***************ညကျောင်း(၅)**************
အရှေ့အရပ်ဆီမှနေမင်းကြီးသည်ရောင်နီပျို့အန်စပြုလာ
ပေသည်။ငှက်ကလေးများ၏တေးဆိုသံတို့သည်လောကကြီးကိုအလှတင်နေပေသည်
။ပျားပိတုန်းလေးများသည်လည်းဟိုဟိုဒီဒီပျံဝဲကာဝတ်ရည်များကိုကူးလူးယှက်
သန်းလျက်ရှိပေသည်။ထိုသို့မင်္ဂလာရှိသောနံနက်ခင်းတွင်ရင်ခွဲရုံ
ရှေ့မှလူတစ်စုအဖြေတစ်ခုခုကိုစောင့်ဆိုင်းနေကြသည်။ဝသုန်ရှင်းသန်
့၏အသုဘအခန်းအနားပင်ဖြစ်သည်။ဝသုန်ရှင်းသန့်၏အမေကိုသူ၏အ
ဖေမှာတွဲထား၏။အတော်ငိုထားသဖြင့်ဖြူဖပ်ဖြူရော်ဖြစ်နေသည်။ရင်ခွဲရုံ
ရှေ့တွင်စောင့်ဆိုင်းနေကြသူများထဲတွင်ဆရာမဒေါ်ချိုချိုလည်းရှိ
နေသည်။လက်ထဲတွင်စာရွက်တစ်ရွက်ကိုကိုင်လို့အမိန့်ပြန်စာပင်ဖြစ်
သည်။ရင်ခွဲရုံ၏တံခါးဖွင့်သံကိုကြားလိုက်ရသောအခါလူအများမှာအားလုံးလှုပ်
လူပ်ရွရွဖြစ်ကုန်ကြသည်။ငိုသံများလည်းထွက်ပေါ်လာသည်။အခေါင်းကိုကား
ပေါ်မတင်ခင်တွင်ဒေါ်ချိုချိုသည်သူမ၏အမိန့်ပြန်စာကိုအခေါင်းပေါ်တင်
ပေးလိုက်သည်။ဝသုန်ရှင်းသန့်၏နာရေးမှာသိပ်စည်ကားလှသည်မဟုတ်
ပေ။အသုဘကားကအလယ်ကသွားသည်။ဆောင်းနှင်းသူ၏ဆေးရုံအဆောင်ရှေ့တွင်
ကားမှာတုန့်ခနဲရပ်တန့်သွားသည်။
"ဟာဘာဖြစ်တာလဲကားကလည်းကွာ"
အသုကပို့သောသူများမှာခပ်လန့်လန့်ဖြစ်သွားသည်။ကားမှာအကြောင်းမဲ့ရပ် စရာမရှိပေ။ကားသမားများလည်းဆင်း၍ကြည့်ကြသည်။ကားမှာဘာမှမဖြစ်သို့သော် စက်မှာလုံးဝနှိုးမရတော့ပေ။
"သေချာကြည့်ပါဦးဟဘာဖြစ်တာလဲကွာအသုဘရှင်တွေကိုအားနာဖို့ကောင်းပြီကွ"
ကားမှာဘယ်လိုနှိုးနှိုးမရပေ။ထိုစဉ်ဆေးရုံအဆောင်အပေါ်ထက်မှအော်သံတစ် ခုထွက်လာသည်။ကားမှာလည်းစက်နိုးသွားသည်။ပုံမှန်အတိုင်းဆက်ပြီးထွက် ခွာလာခဲ့သည်။လူအများသတိမထားမိသည်ကစာရွက်
ဖြူလေးတစ်ရွက်မှာလေထဲမှာလွင့်၍ကျကျန်ခဲ့သည်။
စာရွက်ကလေးမှာလေလွင့်၍လမ်းပေါ်သို့ပြန့်ခနဲကြသွားသည်။စာရွက်ကလေးမှာရေးထားတာကအမိန့်ပြန်
ကြားခြင်းဆိုသောစာကြောင်းလေးဖြစ်သည်။
~~~~~~~~~~~~~~~~
ဆောင်းနှင်းသူတစ်ယောက်လည်းဝသုန်ရှင်းသန့်၏နှောက်ယှက်ခြင်းကိုခံနေရသဖြင့်ဆေးရုံတွင်မနေရဲတော့သဖြင့်ဆေးရုံအမြန်ဆင်းပြေး တော့သည်။သူမ၏အမေမှာလည်းအနှောက်အယှက်ကင်းအောင်သိမ်ဝင် ပုတီးကိုအမြဲလည်ပင်းတွင်ဆွဲထားပေးသဖြင့်ခုရက်ပိုင်းအနှောက်အယှက် ကင်းဝေးနေသည်။သူမလည်းလူကြီးတွေနားသာနေသည်အပြင်လည်းမထွက်ပေထို့ ကြောင့်သူမအဖေနှင့်အမေသည်ကျောင်းပြန်တက်စေသည်။ဆောင်းနှင်းသူလည်းမငြင်းသာ၍ကျောင်းပြန်တက်ရသည်။
အ.ထ.က(၃)ကျောင်းကလေးသည်အရင်လိုတည်ငြိမ်စွာပင်ရှိကြသည်။ဆောင်းနှင်းသူဆုံးတာဒီနေ့ရက်လည်နေ့ပင်ဖြစ်သည်။ကျောင်းမှာလည်းပရိတ် တွေရွက်အိမ်မှာလည်းပရိတ်ရွက်ကာဝသုန်ရှင်းသန့်ကိုအမျှအတန်းပေး ဝေကြသည်။သို့သော်...
"ဟဲ့ကျောင်းမှာညပိုင်းဆိုကျောင်းမှာသရဲခြောက်တယ်တယ့်ကျောင်းစောင့်ဦးလေးကြီးကပြောတယ်"
"ဟယ်...ဟုတ်လားဝသုန်ရှင်းသန့်နဲ့တူတယ်နော်"
"လျှောက်မပြောနဲ့နော်နင့်ကိုလာခြောက်လိမ့်မယ်"
"အမလေးနင်နော်"
ကျောင်းသားတွေ၏ပါးစပ်ဖျားတွင်တကယ်သရဲခြောက်သည်ဟူ သောစကားများမှာပျံ့လွင့်နေသည်ဝသုန်ရှင်းသန့်မှာမကျွတ်မလွတ်ဘဝနှင့် ကျောင်းကိုလာနေကြောင်းအစရှိသည်များကိုပြော၍မဆုံးနိုင် ပေ။ထိုအရာများကိုမယုံသောကျောင်းသားတစ်စုရှိကြသည်။သူတို့အဖွဲ့နှင့်တစ် ခြားကျောင်းသားအဖွဲ့များအငြင်းအခုန်
ဖြစ်ကြသည်။
"ဟေ့ကောင်တွေမင်းတို့ပြောနေတာတွေဘာမှအဓိပ္ပါယ်မရှိဘူးသရဲဆိုတာမရှိဘူးကွမယုံဘူးကွာ"
"မရှိဘူးလို့ဘယ်သူပြောနိုင်မလဲကွခြောက်ခံရတယ့်သူတွေအများကြီးကွ"
"မယုံဘူးကွသရဲဘောကြောင်တယ့်အလုပ်တွေပါကွာ
ဟားဟားဟား...."
"မင်းကအဲလောက်တောင်ဖြစ်နေတာမင်းသွားရဲလားညပိုင်းငါတို့အဆောင်ကိုပဲပတ်ကွာ"
"ရတယ်လေမင်းတို့ဘာကြေးလဲပြော"
"မင်းပတ်ခဲ့တာကိုvideoရိုက်ထားအဲတာကိုငါတို့အဖွဲ့ကကြည့်မယ်မင်းတို့အဖွဲ့ပတ်လို့ရရင်ငါတို့မင်းတို့ကိုအဝတစ်ဝိုင်းပေးမယ်ဟုတ် ပြီလား"
"အေးမင်းယောကျာ်းကတိနော်"
"ကတိကွာဟေ့ကောင်မင်းသာလုပ်လိုက်"
"ကောင်းပြီလေဒီနေ့ညကျောင်းပြီးရင်ငါတို့အိမ်မပြန်ပဲ
ငါတို့ပတ်မယ်"
သူတို့အလောင်းအစားကိုသဘောတူလိုက်ကြသည်။
~~~~~~~~~~~~~~~~~~~~~~~~~~
အချိန်ကားညကိုးနာရီခန့်သိပ်မိုးမချုပ်သော်လည်းကျယ်ဝန်းလှသော ကျောင်းဝန်းနှင့်မီးရောင်သိပ်သောအမှောင်ထုကညသန်းခေါင်ယံအလားမဲ မှောင်နေလှပေသည်။တစ်ခါတစ်ရံသစ်ပင်ပေါ်မှဖျက်ခနဲထပျံသွားသောအ ကောင်များကသရဲတစ်ကောင်လိုချောက်လန့်နေသည်။တစ်ချက်တစ်ချက် မှတိုက်ခက်သွားသောလေ
များကဝိညာဉ်တစ်ကောင်တိုးဝှေ့သွားသလိုခံစားနေရသည်။
"ဟေ့ကောင်တွေမကြောက်ကြနဲ့နော်ခဏလေးနဲ့တစ်ဝိုင်းဖူလုံမှာ"
"အေးပါကွာမြန်မြန်တော့လုပ်ကြမယ်ကွာစိတ်ထဲလေးနေလို့ကွ"
"အေးပါကွာမင်းကလဲ..ဖုန်းပေးဟေ့ကောင်"
"အေးရော့"
ဖုန်းကင်မရာကိုဖွင့်လိုက်သည်ဖလက်မီးကာအသင့်ဖွင့်ထားသည်။သူတို့အ ဆောင်၏အောက်ကိုစတင်လျှောက်သွားတော့သည်။သူတို့လျှောက်နေစဉ် ရှေ့မှဝုန်းခနဲဖြတ်ပြေးသွားသလိုအရိပ်ကြီးတစ်ခု..
"ဟာ...ဟေ့ကောင်ဘာကြီးလဲဟပြန်ရအောင်ကွာစိတ်မသန့်တော့ဘူးကွာ"
"ဟာကွာအကောင်တစ်ကောင်နေမှာပါမင်းကလဲ"
သူတို့ရှေ့ကိုဆက်လျှောက်ကြသည်။အောက်ထပ်ကော်ရစ်တာပြီးသောအခါအ ပေါ်ထပ်သို့တက်လိုက်သည်မှောင်နေသဖြင့်ရှေ့သို့ပင်ကောင်းကောင်းမမြင်ရပဲ
ဖြစ်နေသည်။ကော်ရစ်တာဆုံးခါနီးရှေ့သို့ဆက်လျှောက်ရာတွင်ရယ်သံတစ်ခုကြားလိုက်ရသည်။
"ဟား...ဟာ...ဟား..."
"ဟာဘာလဲဟ"

ဖုန်းဖလက်မီးနှင့်ထိုးကြည့်ရာတွင်ပန်းရောင်ဝမ်းဆက်နှင့်သူတို့ကိုပြုံးပြနေသောမျက်နှာကြီးဝသုန်ရှင်းသန့်
"အား...သရဲ "
ငယ်သံပါအောင်အော်၍ပြေးကြသည်အလာကခဏလာသောကော်ရစ်တာကခုတော်တော် ရှည်သလိုခံစားနေရသည်။အနောက်မှလည်းလိုက်လာနေသည်ရယ်သံကြီးကဟိန်းလို့ရှေ့တွင်ဘာမှန်းမသိပဲအရှိန်လွန်ကာကော်ရစ်တာအဆုံးမှအောက် သို့ကျသွား၏။ကျန်နှစ်ယောင်မှာခြေဦးတည့်ရာပြေးကြသည်။ကျောင်း စောင့်မှာလည်းဝုန်းဝုန်းဒိုင်းဒိုင်းအသံများကြောင့်လာကြည့်ရာ မြေပြင်ပေါ်တွင်ပက်လက်အနေအထားနှင့်ကျောင်းသားတစ်ယောက်အသက်မရှိ တော့ပေဘေးနားမှာကင်မရာမီးကအဖွေးသားဝရံတာပေါ်ကိုဓာတ်မီးဖြင့်ထိုး
ကြည့်လိုက်သောအခါအောက်သို့ကြည့်နေသောမျက်နှာဖြူကြီးကိုတွေ့လိုက်ရသည်။

No comments:
Post a Comment