Wednesday, April 20, 2016

**************ည​ကျောင်းဇတ်​သိမ်း************
မှောင်​မဲ​နေ​သောည၏စိုးမိုးမှုကိုမခံနိုင်​​အောင်​​နေမင်း
ကြီး၏အလင်း​ရောင်​က​လောကကြီး​ပေါ်ထိုး​ဖောက်​ဝင်​​ရောက်​လာသည်​။မည်​သည်​ တို့မှတားဆီး၍မရ​အောင်​​နေ​ရောင်​ခြည်​မှာကျ​ရောက်​လာ​တော့သည်​။အ.ထ.က(၃)​ ကျောင်းမှာ​တော့ဆရာမဆရာမများအစည်းအ​ဝေးကိုအ​စောကြီးကျင်းပ​နေကြသည်​။
"​ကျောင်းမှာ​ကျောင်းသားတစ်​​​ယောက်​​သေဆုံးသွားတာအားလုံးသိပြီး​လောက်​ ပါပြီအဲဒီကိစ္စကကျွန်​​တော်​​တော်​တို့​ကျောင်းကိုအရုပ်​ဆိုး​စေတယ်​အဲဒီ​ ကျောင်းသားက​ဒေါ်ချိုချိုအတန်းက​နော်​"
"ဟုတ်​ပါတယ်​ဆရာကြီး​ကျွန်​မအခန်းကပါ"
"အဲဒါဘာ​ကြောင့်​ဖြစ်​တာလဲ​ဒေါ်ချိုချိုည​ကျောင်းက​နေအဲဒီ​ကျောင်းသားကမပြန်​ဘူးလား"
"ကျွန်​မတို့လည်းပြန်​သွားပြီမှတ်​​နေတာသူတို့ကအ​လောင်းအစား​ကြောင့်​အဲလိုဖြစ်​​သွားတာပါ"
"အဲကိစ္စကိုသိပြီးပြီ​နောက်​မဖြစ်​​အောင်​ဆရာမက​ကျောင်းသား​တွေကိုဂရုစိုက်​​စေချင်​တယ်​"
"ဟုတ်​ကဲ့ပါဆရာကြီးကျွန်​မတစ်​ခု​တောင်းဆိုလို့ရမလား"
"​ပြောပါ​ဒေါ်ချိုချို"
"ကျွန်​မတို့အ​ဆောင်​ကိုပရိတ်​ရွတ်​ချင်​တယ်​ဆရာကြီးစိတ်​ထဲမသန့်​လို့ပါ"
"ပရိတ်​ရွတ်​တာက​တော့မမှားပါဘူး​ကောင်းပါတယ်​လုပ်​ပါဆရာမ"
"ဟုတ်​ကဲ့ဆရာကြီးမနက်​ဖြန်​ပဲရွတ်​ဖြစ်​​အောင်​စီစဉ်​ပါ့မယ်​"
"အစစအရာရာဂရုစိုက်​ကြပါ​စည်းကမ်းကိုအထူးလိုက်​နာကြပါ"
"ဟုတ်​ကဲ့ပါဆရာကြီး"
သူတို့​တွေအစည်းအ​ဝေးပြီးသွားကြသည်​။ဒေါ်ချိုချိုတစ်​ခု​တွေးမိသည်​။ပရိတ်​ ရွတ်​ပွဲလုပ်​မည်​ဆိုလျှင်​ဝသုန်​ရှင်းသန့်​၏မိဘများမင်းသန့်​စင်​ ၏မိဘများ​ဆောင်းနှင်းသူ၏မိဘများကိုအ​ကြောင်းကြား၍လုပ်​လျှင်​ပို​ကောင်းမည်​ဟုသူမ​တွေးမိ၏။ကျောင်းအပြန်​လှည့်​ဝင်​မှဖြစ်​မယ်​​ပေါ့ဟု​တွေးလိုက် ​သည်​။သူ့အ​တွေးပင်​မဆုံးလိုက်​​ပေမင်းသန့်​စင်​၏အ​မေမှာ​ကျောင်းသို့​ ရောက်​လာသည်​။
"ဪ...မင်းသန့်​စင်​ရဲ့အ​မေပါလားလာအမလာ"
"ဟုတ်​ကဲ့ဆရာမအ​ရေးကြီးလို့"
"ဘာအ​ကြောင်းလဲအမ"
"ကျွန်​မကိုမ​နေ့က​လေသရဲဝင်​ပူးလို့"
"ဟင်​ဘယ်​လိုဖြစ်​တာလဲအမ"
"သရဲဝင်​ပူးပြီးကိုယ့်​သားကိုပြန်​ပြီးလည်​ပင်းဖစ်​မိတယ်​ဆရာမရယ်​"
"ဟယ်​...မင်းသန့်​စင်​ဘာဖြစ်​သွား​သေးလဲ"
"သူ့အ​ဖေအ​ရောက်​မြန်​လို့​ပေါ့သူ့အ​ဖေသာအ​ရောက်​​နှေးရင်​မ​တွေးဝင့်​စရာပဲဆရာမရယ်​"
"​တော်​​သေးတာ​ပေါ့အမရယ်​"
"သားက​တော့ခု​ပြောတယ်​ဆရာမဝင်​ပူးတာဝသုန်​ရှင်းသန့်​တယ့်​"
"ဟင်​"
"ဟုတ်​တယ်​ဆရာမကျွန်​မတစ်​ခုခုလုပ်​မှဖြစ်​မယ်​​တော်​​တော်​ဆိုး​နေပြီဆရာမ"
"အမကဘယ်​လိုလုပ်​ဖို့စီစဉ်​ထားလည်း"
"ပ​ရောဂဆရာနဲ့သားကိုလိပ်​ပြာချုပ်ပြီးအကာအကွယ်​ယူရမယ်​"
"ဖြစ်​ပမလားအမရယ်​ဒီမှာ​တော့ပရိတ်​ရွတ်​ဖို့စီစဉ်​ထားတယ်​"
"ကျွန်​မဝသုန်​ရှင်းသန့်​အ​မေနဲ့လည်း​တွေ့ချင်​တယ်​"
"အင်း​လေကျွန်​မတို့​တွေ့ကြတာ​ပေါ့"
အ.ထ.က(၃)​ကျောင်းမှာ​တော့​ကျောင်းသားများသည်​သရဲ​ချောက်​သည်​စသည်​ဖြင့်သတင်းကြီး​နေကြသည်​။ဆရာမ​တွေက​တော့ပရိတ်​ရွတ်​ဖို့ပြုလုပ်​​နေကြပြီဖြစ်​ သည်​။ထို့​ကြောင့်​​ကျောင်းတွင်​မနက်​အ​စောကြီးလာ၍အခန်းကိုသန့်​ရှင်း​ ရေးလုပ်​ကြသည်​။ထို​နေ့ကဘုရင့်​​နောင်​အသင်း၏တာဝန်​ပင်​ဖြစ်​သည်​။မနက်​အ​ စောကြီးလာသူများဆိုလို့မိန်းက​လေးနှစ်​​ယောက်​​ယောကျာ်း​လေးနှစ်​​ယောက်​ ပဲရှိသည်​။ယောကျာ်း​လေးနှစ်​​ယောက်​ကလည်း​ကျောင်း၏​အောက်​ထပ်​တွင်​ဆင်း၍အမှိုတ်​လှည်းကြသည်​။မိန်းက​လေးနှစ်​​ယောက်​ထဲသာအခန်းထဲတွင်​ကျန်​ ခဲ့၍သန့်​ရှင်း​ရေးလုပ်​​နေကြသည်​။ကောင်​မ​လေးနှစ်​​ယောက်​မှာသန့်​ရှင်း ​ရေးကိုသူတို့လုပ်​ကိုင်​​နေကြသည်​။တံမြတ်​စည်းလှည်းအပြီးတွင်​ဆရာမထိုင်​ ခုံမှပန်းအိုးကိုလဲမလို့ကြည့်​လိုက်​ချိန်​တွင်​...
"ဟင်​......"
သူတို့နှစ်​​ယောက်​စလုံးအံ့ဩသွားကြသည်​။သူတို့မနက်​ပမြင်​တာကဇီဇဝါပန်းခုမြင်​ရတာကနှင်းဆီပန်းနှစ်​ပွင့်​။
"ဟဲ့မနက်​ကအဲဒီပန်းမဟုတ်​ဘူး​နော်​"
"​အေး​လေဘာဖြစ်​တာလဲဟ"
"အမြင်​မှားတာ​နေမှာပါဟတကယ်​​တော့မဟုတ်​​လောက်​ပါဘူး"
"​အေးဟာပန်းလဲဖို့ပြန်​ယူလာခဲ့ဟာ"
သူပန်းအိုးကို​သေချာယူလိုက်​ကာခုံ​ပေါ်တင်​လိုက်​သည်​။
"ဟဲ့သွားမယ်​​လေ"
"​နေပါဦးဟငါပိုက်​ဆံယူလိုက်​ဦးမယ်​မုန့်​စားရ​အောင်​"
"​အေး​အေး"
သူတို့ပိုက်​ဆံယူပြီးပန်းအိုးယူရန်​ခုံသို့အကြည့်​တွင်​ပန်းအိုးမှာမရှိ​တော့မူလ​နေရာသို့်ပြန်​​ရောက်​သွားသည်​။
"ဟဲ့ငါ​သေချာထားထားတာနင်​မြင်​တယ်​​နော်​"
"ငါမြင်​တယ်​ဟ"
"ဟို....မှာကြည့်​လိုက်​ဦးဟ"
အသင်းတာဝန်​ကြဇယားဖြစ်​သည်​။ဘုရင့်​​နောင်​အသင်းမိန်းက​လေးအသင်း​ခေါင်း​ဆောင်​ကမဝသုန်​ရှင်းသန့်​။
"ဟဲ့လာဟာမြန်​မြန်​သွားရ​အောင်​"
ထိုစဉ်​​ကောင်းကင်​ပြင်​တစ်​ခုလုံးပိန်းပိန်း​မှောင်​သွားသည်​။မိုးချိန်းသံမှာလည်းဂျိန်းခနဲလျှပ်​စီးတစ်​ဝင်းဝင်းနှင့်​အ​ကြောင်းမဲ့သဲသဲမဲမဲရွာချလိုက်​သည်​။သူတို့လည်းေ
ပြးထွက်​လိုက်​သည်​။မိုးရွာသဖြင့်​​ကျောင်း​ပေါ်ပြန်​​ပြေးတက်​လာသည့်​​ကောင်​​လေးနှစ်​​ယောက်​နှင့်​ပြန်​​တွေ့သည်​။
"ဟဲ့အလန့်​တစ်​ကြားနဲ့ဘာဖြစ်​လာတာလဲဟ"
"ငါတို့သရဲ​ခြောက်​လို့ဟ"
"ဘယ်​မှာလဲဟသရဲက"
ပြော​ပြောဆိုဆို​သူတို့အခန်း​ရှေ့ကိုလှမ်းကြည့်​လိုက်​သည်​။တစ်​ကိုယ်​ လုံး​ရေ​တွေစိုရွှဲ​နေပြီးပန်း​ရောင်​ဝမ်းဆက်​​လေးနဲ့​ကောင်​မ​လေးကရပ်​​ နေသည်​။
"အား....သရဲ"
အော်​လိုက်​ပြီးသုံး​ယောက်​မှာထွက်​​ပြေးကြသည်​။တစ်​​ယောက်​မှာ​ကြောင်​​တောင်​​တောင်​နဲ့ရပ်​ကျန်​ခဲ့သည်ေ
ပြးဖို့သတိမရ​ပေ။ပန်း​ရောင်​ဝမ်းဆက်​နဲ့​ကောင်​မ​လေးမှာတဖြည်းဖြည်းနဲ့သူ့​ရှေ့ကိုလာရပ်​သည်​။ကျန်​ခဲ့​သော​ကောင်​မ​လေးရဲ့နာမည်​က​မေးစရာမလို​ ပေ​ဆောင်းနှင်းသူဖြစ်​သည်​။သူ့​ရှေ့မှာရပ်​​နေသူက​ဝသုန်​ရှင်းသန့်သူမဘာမှမ​ပြောနိုင်​​ပေနှုတ်​မှတစ်​ခုသာထွက်​လာသည်​။
"ငါ​တောင်းပန်​ပါတယ်​​နော်​ငါ့ကိုခွင့်​လွှတ်​ပါဟာဒါငါ့ရင်​ထဲကစကားအစစ်​အမှန်​ပါ"
"နင်​ငါ့ကိုသစ္စာ​ဖောက်​ခဲ့တာမဟုတ်​ဘူးလား"
"ဟုတ်​ပါတယ်​ဟာငါကမိန်းက​လေးတစ်​​ယောက်​ဆို​တော့သူ့အ​ပြောမှာငါငြိတွယ်​ သွားမိပါတယ်​နင့်​ကိုနစ်​နာ​စေချင်​တယ့်​စိတ်​မရှိပါဘူးဟာဒီအပြစ်​အတွက်​ ငါ့အသက်​ကိုနင်​ယူသွားပါ"
ဝသုန်​ရှင်းသန့်​သည်​​ဆောင်းနှင်းသူနားကိုကပ်​သွားလိုက်​သည်​​နောက်​ပြီး ​ဆောင်းနှင်းသူ၏ပါးပြင်​ကိုအနမ်းတစ်​ပွင့်​​ပေးလိုက်​သည်​။
"ငါနားလည်​ပါတယ်​ဟာဒါ​ပေမယ့်​ငါ့ကိုနင်​တစ်​ခုကူညီမှဖြစ်​မယ်​"
"​ပြောငါဘာကူညီ​ပေးရမလဲသူငယ်​ချင်း"
"နင့်​ခန္ဓာကိုယ်​ကိုငါ့ကိုခဏငှါးပါ​နော်​ငါတကယ်​လို​နေ
ပြီဟ​နော်​"
"နင်​ယူသွားပါဟာ"
"ငါနင့်​​ကျေးဇူးကိုမ​မေ့ပါဘူးဟာ"
သူတို့နှစ်​​ယောက်​တစ်​​ယောက်​လက်​ကိုတစ်​​ယောက်​​နွေး​ထွေးစွာကိုင်​လိုက်​ သည်​။ထို့​နောက်​​ဆောင်းနှင်းသူမှာရုတ်​တစ်​ရက်​​တောင့်​ခနဲဖြစ်​သွားသည်​ ​နောက်​ပြီးမိုးသည်း​နေသည့်​ကြားထဲမှတစ်​​နေရာရာကိုဦးတည်​သွား​နေသည်​ ။သူသွား​နေတာဝသုန်​ရှင်းသန့်​၏အိမ်​ကိုဦးတည်​သွား​နေသည်​။အိမ်​​ရှေ့သို့​ ရောက်​​သောအခါသူမ​အော်​​ခေါ်လိုက်​သည်​။
"အ​မေ့.........."
အထဲမှအိပ်​ရာထဲတွင်​မျက်​ရည်​စက်​လက်​နှင့်​သူ့အ​မေနှင့်​အိမ်​​ရှေ့ဧည့်ခန်းတွင်​သူ၏သမီး၏ဓာတ်​ပုံ​လေးများကိုကြည့်​​နေ​သောသူ့အ​ဖေ​မျှော်​လင့်ချက်​မျက်​နှာများနှင့်​ပြိုင်​တူပင်​အိမ်​​ရှေ့ကိုထွက်​လာခဲ့ကြသည်​။
"အ​မေ့အ​ဖေ...သမီးပါသူများခန္ဓာကိုယ်​နဲ့လာရတာပါသမီးအ​မေတို့ကို​တွေ့ချင်​​နေတာ"
"သမီး​လေးဝသုန်​...."
ဝသုန်​၏အ​မေမှာမိုးရွားကြီးထဲသို့​ပြေးထွက်​သွားသည်​။နောက်​ကလိုက်​လာတာသူ့အ​ဖေ။
"သမီးရယ်​အ​မေအမျှ​ဝေခဲ့တယ်​​လေသမီး"
"သမီးမရလိုက်​ဘူးအ​မေသမီးကလဲ့စား​ချေချင်​စိတ်​နဲ့အမျှမရခဲ့ဘူးအ​မေ"
"အ​မေ့သမီး​လေးရယ်​အဖြစ်​ဆိုးလှတယ်​ကွယ်​အ​မေဘယ်​လို​ဖြေရမလဲသမီး"
"အ​ဖေကြီးသမီးကိုသတိရလားဟင်​"
အ​ဖေဖြစ်​သူမှာ​ယောကျာ်းကြီးဖြစ်​​ပေမယ့်​လည်းတုန်​ရီ​သောအသံကြီးဖြင့်
"ရတာ​ပေါ့သမီးရယ်​အ​ဖေတစ်​ရက်​မှမ​မေ့ခဲ့ပါဘူးအ​ဖေငါ့သမီးကို​မျှော်​လင့်ထားခဲ့တာပါသမီးရယ်​အ​ဖေသမီးအ​မေထက်​မပို​ပေမယ့်​မ​လျော့ပါဘူးသမီးရယ်​"
"သမီးအ​ဖေနဲ့အ​မေကိုကန်​​တော့ခဲ့မယ်​​နော်​​ကျောင်းမှာဒီ​နေ့ပရိတ်​ရွတ်​ပွဲရှိတယ်​သမီးကိုအမျှ​ဝေ​ပေးပါ​နော်​"
"စိတ်​ချပါသမီးရယ်​အ​ဖေနဲ့အ​မေအမျှ​ဝေ​ပေးမယ်​​နော်
သမီး​နော်​"
သူတို့​တွေ​ပြော​နေစဉ်​​နောက်​မှ​ပြေးလာသူတစ်​ဦးအ
ဖြူအစိမ်းဝတ်​ဆုံနဲ့ဆရာမတစ်​ဦး​ဒေါ်ချိုချိုပင်​ဖြစ်​သည်
"သမီးဆရာမ​လေသမီးရယ်​သိ​သေးလားဟင်​"
"ဆရာမ..သမီးခဏခဏလာ​တွေ့ပါတယ်​ဆရာမရယ်​သမီးအမြဲသတိရပါတယ်​"
"သမီးရယ်​မမိုက်​နဲ့​နော်​ဆရာမတို့အမျှ​ဝေတာကိုသာဓု​ခေါ်​နော်​"
"ဟုတ်​ကဲ့ပါဆရာမသမီးကန်​​တော့ခဲ့ပါတယ်​​နော်​"
မိုး​တွေကတ​ဝေါ​ဝေါနဲ့သည်း​နေသည့်​မိုး​ရေထဲတွင်​သူတို့ကြ​သောမျက်​ရည်​ မှာမိုး​ရေများနှင့်​လုံး​ထွေး​နေ​တော့သည်​။ချစ်​ချင်း​မေတ္တာနဲ့သံ​ယောဇဉ်​ မှာသာမန်​လူတို့အဖို့အကြီးမားဆုံး​နှောင်​ကြိုးပင်​ဖြစ်​​ပေ​တော့သည်​။
~~~~~~~~~~~~~~~~~~~~~~~~~~~
မိုးရွာထဲတွင်​ကားတစ်​​စီးသည်​အ​လောတစ်​ကြီး​မောင်းနှင်​လာသည်​ကားထဲတွင်​မင်းသန့်​စင်​တို့သားအမိသုံး​ယောက်​ကား​မောင်းသူကသူ၏အ​ဖေ။
"​တောက်​....အ​ရေးကြီးပါတယ်​ဆိုမှမိုးကသည်းကွာ"
"မြန်​မြန်​သာ​မောင်းပါရှင်​သားကိုဟိုသရဲမထပ်​​နှောက်​မယှက်​ရဲ​အောင်​ပ​ရောဂဆရာဆီမြန်​မြန်​​ရောက်​မှဖြစ်​မယ်​"
"​အေးပါကွာ"
ထိုစဉ်​ဖုန်းမည်​သံထွက်​​ပေါ်လာသည်​။ဖုန်းနံပတ်​က09784111139မင်းသန့်​စင်​၏အ​မေမှာဖုန်းကိုကိုင်​လိုက်​သည်​။
"ဟဲလိုဘယ်​သူလဲမသိဘူး"
"ကျွန်​မဝသုန်​ရှင်းသန့်​ပါ"
"ဪ..သရဲမနင်​ဘာ​နှောက်​ဦးမလို့လဲ"
"​နောက်​ကိုသာအမြန်​လှည့်​ပြန်​လာခဲ့ပါကျွန်​မအားလုံးကိုခွင့်​လွှတ်​တယ်​"
"နင့်​မာယာ​တွေရိုး​နေပြီသရဲမရယ့်​ငါတို့နင့်​လိပ်​ပြာကိုချုပ်​ဖို့သွား​နေပြီ"
ထိုစဉ်​မင်းသန့်​စင်​၏အ​ဖေမှာကြားဖျက်​၍ဖုန်းကိုလုယူကာ​ပြောလိုက်​သည်​။
"သရဲမနင်​ကိုဖမ်းဖို့ငါတို့ပ​ရောဂဆရာဆီသွား​နေပြီ
ဟားဟားဟား..."
ထိုစဉ်​......
"ရှင့်​​ရှေ့မှာအမ​လေး......"
အရှိန်​မထိန်းနိုင်​၍အ​ရှေ့မှလာ​နေ​သောဆယ်​ဘီးကား
ကြီးကိုဝင်​တိုက်​လိုက်​ကာ......​သွေးသံရဲရဲနဲ့ဖုန်း​လေးက​တော့မီးပွင့်​​နေဆဲincoming callဆိုပြီး
09784111139ဆိုတယ့်​ဖုန်းနံပတ်​နဲ့လူ​တွေက​တော့​သွေးသံရဲရဲရုပ်​ပျက်​ဆင်းပျက်​​သေဆုံး​နေကြပြီဖြစ်​သည်​။အ.ထ.က(၃)​ကျောင်း​လေးမှာ​တော့ဘုန်းကြီး
များ၏ပရိတ်​ရွတ်​ဖက်​သံနှင့်​အတူငိုသံများ​နှောလျက်
"မဝသုန်​ရှင်းသန့်​နှင့်​တကွအားလုံးကြားကြားသမျှအမျှအမျှအမျှယူ​တော်​မူကြပါကုန်​​လော့သာဓု.......
သာဓု......သာဓု"
ထိုသို့အမျှ​ဝေသံကို​ကျောင်းအပြင်​မှတစ်​စုံတစ်​​ယောက်​ကသာဓုလိုက်​​ခေါ်​ နေသည်​။ပန်း​ရောင်​ဝမ်းဆက်​နှင့်​​ကောင်​မ​လေးသာဓု​ခေါ်ပြီး​ကျောင်းထဲကိုလက်​ပြ​နေသည့်​ပုံကိုလူသုံး​ယောင်​သာမြင်​ရသည်​။အဲလူ​တွေကမည်​သူ​ တွေဆိုသည်​မှာ.................။
ကြိုးစားပါဦးမည်​။တစ်​ဦး​ပေါ်တစ်​ဦး​မေတ္တာထားကာ​အေးချမ်းကြပါ​စေ။

No comments:

Post a Comment