Wednesday, April 20, 2016

**************ည​ကျောင်း(၇)****************
မင်းသန့်​စင်​မှာဘုရားခန်းထဲတွင်​အပြင်​မထွက်​ရဲပဲထိုင်​​နေသည်​။ဖုန်းကိုလည်းပါဝါပိတ်​ကာခပ်​​ဝေး​ဝေးတွင်​ထားလိုက်​သည်​။စိတ်​ထဲမှာလည်း​တောင်းပန်​ချင်​စိတ်​က
ဖြစ်​​နေသည်​။သူမှားခဲ့​တော့သူ့အပြစ်​ကလည်းကြီး​ပေါ့
ထိုစဉ်​ဘုရားခန်းတံခါးကိုတစ်​​ယောက်​​ယောက်​ကလာ​ခေါက်​သည်​။
"​ဒေါက်​....​ဒေါက်​.....​ဒေါက်​....."
အလိုလိုမှမလုံမလဲဖြစ်​​နေသူတစ်​​ယောက်ဖြစ်​သဖြင့်​ပိုမို၍​ကြောက်​လန့်​သွားသည်​။သူမရဲတစ်​ရဲနှင့်​.....
"ဘယ်​သူလဲ"
"​မေ​မေပါသား"
"ဪအ​မေလား"
သူသက်​ပြင်းချလိုက်​ကာအခန်းတံခါးကိုသွားဖွင့်​​ပေးလိုက်​သည်​။
"သားဘာလုပ်​​နေတာလဲဘုရားခန်းကကိုမထွက်​လို့လာကြည့်​တာ"
"သား​ကြောက်​တယ်​အ​မေဒီ​နေ့​ကျောင်းမှာဝသုန်​ရှင်းသန့်​ကဝင်​ပူးပြီးသားကိုသက်​မယ်​လို့​ပြောတယ်​"
"အမ​လေး..ဘုရား​ရေ​လောကကြီးဘာ​တွေဖြစ်​ကုန်​ပြီလဲမသိ​တော့ဘူး"
"အဲတာ​ကြောင့်​သား​ကြောက်​တယ်​​ပြောတာပါအ​မေ"
"လာသားမ​ကြောက်​နဲ့အ​မေတို့ရှိတယ်​အ​မေ့အခန်းထဲလာအိပ်​"
မင်းသန့်​စင်​လည်းသူ့အ​မေ၏​ခေါ်ရာ​နောက်​လို့လိုက်​လာခဲ့သည်​။
"အ​မေ...အ​ဖေကဘယ်​သွားလဲ"
သူ့အ​မေမှာဘာမှမ​ပြော​ချေဒီတိုင်းတိတ်​ဆိတ်​လို့သူလဲသူ့အ​မေမကြားလို့​ နေမှာပါဆိုပြီးသူ့ကို​နောက်​​ကျော​ပေးထိုင်​​နေ​သောသူ့အ​မေကိုသွားကိုင်​ ကာထပ်​​မေးလိုက်​သည်​။
"အ​မေ..အ​ဖေဘယ်​သွားလဲလို့"
ဆက်​ခနဲသူ့အ​မေကသူ့လက်​ကိုပြန်​ကိုင်​လိုက်​သည်​လက်​က​အေးတိ​အေးစက်​ကြီး​ နောက်​ပြီးသူ့ဘက်​ကိုလှည့်​လိုက်​​သောအခါမင်းသန့်​စင်​မှာ​အလွန်​ပင်​​ ကြောက်​လန့်​သွား၏။မျက်​ဖြူကြီးလန်​​နေ​သောသူ့အ​မေသူ့ကိုသူစိမ်းတစ်​​ယောက် ​လိုအပြုအမူနဲ့...
"ဟားဟားဟားငါ့ကိုမှတ်​မိ​သေးလား"
"နင်​မလာနဲ့ဝသုန်​ရှင်းသန့်​ငါ​တောင်းပန်​ပါတယ်​"
"​တောင်းပန်​တယ်​ဟုတ်​လားငါလဲနင့်​ကိုသက်​​တော့မှာ​တောင်းပန်​ပါတယ်​​နော်​ဟားဟားဟား"
သူ့အ​မေမှာလက်​နှစ်​ဖက်​ကို​ရှေ့ကိုတန်းလိုက်​ပြီးသူ၏လည်​ပင်းကိုဖစ်​လိုက်​သည်​။မင်းသန့်​စင်​မှာ​ကြောက်​အားလန့်​အားဖြင့်
"လွတ်​​နော်​မလုပ်​နဲ့လွတ်​...အား.....ကယ်​ပါဦး"
သူမ၏သန်​မာလှ​သောလက်​ကြီးက​အတင်းဖစ်​ထားသဖြင့်​သူလည်းရုံးမထွက်​နိုင်​​ အောင်​ဖြစ်​​နေသည်​။အသက်​ရူကလည်းအရမ်းကျပ်​လာသဖြင့်​လှုပ်​ပင်​မလှုပ်​နိုင် ​​တော့​ပေ။သူ၏အ​ဖေမှာအပြင်​သွားရာက​နေပြန်​လာ​သောအခါထိုမြင်​ကွင်း​ကြောင့်အတင်း​ပြေးဆွဲသည်​။
"မိန်းမဘာဖြစ်​​နေတာလဲလွတ်​လိုက်​အဲတာနင့်​သား​လေ"
သူ့အ​ဖေကလည်းအရမ်းဆွဲသူ့အ​မေကလည်းသတိပြန်​ဝင်​လာသည်​။
"ဟင်​ကျွန်​မဘာဖြစ်​​သွားတာလဲဟင်​"
"မင်းဘာဖြစ်​လဲမသိဘူးလားသားသား​ခေါ်လို့လည်းမရ​တော့ဘူး"
"သား​လေးဘာဖြစ်​သွားတာလဲမသိဘူးသား​လေးသားမင်းသန့်​စင်​သား"
မင်းသန့်​စင်​မှာအသက်​ရှုအရမ်းကြပ်​သွားသဖြင့်​သတိ​မေ့သွားသည်​။သူ့အ​မေမှာလည်းသူ့ကိုယ်​ကိုဘာဖြစ်​မှန်းမသိပဲဖြစ်​​နေသည်​။
~~~~~~~~~~~~~~~~~~~~~~~~~~~
လောကကြီး၏​ပြောင်းလဲမှုကံကြမ္မာမှာမြန်​ဆန်​လှ​ပေသည်​။ဝသုန်​ရှင်းသန့်​မှာ ​သေဆုံးသွား၏။နောက်​​ကျောင်းကက​လေးတစ်​​ယောက်​ဝသုန်​ရှင်းသန့်​သည်​တကယ်​ ပင်​မကျွတ်​မလွတ်​တာလားတိုက်​ဆိုက်​မှု​ကြောင့်​​ပေလားသို့​လောသို့​လောနှင့်​ဒေါ်ချိုချိုမှာစဉ်းစားခန်းဖွင့်​​နေသည်​။သူမသတိရသွားသည်​။
"ဟုတ်​သားပဲsd cardရှိ​သေးတာပဲငါဖွင့်​ကြည့်​မှ"
ဒေါ်ချိုချိုသည်​computer​ရှေ့တွင်​ထိုင်​လိုက်​ကာသူမcard readerနှင့်​တွဲ၍sd cardထဲကvideo
ဖိုင်​ကိုလိုက်​ရှာလိုက်​သည်​။သူမ​တွေ့သွား​သောအခါဖွင့်​ကြည့်​လိုက်​သည်​ ။ပထမ​တော့ဘာမှမထူးခြား​ပေvideoမှာပုံမှန်​ပင်​ဖြစ်​သည်​။သူတို့အ​ပေါ်တက်​၍​ ကော်​ရစ်​တာဆုံးခါနီးတွင်​ရပ်​လိုက်​ပြီး​အော်​၍ထွက်​​ပြေးကြသည်​ ။သူမအဲဒီအပိုင်းကိုslowလုပ်​၍ကြည့်​လိုက်​သည်​။
သူမပါးစပ်​အ​ဟောင်းသားနဲ့အံ့ဩသွားသည်​။အဖြူအရိပ်​ကြီးသူတို့​ ရှေ့မှာသူမvideoကိုရပ်​ထား၍ထိုအဖြူအရိပ်​ကြီးကိုzoomဆွဲကြည့်​လိုက်​​ သောအခါလူပုံသဏ္ဍန်​ဆံပင်​ပုံစံမှာဂုတ်​ဝဲ​လေးပါးစပ်​က​ယောင်​ထွက်​သွားသည်​။
"ဝသုန်​ရှင်းသန့်​"
သူမအစကက​လေး​တွေ​ပြော​နေကြတယ့်​သရဲ​ခြောက်​တာကိုမယုံ​ပေခုမှသူမလက်​​တွေ့ကြမှယုံ​တော့သည်​။
"ဝသုန်​ရယ်​နင်​မိုက်​လှပါလားလူ​တောင်​သက်​​နေပြီ​ပေါ့​နော်​သမီးရယ်​နင်​အစကအဲလိုမဟုတ်​ပါဘူးဘာဖြစ်​တာလဲ"
ဘေးနားမှသူမတင်​ထား​သော​ရေခွက်​မှာအ​ကြောင်းမဲ့
ကြကွဲသွားသည်​။သူမသတိထားမိလိုက်​သည်​။
"သမီးဝသုန်​ဆရာမနားမှာရှိ​နေတာလား"
တင်​ထား​သောစာအုပ်​ပါပြုတ်​ကျသွားသည်​။
"သမီးလုပ်​ရက်​​တွေမှား​နေတယ်​​နော်​သမီးဆရာမအမျှ​ဝေမယ်​​နော်​သမီးသာဓု​ခေါ်​နော်​"
ဒေါ်ချိုချိုထိုသို့​ပြောလိုက်​​သောအခါသူမ၏အခန်းတွင်​ပိတ်​ထား​ သောတံခါးမှာဝုန်းခနဲပွင့်​ထွက်​သွားသည်​။ဒေါ်ချိုချိုလည်းပွင့်​ထွက်​သွား ​သောတံခါး​ပေါက်​မှကြည့်​လိုက်​​သောအခါပန်း​ရောင်​ဝမ်းဆက်​နဲ့​ကောင်​မ​ လေးသူမကိုသူစိမ်းတစ်​​ယောက်​အကြည့်​နဲ့ကြည့်​လို့​နောက်​တစ်​ဖြည်းဖြည်း​ ပျောက်​ကွယ်​သွားသည်​။
"ဟူး....ဒုက္ခ​တွေ​ရောက်​​တော့မယ်​မနက်​ကြရင်​ပရိတ်​ရွတ်​ဖို့တိုင်​ပင်​မှ"
သူမလည်းဘုရားရှိခိုး၍ဝသုန်​ရှင်းသန့်​ကိုရည်​စူးကာအမျှ​ဝေလိုက်​သည်​ ။သူရသည်​မရသည်​​တော့မသိ​ပေရပါ​စေလို့သူမဆု​တောင်းမိသည်​။မဟူရာအလား​မှောင်​ မဲလှ​သောညကို​ကျော်​ဖျက်​ရ​ပေဦး​တော့မည်​။
အပိုင်း၈ဆက်​ရန်​.........

No comments:

Post a Comment