Wednesday, April 20, 2016


************ည​ကျောင်း(၃)*************
ဆရာမ​ဒေါ်ချိုချိုသည်​မ​နေ့ကဖြစ်​ပျက်​သွား​ သောကိစ္စကိုမယုံနိုင်​​လောက်​​အောင်​ပင်​ဖြစ်​​နေသည်​ဆရာမများကလည်းသူ့ကို​ မေးမြန်းကြသည်​။မည်​သို့​ဖြေရမှန်းပင်​မသိ​ခြေ။
"ဟဲ့မချိုနင့်​အတန်းက​ကောင်​မ​လေးသနားပါတယ်​​နော်​သူကိုဂုဏ်​ထူး​တောင်​မှန်းထားတာဆိုသနားပါတယ်​​နော်​"
"ဟုတ်​တယ်​​နော်​မ​နေ့က​ဆောင်းနှင်းသူမူးလဲသွားတာဆိုဝသုန်​ရှင်းသန့်​ကိုမြင်​ပြီး​တော့​လေ"
ဒေါ်ချိုချိုမှာသူ၏တပည့်​အရင်းကိုမကျွတ်​မလွတ်​​သေးဘူးလို့​ပြောရ​ကောင်းလားဆိုပြီး​ဒေါသကထွက်​သွား၏
"အဲတာဘယ်​သူ​ပြောတာလည်းအမအဲလိုမဟုတ်​တာကိုမ​ပြောပါနဲ့"
"အဲလိုသ​ဘောမဟုတ်​ပါဘူးချိုချိုရယ်​အမ​တောင်းပန်​ပါတယ်​​နော်​"
ဒေါ်ချိုချိုမှာဘာမှပြန်​မ​ပြောနိုင်​​လောက်​​အောင်​​ဝေ့တက်​လာ​သောမျက်​ရည်​များကိုသာထိန်းထားရ၏။
ဆောင်းနှင်းသူ သူမမှာသူငယ်​ချင်းအ​ပေါ်သစ္စာ​ဖောက်​မိသလိုဖြစ်​သွားမိသည်​မ​နေ့ကသူမမြင်​ လိုက်​ရသည်​မှာဝသုန်​ရှင်းသန့်​အစစ်​​ပေသူမကိုယ်​ကိုလည်း​နောက်​​ကျောမလုံ ​ပေ။သူမကခု​ဆေးရုံ​ပေါ်မှာဖြစ်​သည်​။
မျက်​လုံးများမှာ​လေးလံလှ​သော်​လည်းအားယူပြီးဖွင့်
ကြည့်​လိုက်​သည်​။မျက်​နှာကြက်​ဖြူဖြူကြီးများနှင့်​လည်​ပတ်​​နေ​သောပတ်​ကာသူ့ကိုကြည့်​​နေ​သောမျက်​နှာ
ကြီးဝသုန်​၏မျက်​နှာကြီးဖြစ်​သည်​။
"အား................."
သူ​ကြောက်​လန့်​သွား၍​အော်​လိုက်​မိသည်​။ဘေးနားမှ​စောင့်​​နေ​သောသူမအ​ဖေနှင့်​အ​မေပင်​လန့်​သွား၏။
"ဘာဖြစ်​တာလဲသမီးရလာပြီလားဟင်​"
သူမဘာကိုမှမ​ပြောနိုင်​​ပေအရင်​ဆုံး​တောင်းမိတာကတစ်​ခုတည်းသာ
"အ​မေ..​ရေ...​ရေ​ပေးပါ"
"​အေးသမီး​ရော့ဖြည်းဖြည်း​သောက်​သမီး"
သူမအငမ်းမရ​ရေကို​သောက်​ပြီး​ဘေးတစ်​ဝိုက်​ကိုငဲ့ကြည့်​လိုက်​သည်​။ကိုယ်​မှာလည်း​ချွေး​တွေနဲ့​နောက်​​ကျောမလုံသလိုဖြစ်​​နေသည်​။
"သမီးဘာဖြစ်​​နေတာလဲဘာကိုရှာ​နေတာလဲဟင်​"
"ဟို...ဟို..ဝသုန်​ရှင်းသန့်​​လေသူ့ကို​တွေ့တယ်​အ​မေသမီးသူ့ကို​ကြောက်​တယ်​"
"ဝသုန်​ရှင်းသန့်​မရှိပါဘူးဘယ်​သူမှမရှိဘူးအ​ဖေနဲ့အ​မေပဲရှိပါတယ်​"
"မဟုတ်​ဘူးသူရှိတယ်​ရှိကိုရှိတယ်​"
"ဆရာဝန်​​ခေါ်​ပေးမယ်​​နော်​သမီး​နော်​"
ဆောင်းနှင်းသူမှာတစ်​ခုခုကိုအလွန်​အမင်း​ကြောက်​လန့်​​နေဟန်​တူသည်​။သိပ်​မကြာလိုက်​ပါဆရာဝန်​​ရောက်​လာသည်​။
"သမီး​ခေါင်းမူး​သေးလား"
"ဟင့်​အင်းမမူးဘူးဆရာသမီးသူ့ကို​တွေ့​နေရတယ်​"
"သမီးဆရာ့ကိုကြည့်​ဆရာ​ပြောမယ်​သမီးခု​နေမ​ကောင်း​သေးလို့​နော်​မြင်​ချင်​ရာမြင်​​နေတာ​နော်​ဆရာအိပ်​​ဆေးထိုး​ပေးမယ်​​နော်​"
ဆရာဝန်​မှာသူမကိုအိပ်​​ဆေးထိုး​ပေးလိုက်​သည်​သူမအိပ်​​ပျော်​သွားသည်​။
"ဆရာသူ့အ​ခြေအ​နေကို​ပြောပါဦးဆရာ"
"အင်းဒါမျိုးကဖြစ်​တက်​ပါတယ်​စိတ်​မပူပါနဲ့ကျွန်​​တော်​တို့အ​ကောင်းဆုံးကြိုးစား​နေပါတယ်​"
"ဟုတ်​ကဲ့ပါဆရာအားကိုးပါတယ်​​နော်​"
ဆရာဝန်​၏​နောက်​​ကြောကိုကြည့်​ရင်းသူမသမီးအတွက်​စိတ်​ပူ​နေသဖြင့်​ရနက်​မ​အေးနိုင်​ရှာ​ပေ။
ကျောင်းဆင်း​ခေါင်း​လောင်းသံမှာကျယ်​​လောင်​စွာထွက်​​ပေါ်လာသည်​ ။အ.ထ.က(၃)​ကျောင်းမှာည​နေ​ကျောင်းဆင်းချိန်​ဖြစ်​သည်​။ဆရာမ​ ဒေါ်ချိုချိုနှင့်​ဆုလဲ့​အောင်​တို့မှာ​ဆောင်းနှင်းသူ၏သတင်းကို​မေးရန်​​ ဆေးရုံထဲသို့​ရောက်​လာကြပြီဖြစ်​သည်​။ဆေးရုံအတွင်းလှုပ်​ရှားသွားလာ​ နေသူများဖြင့်​စည်​ကား​နေသလိုပင်​ဖြစ်​​နေသည်​။ဆောင်းနှင်းသူတို့၏အခန်းနားကို​ရောက်​လာသည်​​​ကော်​ရစ်​တာက​နေအ​ခန်းဘက်​သို့​လျှောက်​လာချိန်​ တွင်​​ဘေးမှပန်း​ရောင်​ဝမ်းဆက်​နှင့်​​ကောင်​မ​လေးတစ်​​ယောက်​​ ဒေါ်ချိုချိုကိုဝင်​တိုက်​သွား၏။သိပ်​အရမ်းကြီးတိုက်​တာမဟုတ်​သဖြင့်သူမမှာစိတ်​ထဲသိပ်​မထား​ပေ။သို့​သော်​အ​မွှေးနံ့တစ်​ခုကသူမအားသတိထားမိ​ စေသည်​။အိုဒီကလုန်း​ရေ​မွှေးနံ့ထို​ရေ​မွှေးသည်​ဝသုန်​ရှင်းသန့်​သုံး​နေကြ​ ရေ​မွှေးပင်​ဖြစ်​သည်​။သူမ​နောက်​ကိုမြန်​မြန်​လှည့်​ကြည့်​လိုက်​ချိန်​တွင် ​ပန်း​ရောင်​ဝမ်းဆက်​နှင့်​​ကောင်​မ​လေးမှာမရှိ​တော့​ပေ။
"စိတ်​ထင်​လို့​နေမှာပါဒီ​ရေ​မွှေးသုံးတယ့်​လူ​တွေရှိတာပဲငါကလည်း​နော်​"
သူမစိတ်​ထဲက​ရေရွတ်​မိသည်​။ဆောင်းနှင်းသူ၏အခန်း​ရှေ့ကို​ရောက်​ လာပြီဖြစ်​သည်​သူမတံခါးကို​ခေါက်​လိုက်​သည်​။အထဲမှ​ဆောင်းနှင်းသူ၏အ​ မေမှာတံခါးလာဖွင့်​​ပေး၏။ဒေါ်ချိုချိုမှာပြုံးပြလိုက်​သည်​။
"ဪ..ဆရာမတို့လာပါလာပါ"
ဆောင်းနှင်းသူ၏အ​မေမှာဝမ်းသာအားရပင်​ဆီးကြိုသည်​။ဒေါ်ချိုချိုလည်းအခန်းထဲသို့ဝင်​လိုက်​သည်​။
"က​လေးအ​ခြေအ​နေဘယ်​လို​နေလဲအမ"
"မ​ပြောချင်​ပါဘူးဆရာမရယ်​ခု​လေးတင်​အိပ်​​​ဆေးထိုးလိုက်​ရတယ်​သူ့နားကိုဝသုန်​ရှင်းသန့်​ဆိုလားပဲသူလာ​နေတယ်​ပဲ​ပြော​နေတယ်​ဆရာမရယ်​"
ဒေါ်ချိုချိုနှင့်​ဆုလဲ့​အောင်​တို့မှာတစ်​​ယောက်​ကိုတစ်​​ယောက်​ကြည့်​ရင်းအံ့​​အော​နေကြသည်​။
"ဘယ်​သူဆရာမသူမြင်​​နေရတယ်​ဆိုတာ"
""ဝသုန်​ရှင်းသန့်​​တယ့်​ဆရာမ""
သူတို့​ပြော​နေရင်းအမှတ်​မထင်​ပြတင်း​ပေါက်​မှတဆင့်
မြင်​လိုက်​​သောအရာကကက္ကိုပင်​အိုကြီး​အောက်​မှတိုက်​ခန်း​လေးအဲမှာဝသုန်​ ရှင်းသန့်​ရဲ့အ​လောင်းကရှိ​သေးသည်​။ထိုက္ကိုပင်​ဘက်​မှလာ​သော​လေကြမ်းတစ်​ ခုကတံခါးကိုဝုန်းခနဲ​စောင့်​ပိတ်​သွား​စေသည်​။
ဒေါ်ချိုချိုသည်​​ဆောင်းနှင်းသူ၏အ​မေကိုဝသုန်​ရှင်းသန့်​၏အ​ကြောင်းကိုအလုံးစုံ​ပြောပြလိုက်​၏။
"ဒါဆိုကျွန်​မသမီး​လေးကိုကလဲ့စား​ခြေမလို့​ပေါ့"
"အဲလို​တော့မ​ပြောပါနဲ့အမကျွန်​မတို့ကဗုဒ္ဓဘာသာ​တွေပါဘုရား​ဟောနဲ့ဆန့်​ကြင်​တာလား"
"ကျွန်​မက​တော့ဘုရားကိုလည်းယုံတယ်​ဝိညာဉ်​​တွေကိုလည်းယုံတယ်​"
သူတို့နှစ်​​ယောက်​စကား​ပြော​နေသည်​ကိုဆုလဲ့​အောင်​မှကြားဖျက်​၍​ပြောလိုက်​သည်​။
"အန်​တီဝသုန်​ရှင်းသန့်​ကစိတ်​​ကောင်းအရမ်းရှိတယ့်​သူပါသူများအ​ပေါ်နစ်​နာ​အောင်​သူတစ်​ခါမှမလုပ်​ခဲ့ပါဘူး"
"ဟုတ်​တယ်​အမကျွန်​မတပည့်​အ​ကြောင်းကိုကျွန်​မသိတယ်​သူကသိပ်​ဖြူစင်​တယ့်​မိန်းက​လေးပါ"
"အင်းကျွန်​မလည်းနားလည်​ပါတယ်​သူ့မိဘ​တွေရင်
ကျိုးရှာမှာ​နော်​"
"ဟုတ်​တာ​ပေါ့ခုထိအ​လောင်းပြန်​​တောင်​မသယ်​ရ​သေးဘူး​လေဒီ​ဆေးရုံမှာပဲ"
ဆောင်းနှင်းသူ၏အ​မေသည်​​စိုးရိမ်​မှုကပိုမိုမြင့်​တက်​သွား၏။
"ကဲအမစကား​ပြောလည်း​ကောင်း​နေလို့အချိန်​​တောင်​လင့်​​တော့မယ်​သွားခွင့်​ပြုဦး​နော်​"
"ဟုတ်​ကဲ့ပါဆရာမ"
ဒေါ်ချိုချိုလည်းခပ်​သုတ်​သုတ်​ပင်​ပြန်​၍ထွက်​လာခဲ့သည်​။ကော်​ရစ်​ တာကိုဖြတ်​အ​လျှောက်​ခုနအိုဒီကလုန်း​ရေ​မွှေးနံ့ကိုရလိုက်​သည်​ဒီတစ်​ခါ​ တော့​နောက်​ကိုလှည့်​အကြည့်​သူမနှင့်​ခပ်​လှမ်းလှမ်းတွက်​​ပန်း​ရောင်​ ဝမ်းဆက်​နှင့်​​ကောင်​မ​လေးရင်​ခွဲရုံဘက်​သို့ဦးတည်​သွား​နေသည်​ သူတို့နဲ့တဖြည်းဖြည်း​ဝေးပြီးရင်​ခွဲရုံနားအ​ရောက်​​ကောင်​မ​ လေးကသူတို့ကိုလှည့်​ကြည့်​​နေသည်​​သေချာပါသည်​ဝသုန်​ရှင်းသန့်​ဆရာမ​ ဒေါ်ချိုချိုလည်းစိတ်​ထဲမှ
"သမီး​လေး​ရေအမျှအမျှအမျှသမီးရယ်​ဆရာမတို့နဲ့ဘဝခြား​နေပြီ​လေသမီ​လေးရယ်​"
မျက်​ရည်​များက​ဝေ့တက်​လာသည်​ဆုလဲ့​အောင်​သတိ​ပေးကာမှသူမရိပ်​မိ​အောင်​​နေ၍အမူအရာကိုပြင်​လိုက်​သည်​။
"ဆရာမဘာကြည့်​​နေတာလဲသွားမယ်​​လေ"
"​အေး​အေးသမီး"
သူလမ်း​လျှောက်​ရင်း​နောက်​ကိုလှည့်​အကြည့်​​တွင်​​ပျောက်​ကွယ်​ သွားပြီဖြစ်​သည်​။အနီ​ရောင်​​တောက်​​နေ​သောည​နေဆည်းဆာတိမ်​အလှနဲ့အိပ်​တန်းဝင်​ငှက်​တို့ပျံ
သန်း​နေပုံကသူမကိုပိုမိုငိုချင်​လာ​အောင်​လှုံ့​ဇော်​​နေသလိုပင်​ဖြစ်​​နေသည်​။
<))<<<))<<<)<
မင်းသန့်​စင်​တစ်​​ယောက်​စိတ်​ထဲတွင်​တစ်​မျိုးကြီးဖြစ်​​နေသည်​စာလုပ်​ ရမှာသိပ်​စိတ်​မပါ​ပေ။သူ၏စိတ်​ထဲတွင်​ဘာမှအပြစ်​​ပြောစရာမရှိ​သောဝသုန်​ ကိုလမ်းခွဲမိတာကတစ်​မျိုးသူနဲ့လမ်းခွဲပြီးမိနစ်​ပိုင်းမှာတင်​မယုံနိုင်​ ​လောက်​​အောင်​ဝသုန်​​သေဆုံးသွား၏။ဝသုန်​သူ့ကိုမ​ကျေမနပ်​ဖြစ်​မှာအမှန်​ပင် ​ဖြစ်​သည်​။ညပိုင်းအစကစာကြည့်​ရတာသူ့အတွက်​ဘယ်​လိုမှမဖြစ်​​ပေခု​ တော့စာကြည့်​ရတာစိတ်​ထဲမသိုးမသန့်​ဖြစ်​​နေသည်​။ထိုစဉ်​အ​ပေါ်မှပျံငန်း​ အော်​ဟစ်​သွား​သောငှက်​ဆိုးထိုးသံ​ကြောင့်​​နောက်​​ကြောမလုံသလိုဖြစ်​လာသည်​ ။သို့​သော်​သူစိတ်​တင်းထား၍စာကိုအာရုံစိုက်​ကာကြည့်​​နေသည်​။သူ၏နားထဲတွင်​ ​ခြေသံတရှပ်​ရှပ်​ကြား​နေသည်​။
"ရှပ်​....ရှပ်​.....ရှပ်​...."
ညီးညူသံလိုလိုတစ်​ခုခုကိုအခဲမ​ကျေသလို​အော်​ဟစ်​သလိုငိုသံလိုလိုအသံကိုလည်းကြားလိုက်​သည်​။သူစာကိုပဲအာရုံစိုက်​သည်​မည်​သည်​ကိုမှမကြည့်​သို့​သော်​ သူ၏မျက်​နှာခြင်းဆိုင်​တံခါး​ပေါက်​အ​ပေါ်မှကျလာ​သော​ရေတစ်​စက်​ကသူ့စာအုပ်​ ​ပေါ်​ပေါက်​ခနဲ...
"ဟင်​"
သူအ​ပေါ်သို့​မော့ကြည့်​လိုက်​ချိန်​တွင်​ပြတင်း​ပေါက်​အ​ပေါ်​ဘောင်​မှ​ အောက်​သို့​စောက်​ထိုးအ​နေအထားနှင့်​ဂသုန်​ရှင်းသန့်​။သူအရမ်းလန့်​ကာခုန် ​ဖြင့်​​နောက်​ပြန်​လဲ
ကြသည်​ဝသုန်​ရှင်းသန့်​ကအ​ပေါ်မှာလက်​ရှည်​ရှည်​ကြီးနှစ်​ဖက်​ကိုဆန့်​တန်း၍နှုတ်​မှလဲအက်​ကွဲကွဲသံကြီးဖြင့်
"မင်းသန့်​စင်​နင်​​ပြေးမလွှတ်​ဘူးသစ္စာမရှိတယ့်​​ကောင်​နင့်​ကိုငါသက်​မယ်​"
"ဝသုန်​မဟုတ်​ဘူးငါ​ပြောပြမယ်​မဟုတ်​ဘူးမဟုတ်
ဘူး"
"ဟားဟားဟား....သက်​မယ်​မင်းသန့်​စင်​နင့်​ကို...
ဟားဟားဟား"
သူမ၏ရှည်​လျှား​သောလက်​ကြီးနှစ်​ဖက်​ဖြင့်​မင်းသန့်​စင်​၏လည်​ပင်းကိုညစ်​လိုက်​သည်​​အေးစက်​​သောအထိအ​တွေ့​ကြောင့်​လိပ်​ပြာလွင့်​မတက်​ဖြစ်​ ​နေရင်းအသက်​ကလည်းရှုမရပဲ​လောကကြီးနှင့်​အဆက်​အသွယ်​ပျက်​သွားသည်​။

No comments:

Post a Comment