်​စီးတစ်​ဝင်းဝင်းကြားထဲတွင်​ဆရာမ၏မျက်​နှာမှာတစ်​ခုခုကိုစိုးရိမ်​​နေသလိုရှိသည်​ညပိုင်းအပိုချိန်​ကို၁၀တန်း​ကျောင်းသား​ကျောင်းသူများသာတက်​ရသဖြင့်​တစ်​​ ကျောင်းလုံးတွင်​သူတို့အ​ဆောင်​သာလူရှိ၏ဆရာမက၇​ယောက်​သာရှိ၏။ဝုန်းဟူ​ သောလျှပ်​စီးလက်​သံနှင့်​အတူ​ကျောင်းသူတစ်​ချို့မှာလန့်​၍​အော်​ကြသည်​။ ကျောင်းသူ​လေးတစ်​​ယောက်​သည်​မိုးရွာ​နေ​သောပြတင်း​ပေါက်​မှအပြင်​ကိုလှမ်းကြည့်​လိုက်​သည်​။သူမ၏အမည်​မှာဆုလဲ့​အောင်​ဖြစ်​သည်​။သူမပြတင်း​ပေါက်​ မှဘာရယ်​​တော့မဟုတ်​ပဲအမှတ်​မထင်​လှမ်း
ကြည့်​လိုက်​သည်​။မှုန်​ဝါးဝါးနှင့်​​ကျောင်းအ​ဆောင်​၏​ဘေး​ရေတမာပင်​​အောက် ​တွင်​​ကောင်​မ​လေးတစ်​​ယောက်​ရပ်​​နေသည်​။ပန်း​ရောင်​ဝမ်းဆက်​နဲ့​ကောင်​ မ​လေးနစ်​​ယောက်​သူတို့ဘက်​ကိုကြည့်​​နေသည်​။
"ဟင်​ဘယ်​သူပါလိမ့်​ဒီ​လောက်​မိုးရွာကြီးထဲမှာရပ်​​နေတာ"
သူမစိတ်​ထဲမှ​ရေရွတ်​လိုက်​ကာပြတင်း​ပေါက်​မှန်​ကိုလက်​ဖြင့်​​သေချာသုပ်​ ၍ကြည့်​လိုက်​သည်​မ​တွေ့ရ​တော့​ချေသူမ​သေချာကြည့်​​နေသည်​အမှတ်​မထင်​သူကြည့်​နေ​သောပြတင်း​ပေါက်​မှန်​​ရှေ့တွင်​မျက်​နှာကြီး​ပေါ်လာသည်​ ။သူမစူးစူးဝါးဝါးနှင့်​ထ​အော်​လိုက်​သည်​။
"""အား........"""
အလိုလို​ကြောက်​စိတ်​ဖြင့်​​နေ​နေသူများဖြစ်​သဖြင့်​အကုန်​လုံးမှာ​ကြောက်​ ပြီးသူမဘက်​ကိုကြည့်​လိုက်​ကြသည်​။သူမမှာကြောက်​လွန်းသဖြင့်အသားများပါတဆက်​ဆက်​တုန်​​နေသည်​။
"ဟဲ့သမီးဘာဖြစ်​တာလဲ"
အတန်းပိုင်​ဆရာမ​ဒေါ်ချိုချို​ပြောလိုက်​သည်
"သမီး​လေဟိုဟိုဝသုန်​ရှင်းသန့်​ကို​တွေ့လိုက်​တယ်​ဆရာမ"
ဆရာမ​ဒေါ်ချိုချို၏မျက်​နှာမှာဟန်​မ​ဆောင်​နိုင်​​အောင်​ပင်​ပျက်​သွား၏။အတန်း​ဖော်​များမှာလည်းတစ်​ခုခုကိုအထိတ်​တလန့်​ရှိ​နေသည်​။
"သမီးဘယ်​သူဘယ်​သူကို​တွေ့လိုက်​တာဆရာမကို​သေချာ​ပြောပြသမီး"
"ဝသုန်​....​လေ ဆရာမ ဝသုန်​ရှင်းသန့်​​လေ"
"ဘာသမီးဝသုန်​ရှင်းသန့်​ဟုတ်​လားသူက​သေပြီ​လေသမီးရဲ့သမီးအမြင်​မှားတာလား"
"မဟုတ်​ဘူးဆရာမ​သေချာတယ်​သမီး​သေချာကိုမြင်​လိုက်​တာ"
"ဟင်​........"
ထိုအချိန်​တွင်​မိုးချုန်းသံဝုန်းခနဲကြားလိုက်​ရသည်​လန့်​​နေ​သော​ကျောင်းသား​ကျောင်းသူများမှာ​အော်​လိုက်
ကြသည်​။ဆရာမ​ဒေါ်ချိုချိုအမှတ်​မထင်​​ဝေ့ကြည့်​လိုက်​​သောအခါသူတို့စာသင်​​ ဆောင်​​ရှေ့တွင်​ရပ်​​နေ​သောပန်း​ရောင်​ဝမ်းဆက်​နှင့်​​ကောင်​မ​လေးတစ်​ ကိုယ်​လုံးလဲ​ရေ​တွေစိုရွှဲလို့​သေချာပါသည်​။
"ဟင်​.....ဝသုန်​ရှင်းသန့်​"
သူမပါးစပ်​မှ​ယောင်​၍ထွက်​သွားသည်​။

No comments:

Post a Comment