Wednesday, April 20, 2016

************ည​ကျောင်း(၆)****************
ညတွင်းချင်းပင်​လူနာတင်​ယာဉ်​သံများကျယ်​​လောင်​စွာ​ပေါ်ထွက် ​လာသည်​။အနီးအနားရှိလူများလည်းလှုပ်​လှုပ်​ရွရွဖြစ်​ပြီး​ကျောင်း၏​ရှေ့တွင် ​လူစုလူ​ဝေးများပင်​ဖြစ်​​နေသည်​။ကျောင်းမှဆရာမများလည်း​ကျောင်းသို့အ​ ပြေးလာရသည်​။တာဝန်​ကြရဲများသည်​လည်းမိမိတို့စစ်​​ဆေးရန်​ရှိတာများကိုလုပ်​ ကိုင်​​နေကြသည်​။
"​ကျောင်း​စောင့်​ကအ​လောင်းကိုအရင်​မြင်​ခဲ့တာ​နော်​"
"ဟုတ်​ကဲ့ပါဆရာကျွန်​​တော်​အသံကြားလို့သွားကြည့်​ခဲ့တာပါ"
"အနားမှာလူရိပ်​လူ​ယောင်​မြင်​မိ​သေးလား"
"ဘာလူမှ​တော့မမြင်​ခဲ့ရပါဘူးဒါ​ပေမယ့်​ဟို​လေ"
"ဘာဟိုလဲ​ပြော​လေ"
"သရဲ​တော့​တွေ့ရတယ်​ဆရာ"
"ခင်​ဗျား​ပြောတာအထူးအဆန်းပါလားကျုပ်​​တော့မယုံနိုင်​ဘူးဘယ်​လိုမြင်​ခဲ့တာလဲ​ပြောစမ်းပါဦး"
"ကျွန်​​တော်​အ​လောင်းကိုကြည့်​ပြီးအ​ပေါ်ကပြုတ်​ကျတာဆို​တော့အ​ပေါ်ကိုဓာတ်​ မီးနဲ့ထိုးကြည့်​လိုက်​တယ်​အဲမှာမျက်​နှာဖြူဖြူကြီးဗျာကြက်​သီး​တွေ​တောင်​ ထတယ်​ဗျာ"
"​အေး​လေခင်​ဗျား​ပြောတာမှတ်​ထားလိုက်​ပမယ်​"
ရဲများအကုန်​ကြည့်​ရှုစစ်​​ဆေးပြီး​သောအခါအ​လောင်းကိုသယ်​သွားကြသည်​ ။သူတို့အားလုံးမှာည​တော်​​တော်​​မှောင်​​နေသဖြင့်​​ဘေးမြက်​ပင်​များထဲတွင်​ ကြ​နေ​သောဖုန်းကိုမမြင်​လိုက်​ကြ​ချေ။
~~~~~~~~~~~~~~~~~~~~~~~~~~~~
နောက်​တစ်​​နေ့မနက်​တွင်​​ကျောင်းတွင်​ဆရာဆရာမများ​ကျောင်းသား​ကျောင်းသူများမှာ​ကြောက်​သူများကေ
ကြာက်​ကြတစ်​ချို့ကပြန်​​ပြောကြနှင့်​ရုတ်​ရုတ်​သဲသဲဖြစ်​​နေကြသည်​။
"ဟို​ကောင်​​တွေတကယ်​လုပ်​တာပဲကွငါတို့်​​ပြောတာမှမယုံတာကိုခု​တော့​ သေပြီသူ့​နောက်​လိုက်​​တွေက​တော့​ဆေးရုံ​ရောက်​တယ့်​​ကောင်​​ရောက်​ နဲ့သူတို့ဘာ​​တွေ့ခဲ့ရတာလဲမသိဘူး​နော်​"
"​အေးကွ​ကျောင်း​စောင့်​​ပြောတာ​တော့မျက်​နှာဖြူုဖြူ
ကြီးနဲ့​ဝသုန်​ရှင်းသန့်​ကို​တွေ့လိုက်​ရတယ်​တယ့်​"
"ဒါဆိုတစ်​ကယ်​သူမကျွတ်​​သေးဘူးကွခုဆိုအ​ဖော်​​တောင်​ရသွားပြီ​နော်​"
သူတို့လည်း​ပြောသာ​ပြောရသည်​​နောက်​​​ကျောကမလုံ​ပေ​သေရတယ့်​သူကသူတို့​ပ​ ရောဂလည်းပါသည်​။သူတို့​ပြော​နေတုန်းပင်​အတန်းပိုင်​ဆရာမက​ခေါ်သည်​ဟုလာ​ ပြော​သည်​။သူတို့လည်း​ကြောက်​​ကြောက်​နှင့်​သွားလိုက်​ကြသည်​။ ဒေါ်ချိုချို၏မျက်​နှာမှာအရင်​ကထက်​ခက်​ထန်​​နေသည်​ကို​တွေ့လိုက်​ရသည်​။
"မင်းတို့မှန်​မှန်​​ပြောကြ​နော်​မ​နေ့ကဘာအ​လောင်းအစားလုပ်​ကြလဲ"
"ဟို​လေဆရာမသားတို့မ​နေ့ကဒီအ​ဆောင်​ကိုညပိုင်းတစ်​ပတ်​ပတ်​ရဲရင်​တစ်​ဝိုင်းအဝစားဆိုပြီး​လောင်းခဲ့ပါတယ်​ဆရာမ"
"နင်​တို့​တော်​​တော်​မိုက်​တယ့်​​ကောင်​​တွေမနက်​ဖြန်​မိဘ​ခေါ်လာခဲ့ကြကြားလား"
"ဟုတ်​ကဲ့ဆရာမ"
"​နေပါဦးဒါနဲ့သူတို့သွားခဲ့တာကိုမင်းတို့ကိုဘာနဲ့သက်​​သေပြမှာလဲ"
"သူတို့ဖုန်းနဲ့videoရိုက်​ထားမယ်​လို့​ပြောပါတယ်​"
"​အေးငါသိပြီနင်​တို့သွားလို့ရပြီ"
ဒေါ်ချိုချိုမှာ​ကျောင်းသား​သေဆုံးခဲ့ရ​သော​နေရာကိုသွားကာတစ်​ ခုခုကိုအသဲအသန်​ရှာ​ဖွေ​နေသည်​။မြက်​ဖုတ်​တစ်​ခု၏​အောက်​တွင်​​ပေါ်​နေ​ သောအမဲ​ရောင်​အပိုင်းအစ​လေးသူမဆွဲယူလိုက်​သည်​ဖုန်းတစ်​လုံးမှန်​​တွေ​ တော့ကွဲလို့သူမဖုန်း၏​နောက်​ကိုအဖုံးခွာကာကြည့်​လိုက်​​တော့sd cardကို​တွေ့လိုက်​ရသည်​သူမထိုsd
cardကိုပဲယူကာဖုန်းကိုခပ်​​ဝေး​ဝေးသို့လွင့်​ပစ်​လိုက်​သည်​။sd cardကို​သေ​သေချာချာသိမ်းကာအမူအ
ရာမပျက်​အတန်းထဲသို့ဝင်​ကာပုံမှန်​အတိုင်းစာသင်​​နေသည်​။ဝသုန်​ရှင်းသန့်တို့အတန်းမှာတစ်​​ယောက်​​နေရာလွတ်​​နေသည်​။နောက်​တန်းကလူမှာကြပ်​​နေ​ သော်​လည်း​ရှေ့တန်းကိုမထိုင်​တာ​တွေ့ရသည်​။
"ဟဲ့​နောက်​က​ကောင်​မ​လေး​တွေကြပ်​​နေတာကို​ရှေ့ကိုလာထိုင်​​လေတစ်​​ယောက်​"
ဒေါ်ချိုချို​​ပြောလိုက်​သည်​။ကောင်​မ​လေးများမှာမရဲတစ်​ရဲဖြစ်​​နေသည်​။ဘယ်​သူမှမသွားရဲ​ပေ။
"ဟဲ့ငါ​ပြော​နေတယ်​​လေမသွားဘူးလား"
အစွန်​မှာထိုင်​​နေ​သော​ကောင်​မ​လေးမှာမရဲတစ်​ရဲနှင့်​သွားထိုင်​လိုက်​သည်​ ။ဘာမှ​တော့မဖြစ်​​​ပေ။ထိုစဉ်​ည​နေပိုင်းကို​ရောက်​လာသည်​။သွားထိုင်​​သော​ ကောင်​မ​လေးမှာစာ​ရေး​နေရင်းငြိမ်​သွားသည်​။
"ဒီအပိုင်းကို​သေချာကြည့်​ကြ​နော်​အ​ရေးကြီးတယ်​"
ဒေါ်ချိုချိုမှာ​နောက်​ကိုသတိမထားမိပဲ​ကျောက်​သင်​ပုန်းတွင်​စာကိုသာ​ရေး​နေသည်​။သူမ​နောက်​သို့လှည့်​အ
ကြည့်​တွင်​..
"ဟဲ့ဟို​ကောင်​မ​လေးဘာဖြစ်​​နေတာလဲ"
ဘာမှပြန်​မ​ပြော​ချေဆံပင်​​တွေမှာလည်း​ရှေ့ကိုကြ​နေသည်​။
"ငါ​မေး​နေတယ်​​လေ"
ဒေါ်ချိုချို​ပြောရင်းဆိုရင်း​ငုံ့​နေ​သော​ခေါင်းကိုဆွဲလှန်​လိုက်​သည်​။
"အ​မေ​လေး"
သူမကိုယ်​တိုင်​ပင်​လန့်​သွားသည်​။မျက်​ဖြူကြီးလန်​​နေသည်​။
"ဟားဟားဟားနင့်​ကိုငါသက်​မယ်​"
မင်းသန့်​စင်​ထိုင်​​နေ​သောဘက်​ကိုလက်​ညှိး​ငေါက်​​ငေါက်​ထိုးကာ​ပြောသည်​။
"သမီးဘာဖြစ်​တာလဲစိတ်​ထိန်း​လေ"
"နင့်​ကိုဒီညလာသက်​မယ်​သတိထား​နေဟားဟားဟား"
ထိုသို့​ပြောကာလဲကျသွားသည်​။မင်းသန့်​စင်​မှာအသက်​ရှုရန်​ပင်​​မေ့​ နေသလိုဖြစ်​​နေသည်​။ကောင်​မ​လေးမှာ​တော့သတိမရ​သေး၍ဆရာမများအလုပ်​ရှုပ်​ကုန် ​ကြသည်​။ခဏအကြာတွင်​ဒီ​နေ့ဆယ်​တန်းများည​ကျောင်းပိတ်​​ကြောင်းကို​​လော်​ စပီကာမှ​ကြေညာလိုက်​သည်​မင်းသန့်​စင်​တစ်​​ယောက်​လဲအိမ်​သို့တန်းပြန်​ကာ​ ဘုရားခန်းမှမထွက်​​တော့ပဲ​နေလိုက်​သည်​။သူလည်းစိတ်​ထဲတွင်​​နောက်​ ကျိကျိဖြစ်​​နေသဖြင့်​internetသုံးရန်​ဖုန်းကိုဖွင့်​လိုက်​သည်​ ပထမဆုံးစတက်​လာ​သောviber
massage
"Hi my dear"
ဖုန်းနံပါတ်​က09784111139ဖြစ်​သည်​။
"ဟင်​ငါလည်းမသိပါဘူးဘယ်​သူလဲမသိဘူး"
မင်းသန့်​စင်​သည်​viber content addလိုက်
သောအခါ​ပေါ်လာ​သောနာမည်​က
"ဝသုန်​ရှင်းသန့်​"
သူမျက်​လုံးပြူးသွားသည်​​နောက်​ထပ်​ဝင်​လာ​သောmassageက
"အချိန်​မရှိ​တော့ဘူးနင့်​အသက်​​ပေးရ​တော့မယ်​"
"အချိန်​​ကြလာပြီနင်​​သေရမယ်​"
မင်းသန့်​စင်​လည်းဖုန်းကိုပါဝါပိတ်​ကာ​ဇော​ချွေးများပျံ​မေ​တော့သည်​။
အပိုင်း၇ဆက်​ရန်​..........

No comments:

Post a Comment