Wednesday, April 20, 2016

*************ည​ကျောင်း(၂)***************
ထိုသို့မဖြစ်​ခင်​တစ်​ပတ်​ခန့်​အလို........
ကျောင်း၏နာမည်​ကြီးအ​ချောအလှဟုလည်းမမှားနိုင်​​ပေ။စာကလည်း​တော်​၏မိဘအသိုင်းအဝိုင်းကလည်း
ပြည့်​စုံသဖြင့်​ဘာမှ​ပြောစရာမလို​ပေသူ၏နာမည်​မှာဝသုန်​ရှင်းသန့်​ဖြစ်​သည် ​အတန်းထဲမှာစာကလည်း​တော်​သဖြင့်​ဆရာမ၏အ​ရေး​ပေးခြင်းခံရသည့်​အပြင်​​ ကောင်​​လေးများ၏အထူးအ​ရေး​ပေးခံရသူတစ်​​ယောက်​ဖြစ်​သည်​။သူနဲ့ချစ်​ကြိုက်​​ နေ​သော​ကောင်​​လေးတစ်​​ယောက်​ရှိသည်​။သူ့ကစာလည်းအသင့်​တင့်​​တော်​သည်​ သူ့နာမည်​မှာမင်းသန့်​စင်​ဖြစ်​သည်​။တစ်​​နေ့​ကျောင်းအပြန်​ဝသုန်​ တို့သူငယ်​ချင်းတစ်​သိုက်​​ပျော်​​ပျော်​ရွှင်​ပဲပြန်​လာ
ကြသည်​။ကျောင်းနှင့်​ခပ်​လှမ်းလှမ်းအ​ရောက်​တွင်
"ဟဲ့...ဝသုန်​ဟိုဘက်​က​ကောင်​မ​လေးတစ်​​ယောက်​နဲ့တွဲလာတာမင်းသန့်​စင်​မဟုတ်​လား"
"ဟင်​....ဟုတ်​တယ်​မင်းသန့်​စင်​မှမင်းသန့်​စင်​အစစ်​သူတစ်​ခြားတစ်​​ယောက်​နဲ့တွဲ​နေတာ​ပေါ့"
ဝသုန်​ရှင်းသန့်​မှာနှုတ်​ဆိတ်​​နေသည်​သူမ၏​အောက်​နှာခမ်းကိုကိုက်​လိုက်​ သည်​သူမ၏မျက်​နှာဖြူဖြူ​လေးမှာ​ဒေါသ​ကြောင့်​အနီ​ရောင်​အသွင်​​ပြောင်းသွား၏။
"​တောက်​​.....​တွေ့မယ်​"
ဝသုန်​ရှင်းသန့်​မှာ​သူ၏သူငယ်​ချင်းများကိုပင်​မ​စောင့်​ပဲ​ ပြေးသွား၏။သူမအိမ်​ထဲသို့ခပ်​သုတ်​သုတ်​ဝင်​လိုက်​သည်​။ကျောင်းလွယ်​အိတ်​ က​လေးကိုချပြီးသူမအခန်းထဲသို့​ပြေးဝင်​သွား၏။သူမငိုသည်​ဘာမှမစဉ်းစားနိုင် ​​တော့​ပေ။သူမ၏အ​မေ​နောက်​တွင်​​ရောက်​လာသည်​ကိုပင်​မသိ​ချေ။
"သမီး​လေးဝသုန်​ဘာဖြစ်​တာလဲသမီးငို​နေ​တာလား"
သူမဘာမှမ​ပြော​ချေ။သူ့အ​မေမှာနှဖူးကိုလက်​ဖြင့်​စမ်းလိုက်​သည်​...
"ကိုယ်​လည်းမပူပါဘူးသမီးဘာဖြစ်​လို့လဲဟင်​"
"ဘာမှမဖြစ်​ပါဘူးအ​မေသမီး​ခေါင်းကိုက်​လို့ပါ"
"​ဆေး​သောက်​ပြီးအိပ်​လိုက်​​နော်​​ကောင်းသွားမှာပါသမီး"
"ရတယ်​အ​မေသမီးသက်​သာပါတယ်​သမီးအပြင်​ခဏသွားဦးမယ်​​နော်​"
"သိပ်​မကြာ​စေနဲ့​နော်​သမီး"
"ဟုတ်​အ​မေ"
သူမစက်​ဘီး​လေးဆွဲကာထွက်​လာခဲ့သည်​။သူမစိတ်​ထဲမှ​တွေးလိုက်​သည်​...
"အင်းဒီအချိန်​ဆိုမင်းသန့်​စင်​ကျူရှင်​ပြန်​မှာသူ့ကို​တွေ့မှဖြစ်​မယ်​​တွေ့ကို​တွေ့ရမယ်​"
သူမ​စောင့်​​နေသည်​သိပ်​မကြာလိုက်​ပါမင်းသန့်​စင်​​ကောင်​မ​လေးတစ်​​ယောက်​နှင့်​ထွက်​လာသည်​။
"​တောက်​ထင်​တယ့်​အတိုင်းပဲ​တွေ့မယ်​"
မင်းသန့်​စင်​တို့မှာသူမကိုမြင်​ရသားနှင့်​ပင်​စက်​ဘီးကိုမရပ်​ပဲဆက်​နင်းသွား၏သူမလည်းစက်​ဘီးကိုနင်း၍လိုက်​သွား၏။
"ဟဲ့ဝသုန်​နင်​ဘာကိစ္စနဲ့လိုက်​တာလည်းနင်​မ​နှောက်​ယှက်​နဲ့"
"ဪ...နင်​က​ပြောပြီ​ပေါ့အသစ်​ရ​တော့ငါ့ကို​ပြောပြီ​ပေါ့"
"ဟုတ်​တယ်​ဝသုန်​နင်​​ပြောသလိုပဲခုငါနင့်​ကိုမချစ်​​တော့ဘူးငါသူ့ကိုပဲချစ်​တယ်​နင်​ဆက်​မလိုက်​နဲ့​တော့"
"ဘာ....ငါလိုက်​ချင်​လိုက်​မယ်​နင့်​အ​ကြောင်းပါလားနင့်​​ကောင်​မ​လေးကဘယ်​သူလဲမှတ်​တယ်​​​ဆောင်းနှင်းသူပဲချစ်​ကြပါဟာရပါတယ်​"
သူမစက်​ဘီးကိုအရှိန်​စက်​၍ဆက်​မလိုက်​​​တော့ပဲ​နေလိုက်​သည်​။မျက်​ရည်​များမှာလည်းစီးကြလာခဲ့သည်​။
သူမဘယ်​အချိန်​ထိပင်​​ကြောင်​၍ရပ်​​နေမိမှန်းမသိ​ပေသူမသူငယ်​ချင်းဆုလဲ့​အောင်​လာမှသတိထားမိ​တော့သည်​။
"ဟဲ့ဝသုန်​နင်​ဘာဖြစ်​​နေတာလဲဟ"
"ငါဘာမှမဖြစ်​ပါဘူးဟာ"
"ဪ..ဒါနဲ့နင်​သိလားမင်းသန့်​စင်​​လေငါတို့လမ်းထိပ်​ကအ​အေးဆိုင်​မှာဟို​ဆောင်းနှင်းသူနဲ့ထိုင်​​နေတယ်​ဟအဲတာဘာသ​ဘောလဲဟင်​"
"နင်​​ပြောတာတကယ်​လားလဲ့​တွေ့မယ်​အဲ​ကောင်​ကိုငါအဲလိုသစ္စာမရှိတယ့်​​ကောင်​​တွေကိုမုန်းတယ်​"
ဆုလဲ့​အောင်​ပင်​တားချိန်​မရလိုက်​ဝသုန်​ရှင်းသန့်​စက်​ဘီးနှင့်​လှည့်​အထွက်​ကားတစ်​စီးကအလာလုံးဝရပ်​တန့်​ချိန်​မရလိုက်​ပဲ....
"ကျီ............ဒုန်း......"
"ဝသုန်​.......သူငယ်​ချင်း"
အနားရှိလူများမှာလည်းဝိုင်းလာကြသည်​။
"ဟယ်​အသက်​ရှိ​သေးလားမသိဘူး​ဆေးရုံကား​ခေါ်ကြပါဟမြန်​မြန်​​လေး"
တစ်​​ယောက်​တစ်​​ပေါက်​နဲ့ဆူညံသွားကြသည်​။ဆုလဲ့​အောင်​မှာသူ၏သူငယ်​ချင်းကို​ပွေ့ထား၏။
"ဝသုန်​နင်​ဘာမှမဖြစ်​ဘူး​နော်​အားတင်းထား​နော်​​ဆေးရုံကားလာ​နေပြီ​နော်​အားတင်းထား​နော်​"
"ငါ....မင်း..မင်းသန့်​စင်​နဲ့သူ့​ကောင်​မကိုမ​ကျေနပ်​ဘူး....အ...ငါ..ငါ...ကလဲ့စား​ချေ.....အ"
သွေးများပါးစပ်​ထဲမှအန်​ထွက်​လာကာငြိမ်​ကြသွား၏။
"သူငယ်​ချင်းဝသုန်​....ဝသုန်​အဖြစ်​ဆိုးလှပါလားဟာ"
"ဟယ်​​ကောင်​မ​လေး​သေသွားပြီနဲ့တူတယ်​ငယ်​ငယ်​​ချော​ချော​လေးနဲ့သနားပါတယ်​"
ဝေဖန်​သံများစုပ်​သပ်​သံများကို​ကျော်​လွန်​၍လူနာတင်​ကားသံမှာ​ပေါ်​ပေါက်​ လာ၏။ဝသုန်​ရှင်းသန့်​၏အ​လောင်းကိုလာ၍သယ်​သွားကြ၏။ဒါ​ပေမယ့်လူအများသတိမထားမိသည်​မှာ​သွေးအလိမ်းလိမ်းကြားထဲမှအဖြူ​ရောင်​မျက်​ရည်​ တစ်​​ပေါက်​​ဝေ့ခနဲကြလာခြင်းပင်​ဖြစ်​သည်
သိပ်​မကြာပါမိုး​ပေါက်​များမှာလည်းသဲသဲမဲမဲရွာချလာသည်​ညိုမဲ​နေ​သော​ကောင်းကင်​ကြီးနှင့်​မိုး​ရေ​ပေါက်​တို့မှာဝမ်းနည်း​နေသည်​ကို​ဖော်​ပြသ​ လောကံဆိုးမိုး​မှောင်​ကြသည်​ကို​ဖော်​ညွှန်းသည်​​လော​တွေး၍မရနိုင်​​ပေ။
ထို​နေ့ည​နေအချိန်​အ.ထ.က(၃)​ကျောင်း​လေးမှဆယ်​တန်းည​ကျောင်းမှာလူအ​တော်​ အသင့်​ဆုံ​နေပြီဖြစ်​သည်​။ဆရာမ​ဒေါ်ချိုချိုတစ်​​ယောက်​စဉ်းစား​နေသည်​...
"ဒီ​နေ့ဟို​ကောင်​မ​လေးဝသုန်​​တော်​​တော်​​နောက်​ကျ​နေပါလားဘာများလုပ်​​နေလဲမသိဘူး​နေမ​ကောင်းဘူးလား"
ဆရာမ​ဒေါ်ချိုချိုနှင်​ဝသုန်​ရှင်းသန်​တို့မှာအလွန်​ပင်​ရင်းနှီးကြသည်​ စာကလည်း​တော်​သဖြင့်​ဆရာမအလိုလိုက်​ထားသူလည်းဖြစ်​သည်​။ဝသုန်​မှာ​ကျောင်းလာရင်​အမြဲတမ်းဆရာမဆီသို့သွားကာဆရာမကိုကူလုပ်​​ပေးရင်းဆရာမနှင့်အတူတူပင်​အခန်းထဲသို့ဝင်​​နေကြဖြစ်​သည်​။ဒေါ်ချိုချိုစိတ်​ထဲမှာ​တော့ထင့်​နေသည်​နား​နေခန်းထဲမှာလည်းသူတစ်​​ယောက်​သာရှိ​တော့သည်​သူခဏ​စောင့်​​ နေသည်​တံခါးဘက်​ကိုလှည့်​ထိုင်​လို့​ပေါ့..
ပန်း​ရောင်​ဝမ်းဆက်​က​လေးနဲ့ခပ်​သုတ်​သုတ်​​လျှောက်​လာ​သော​ကောင်​မ​ လေးတစ်​​ယောက်​​သေချာပါသည်​ဝသုန်​ရှင်းသန့်​...။မျက်​နှာကဖြူဖက်​ဖြူ​ရော်​ နဲ့တစ်​ကိုယ်​လုံးလဲ​ရေ​တွေရွှဲလို့
"သမီးဝသုန်​ဘာဖြစ်​လာတာလဲ​နေမ​ကောင်းဘူးလားမိုး​တွေလည်းစိုလို့...ဟင်​ ..အသား​တွေလည်း​အေးစက်​​နေပါလားဖြူဖက်​ဖြူ​ရော်​နဲ့သမီးဒီ​နေ့နားလိုက်​​ နော်​"
"ဟုတ်​ကဲ့ဆရာမ"
အသံကလည်းတစ်​မျိုးအက်​ကွဲကွဲရှတတဖြစ်​​နေသည်
"သမီးအသံလည်းမ​ကောင်းပါလားအရမ်း​နေမ​ကောင်းဖြစ်​​နေလားဆရာမတစ်​​ယောက်​​ယောက်​ကိုလိုက်​ပို့ခိုင်းရမလား"
"ရတယ်​ဆရာမသမီးအ​ဖော်​ပါတယ်​ပြန်​​တော့မယ်​​နော်​"
"​အေးသမီးဂရုစိုက်​​နော်​"
ဒေါ်ချိုချိုသည်​ဝသုန်​ရှင်းသန့်​၏​နောက်​​ကြောကိုကြည့်​ရင်းထူး​ တော့ထူးပါတယ်​ဟု​ကောက်​ချက်​ချလိုက်​သည်​။သူမလည်းအချိန်​ဆွဲမ​နေ​ တော့ပဲအတန်းထဲသို့ဝင်​လိုက်​သည်​။ရုတ်​တရက်​​ဝေါခနဲရွာချလာ​လေမိုးကသဲသဲမည်းမည်းဆိုင်းမဆင့်​ဘုံမဆင့်​ပဲရွာချလိုက်​သည်
"ဪ...မိုးကလည်း​ကောင်​မ​လေး​တော့မိုးထပ်​မိပြန်​ပြီ"
သူမအတန်းထဲသို့ဝင်​လိုက်​​သောအခါပထမဆုံးသတိထားမိသည်​ကဝသုန်​ရှင်းသန့်၏အတန်းပင်​ဖြစ်​သည်​ဝသုန်​ရှင်းသန့်​ပင်​မဟုတ်​ဆုလဲ့​အောင်​ပါမလာ​ချေ။
"မင်္ဂလာပါဆရာမ.."
"​အေးကွယ်​မင်္ဂလာပါ..ဒါနဲ့ဆုလဲ့​အောင်​ဘာဖြစ်​တာလဲဒီ​နေ့မလာဘူးလားဝသုန်​က​တော့​နေမ​ကောင်းလို့ခုန​လေးတင်​ဆရာမပြန်​လွှတ်​လိုက်​တယ်​"
"ဆုလဲ့​အောင်​​နေ​ကောင်းပါတယ်​ဆရာမသား​တောင်
မြင်​လိုက်​​သေးတယ်​ဆရာမ"
"​အေး​အေးအ​ကြောင်းရှိလို့​နေမယ်​​အေး​အေးမ​နေ့ကဘယ်​​ရောက်​သွားပြီလဲ"
မင်းသန့်​စင်​၏​ဖြေရှင်းချက်​ကိုဆရာမ​ဒေါ်ချိုချိုမှာစာနဲ့အ​ကြောင်းပြကာ​ ကျောက်​သင်​ဘုန်းတွင်​စာ​ရေးမလို့လုပ်​​နေစဉ်​အခန်း​ရှေ့မှ​ခေါ်သံနှင့်အတူဆုလဲ့​အောင်​မျက်​နှာလည်းပျက်​​နေသည်​ငိုထားဟန်​တူသည်​။
"ဆရာမ...."
"ဟင်​...သမီးဘာဖြစ်​လာတာလဲ​ပြော​လေ"
သူမငိုရင်း​ပြောလိုက်​သည်
"ဆရာမဝသုန်​ရယ်​ကားတိုက်​လို့ဆုံးပြီဆရာမည​နေ၅နာရီခွဲ​လောက်​က"
ဒေါ်ချိုချို၏မျက်​နှာမှာအလွန်​အံ့​အောသွားပုံ​ပေါ်​နေသည်​အတန်းထဲရှိလူများမှာလည်း​တော်​​တော်​အံ့​အောတုန်​လှုပ်​​နေသည်​အထူးသဖြင့်​မင်းသန့်​စင်​နှင့်​​ဆောင်းနှင်းသူတို့ပင်​ဖြစ်​သည်​။
"သမီးရယ်​ဟုတ်​လို့လားခုန​လေးမှဆရာမနဲ့​တွေ့​သေးတယ်​​လေသမီးရယ့်​"
"သမီးလက်​ထဲမှာသူဆုံးသွားတာဆရာမခုသူ့အ​လောင်း​တောင်​ရင်​ခွဲရုံမှာအိမ်​​တောင်​မသယ်​ရ​သေးဘူးဆရာမ"
ဆရာမ​ဒေါ်ချိုချိုဘာ​ပြောရမှန်းပင်​မသိ​ပေအတန်းထဲရှိလူများမှာလည်းတစ်​​ယောက်​တစ်​​ပေါက်​နဲ့ဆူညံ​နေကြသည်​။
"ဒါဆိုခုမဆရာမဆီလာတယ့်​​ဝသုန်​က......"
ထိုစဉ်​ဖျက်​ခနဲပျက်​သွား​သောလျှပ်​စစ်​မီးနှင့်​အားခနဲ​အော်​သံ​မီးဖျက် ​ခနဲပြန်​လာ​သောအခါရိပ်​ခနဲအရိပ်​တစ်​ခုနဲ့ပုံလျက်​သားလဲကျ​နေ​သော​ဆောင်းနှင်းသူကို​တွေ့လိုက်​ရသည်​။ကျောင်းအပြင်​ဘက်​မှ​ကျောင်းထဲသို့လှမ်းကြည့်​​နေ​သောပန်း​ရောင်​ဝတ်​ဝမ်းဆက်​နဲ့​ကောင်​မ​လေးကိုမြင်​လိုက်​ရသည် ​။

No comments:

Post a Comment